Leave a comment

ဖယ်ဒရယ်ကိစ္စ နှင့် ဒေါ်အောင်ဆန်းစုကြည် ၏ ပြောစကား

image

မေး။  ။ ငြိမ်းချမ်းရေး ဆိုတာ ပြည်ထောင်စုကနေ ခွဲထွက်တယ်ဆိုတာ မှန်သလား

စု။  ။ ဖယ်ဒရယ်ဆိုတာဟာ ဖယ်ဒရယ်နိင်ငံတွေ ဆိုတာ အမျိုးမျိုးရှိပါတယ် ဖယ်ဒရယ်နိင့်ငံ အမျိုးမျိုးရှိတဲ့ နေရာမှာဆိုရင် ဖယ်ဒရယ်ဆိုတဲ့ အဓိပ္ပါယ်ကတော့ ခွဲထွက်ရမယ်ဆိုတဲ့ အဓိပ္ဗါယ်လည်း မပါပါဘူး ခွဲမထွက်ရဘူးဆိုတဲ့ အဓိပ္ပါယ်လည်း မပါပါဘူး

ခွဲထွက်တာ ခွဲမထွက်တာပေါ်မှာ မူတည်ပြီးတော့ ဖယ်ဒရယ်လို ခေါ်တာ မဟုတ်ပါဘူး ဖယ်ဒရယ်နိင်ငံဟာ ပြည်ထောင်စုပေါ့ ဖယ်ဒရယ်နိင်ငံများမှ ပြည်ထောင်စု ရဲ့ အစိတ်အပိုင်းများနဲ ဗဟို အစိုးရဲ့ ကြားမှာ အာဏာ လုပ်ပိုင်ခွင့်တွေကို ခွဲယူပုံခွဲယူနည်းတွေပေါ်မှာ မူတည်ပြီးတော့ ဖယ်ဒရယ်ရယ် လို့ခေါ်တာ ဖြစ်ပါတယ်

အဲဒီတော့ ဒီဟာကို ကျွန်မတို့ နားလည်မူ မလွှဲစေချင်ဘူး တချို့က ဖယ်ဒရယ်ဆိုတာ  ခွဲထွက်ဖို့ ခွင့်ပေးထားတဲ့ မူ။ ခွဲထွက်ရမယ်မူ ။  ဒီလို ထင်ပါတယ် ဒါတွေနဲ ဘာမှ မဆိုင်ဘူး

ဖယ်ဒရယ်မဟုတ်ပဲနဲလည်း ခွဲထွက်ပိုင်ခွင့်ဆိုပြီး လုပ်ထား တဲ့ နိင်ငံလည်း ရှိတာပဲ ဖယ်ဒရယ်ဆိုပြီးတော့ ခွဲထွက်ပိုင် ခွင့်မရှိတဲ့ နိင်ငံလည်း ရှိပါတယ်

အဓိကအားဖြင့်တော့ ဗဟိုအစိုးရ နဲ ပြည်နယ်အစိုးရပဲ ဆိုလိုပေါ့လေ ပြည်ထောင်စုအတွင်းက အခြားအစိတ် အပိုင်း အစိုးရတွေနဲ ကြားထဲမှာ ဘယ်လိုနားလည်မူ ရှိသလဲ
ဘယ်လောက်ပြည်နယ်တွေကို အာဏာလုပ်ပိုင်ခွင့် ပေးထား သလဲ ဒါတွေအပေါ်မှာ မူတည်ပြီးလား နိင်ငံတစ်နိင်ငံဟာ ဖယ်ဒရယ်နိင်ငံလား ဗဟိုဦးစီး ဗဟိုအစိုးရကနေပြီး ချုပ်ကိုင်တဲ့ နိင်ငံလားဆိုတာ ဆုံးဖြတ်တာ ဖြစ်ပါတယ်

ကျမတို ပြည်ထောင်စု တိုင်းရင်းသား ညီအကို မောင်နှမများဟာ တန်းတူုညီတူ အခွင့်အရေးကို လိုချင်တယ်လို ပြောပါတယ် ဒါလည်း ကျမတို့ နားလည်ပါတယ် ကျမတို အားလုံးဟာ တန်းတူ အခွင့်အရေးတွေ လိုချင်တာပဲ ။

စောစောက ကျမပြောခဲ့ပြီးပြီးပဲ ကျမတို့ဗမာ အချင်းချင်း ကြားမှာလည်း ကျမတို တန်းတူအခွင့်အရေးတွေ လိုချင်တာပဲ ဒီလို ကျမတို့ရဲ့ တိုင်းရင်းသား ညီအကို မောင်နှမ များဟာ တန်းတူညီတူ အခွင့်အရေးကို လိုချင်တယ်ဆိုတာ ဘာမှာလည်း မထူးဆန်းပါဘူး သဘာဝလည်း ကျပါတယ် ကျမတိုဟာ ကိုယ်ချင်းစာ တရားကို အခြေခံပြီးတော့ အလုပ်လုပ်ရမှာပါ ကိုယ်က တန်းတူညီတူ အခွင့်အရေး လိုချင်ရင် တခြားလူကိုလည်း တန်းတူညီတူ အခွင့်အရေးပေးရမယ့်ဆိုတာ ကျမတို့ လက်ခံရမှာ ဖြစ်ပါတယ်

ဒေါ်အောင်ဆန်းစုကြည်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: