Leave a comment

ဘက်တီမိုးဗလီကို ပထမဆုံးအကြိမ် လည်ပတ်ပြီး မွတ်စလင်လူထုနှင့် အိုဘားမားတွေ့မည်

image

ဇန်န၀ါရီ ၃၁။

သမ္မတအိုးဘားမားဟာ သူ့ရဲ့သမ္မတသက်တမ်း ကာလ အတွင်း ပထမဆုံးအကြိမ် ဘက်တီမိုးမှာရှိတဲ့ အမေရိကန် ဗလီတစ်ခုကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ သွားရောက် လည်ပတ်မှာဖြစ်ပြီး အဲဒီက မွတ်စလင် အဖွဲ့အစည်းဝင် တွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

အစွန်းရောက်အဖွဲ့တွေကြောင့် အကြမ်းဖက်လုပ်ဆောင် မှုတွေကို ကြောက်ရွံမှုတိုးပွားနေတယ်လို့ လူထုက မွတ်စလင်အဖွဲ့အစည်းတွေကို အဲဒီလိုသဘော ထားမြင် နေတဲ့အချိန်မှာ အိုးဘားမားရဲ့လည်ပတ်မှုက မွတ်စလင် တွေအတွက်အတိုင်းအဆမရှိ ကြိုဆိုမှုဖြစ်စေ ပါတယ်။

အိုဘားမားဟာ ဟာဝိုင်အီမှာမွေးခဲ့တဲ့ အမေရိကန်နိုင်ငံ သားတစ်ယောက်ဖြစ်ပြီး သူ့မွေးစာရင်းက သက်သေ အဖြစ်ရှိပါတယ်။ သူက ခရစ်ယာန်တစ်ယောက် လည်းဖြစ်ပါတယ်။ ဒါပေမယ့်အမေရိကန်တစ်ချို့က အဲဒါတွေကတစ်ခုမှ အမှန်မဟုတ်ဘူးလို့ ယုံကြည်နေ တုန်းပါပဲ။

“ကျွန်တော်တို့နိုင်ငံရဲ့ဘ၀နေထိုင်မှုပုံစံအတိုင်း ဘာသာ ရေး လွတ်လပ်ခွင့်ကို ထပ်လောင်းအတည်ပြုဖို့နဲ့ ကျွန်တော်တို့နိုင်ငံကို ဂုဏ်ယူရစေတဲ့အမေရိကန် မွတ်စလင်တွေကို ဂုဏ်ပြုဖို့အတွက် အိုဘားမားက ဘက်တီမိုးဗလီကို သွားမှာဖြစ်တယ်”လို့ အိမ်ဖြူတော်က ပြောဆိုပါတယ်။

ဗလီမှာ အိုဘားမားပြောကြားမှာတွေကတော့ “ကျွန်တော် တို့ ရဲ့အစစ်အမှန်တန်ဖိုးရဲ့အရေးပါတာကို ထပ်လောင်း ပြောဖို့နဲ့ ကျွန်တော်တို့ရဲ့ အမေရိကန်ညီအစ်ကိုတွေ ကိုကြိုဆိုပြီး မတူညီတဲ့ခြားနားခြင်းတွေကို ခွဲခြားတာ မျိုးကို ဆန့်ကျင်ဖို့နဲ့ ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်အစဉ်အလာကို ကာကွယ်ဖို့ဖြစ်တယ်”လို့ အိမ်ဖြူတော်ကပြောဆိုထားပါတယ်။

အစွန်းရောက်အဖွဲ့တွေနဲ့ ဆက်နွယ်နေတဲ့အကြမ်း ဖက်ဝါဒကို ကြောက်ရွံပြီး မွတ်စလင်တွေကို အမေရိကန် ထဲ ၀င်ရောက်တာကို ပိတ်ပင်ဖို့ပြောဆိုတဲ့ ရီပက်ပလစ် အမတ်ဒေါ်နယ်ထရန့်နဲ့ တစ်ခြားသူတွေကို အိုဘားမားက ဆန့်ကျင်ပြောဆိုခဲ့ပါတယ်။

ISအဖွဲ့လှုပ်ရှားမှုရှိတဲ့ အီရတ်နဲ့ဆီးရီးယားကနေ အကြမ်း ဖက်ဝါဒက ကမ္ဘာတစ်ဝန်းက တစ်ခြားနေရာ တွေကိုပါ ရောက်ရှိတာမျိုးဖြစ်နိုင်တဲ့အတွက် ဒုက္ခသည်တွေကိုပြန် လည်နေရာချထားတာကို လုံခြုံရေးအခြေအနေအရ ကန့်သတ်ချက်ဥပဒေတင်သွင်းတာကို တစ်ခြားသူတွေ ကသာဓကပြပြောဆိုပါတယ်။

“ဒီလိုကြိုးပမ်းအားထုတ်မှုတွေဟာ မှားယွင်းပြီးတော့ အကြမ်းဖက်အဖွဲ့တွေပဲ လှုံ့ဆော်ပေးရာရောက်စေပြီး ကမ္ဘာ့အလယ်မှာ အမေရိကန်ရဲ့ခေါင်းဆောင်မှုက အားနည်းမှုက အမေရိကန်ကို လုံခြုံရေးအန္တရာယ်ပဲဖြစ် စေတယ်”လို့ အိုဘားမားက ကန့်ကွက်ပြောဆိုခဲ့ပါတယ်။

“နိုင်ငံရေးသမားတွေ မွတ်စလင်တွေကိုစော်ကားပြီး ဒါမှမဟုတ် အမေရိကန်နိုင်ငံသားအချင်းချင်း ဆန့်ကျင် နေတာမျိုးနဲ့ ကမ္ဘာ့အလယ်မှာ ကျွန်တော်တို့ရဲ့ခေါင်း ဆောင်နိုင်မှုကို ချဲ့ထွင်တာမျိုးလုပ်မှာမဟုတ်ဘူး။ ကျွန်တော်တို့က ဒီလိုလူမျိုးတွေမဟုတ်ဘူး။ ဒီလိုပုံစံနဲ့ အမေရိကန်ကို လုံခြုံမှုပေးနိုင်မှာမဟုတ်ဘူး”လို့ အိုဘားမားက ဒီမိုကရက်အိမ်တော်မှာပြောဆိုခဲ့ပါတယ်။

အိမ်ဖြူတော်က ဘက်တီမိုးမှာရှိတဲ့ အစ္စလာမ်အဖွဲ့ အစည်းဆီ လည်ပတ်ဖို့ ဘာကြောင့်ရွေးချယ်လဲ ဆိုတာကတော့ ချက်ချင်းရှင်းလင်းပြောကြားတာမျိုး မရှိပါဘူး။

Source : Hindustantime
ဘာသာပြန် – ညောင်နီရွက် (Myanmar Muslim Media)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: