Leave a comment

ပထမအကြိမ်နှင့် ဒုတိယအကြိမ် လွှတ်တော် ကိုယ်စား လှယ် များအား ဂုဏ်ပြုကြိုဆိုသည့် နေ့လည်စာ စားပွဲ

image

ပထမအကြိမ်နှင့် ဒုတိယအကြိမ် လွှတ်တော် ကိုယ်စား လှယ် များအား ဂုဏ်ပြုကြိုဆိုသည့် နေ့လည်စာ စားပွဲ အခမ်းအနား ကျင်းပခြင်း

နေပြည်တော် ဇန်န၀ါရီ ၂၉

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ် မြောက် ပုံမှန်အစည်းအဝေး (၄၁)ရက်မြောက် အစည်းအဝေးပြီးနောက် မွန်းတည့်(၁၂)နာရီတွင် လွှတ်တော် အဆောက် အဦ ထမင်းစားခန်းမဆောင်ကြီး၌ ပထမအကြိမ်နှင့် ဒုတိယအကြိမ် လွှတ်တော်ကိုယ်စား လှယ်များအား ဂုဏ်ပြုကြိုဆိုသည့် နေ့လယ်စာစားပွဲ အခမ်းအနား ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် ခဲ့ပြီး ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက၊ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ ၂၀၁၅ ခုနှစ် လွှတ်တော် အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီများမှ တာဝန်ရှိသူများ၊ ပထမအကြိမ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒုတိယအကြိမ် လွှတ်တော် သက်တမ်း အတွက် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး မှ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြ သည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့က အမှာစကား ပြောကြားကြသည်။

ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တို့သည် တက်ရောက်လာကြ သူများ နှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို သုံးဆောင်ကြသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: