Leave a comment

အစ္စလာမ်ကြောက်ရောဂါပြန့်နှံ့လာမှုနဲ့ပတ်သက်ပြီး အမေရိကန် ၀ါရင့်စစ်မှု ထမ်းဟောင်းရဲ့ မေးခွန်းကို ဟီလာရီ တုံ့ပြန်

ဇန်န၀ါရီ ၂၇။

အမေရိကန်ပြည်ထောင်စုမှာ ပြန့်နှံ့နေတဲ့ အစ္စလာမ်ကြောက်ရောဂါနဲ့ ပတ်သက်ပြီး ၀ါရင့်စစ်ပြန်တစ်ဦးရဲ့ စိုးရိမ်မှုကို ဟီလာရီကလင်တန်က ရဲရဲတောက် ပြန်လည်ဖြေကြားခဲ့ပါတယ်။

အိုင်အိုဝါပြည်နယ်မှာရှိတဲ့ ဒီမိုကရက်တစ်သမ္မတဆိုင်ရာ မြို့တော်ခန်းမမှာ ဇန်န၀ါရီ ၂၅ ရက်နေ့ညက ကျင်းပ ခဲ့တဲ့ ဟောပြောပွဲမှာ လေတပ်စစ်ပြန် အီရွန်တာရစ်မူနီးရ်က အမေရိကန်ပြည်ထောင်စုမှာ မကြာသေးခင်က မွတ်စလင်တွေတိုက်ခိုက်ခံရမှု မြင့်တက်လာတာနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန် ကို မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

“ကလေး ၃ ယောက်ရဲ့ မိခင်အနေနဲ့ရော၊ အမေရိကန်မွတ်စလင်တစ်ဦးအနေနဲ့ပါ ကျမတို့မိသားစုအတွက် ဒီနိုင်ငံမှာ ကမ္ဘာ့အကောင်းဆုံးနေရာအဖြစ် ဘယ်လိုရှင်သန်ရပ်တည်ရပါမလဲရှင်” လို့ စစ်ပြန် တာရစ်မူနီးရ်က မေးမြန်းပါတယ်။

ဟီလာရီက မွတ်စလင်မုန်းတီးရေးစကားလုံးတွေနဲ့ မဲဆွယ်အသုံးချနေတဲ့ ရီပက်ဗလေကန် သမ္မတလောင်းတွေ ကို ပြင်းပြင်းထန်ထန်ထိုးနှက်လိုက်ပါတယ်။

“ရီပက်ဗလေကန်ကိုယ်စားလှယ်လောင်းတွေထဲ အထူးသဖြင့် သူတို့ရဲ့ ရှေ့ပြေးပုဂ္ဂိုလ်ရဲ့ မဲဆွယ်ပွဲတွေမှာ စိတ်အနှောက် အယှက်ဖြစ်စရာ စကားတွေက မတူညီတဲ့ လူ့အသိုင်းအ၀ိုင်းကို နှိမ်တဲ့၊ သိက္ခာချတဲ့၊ စော်ကားမော်ကားပြုတဲ့ စကားတွေဖြစ်နေ ပါတယ်၊၊
မွတ်စလင်တွေနဲ့ပတ်သက်ပြီး သူတို့ပြောတဲ့စကားတွေက ထိခိုက်မှုရှိနေတယ်ဆိုတာ ကျမ တွေ့ရပါတယ်”

“ဒါဟာ ကျမတို့ရဲ့ တန်ဖိုးစံနှုန်းတွေကို နာကျင်အရှက်ရစေရုံတင်မကဘူး အန္တရာယ်ပေးတဲ့အဆင့်ရောက်နေပါပြီ၊ ဒီလိုပုံစံနဲ့တော့ သင့်မြတ်ရေးမရနိုင်ပါဘူး” လို့ ဟီလာရီက ပြန်လည်တုံ့ပြန်ပါတယ်။

ပြီးခဲ့တဲ့လက ရီပက်ဗလေကန်ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့်ဟာ နိုင်ငံသားရော ပြည်ပက မွတ်စလင်တွေပါ အမေရိကန်ကို ၀င်ခွင့်မပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

Source : Huffpost
ဘာသာပြန် – စိုင်ဖုလ္လာဟ်(Myanmar Muslim Media)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: