Leave a comment

အခမဲ့ဆေးတန်ခိုး သို့ ဖောလစ်အက်ဆစ်​ သို့မဟုတ်​ ကိုယ်​ဝန်​​ဆောင်​ ချို့တဲ့က​လေး

image

အခမဲ့ဆေးတန်ခိုး သို့ ဖောလစ်အက်ဆစ်
မကြည့်ရဲရင်တော့ မကြည့်ပါနဲ့ခင်မျာ။
ဒီ ဓာတ်ပုံလေးပြရတဲ့အကြောင်းရင်းကတော့ သားဖွားဆရာမလေး တွေဆီက အလကား အခမဲ့ ရနေတဲ့ဆေးပြားလေးတွေက  တန်ဖိုးမရှိသလိုတွေးနေကြတဲ့သူတွေ သိသာအောင်ပညာပေးဖို့ရည်ရွယ်တာပါ။
ဒါက မနေ့က ဆေးရုံလေးမှာ မွေးဖွားခဲ့တဲ့ကလေးလေး။ ဗမာလိုပြောရရင်တော့ ဦးခေါင်းခွံရိုး နှင့် ဦးနှောက်အစိတ်အပိုင်းတွေ မပါဝင်တဲ့ရောဂါ။ ဆေးပညာလိုဆိုရင်တော့  Neural tube defect, Fetal Anencephaly လို့ခေါ်ပါတယ်။ Literature တွေအရ ဒီရောဂါကို  ဖြစ်ရတဲ့ အကြောင်းရင်းက သေချာမသိရပဲ ဗီဇကြောင့်ဖြစ်နိုင်တယ် ဆိုတာလောက်သာ ခန့်မှန်းသိလာရပေမဲ့  ဖောလစ်အက်ဆစ်လို့ခေါ်တဲ့ ဓာတ်တစ်မျိုးချို့တဲ့ရင်ဖြစ်လာတတ်တာကတော့ သေချာသတဲ့လေ။ ဒီလိုကလေးမျိုးက အမေရိကန်လိုနိုင်ငံမျိုးမှာတောင် ကိုယ်ဝန် ၁၀၀၀၀ မှာ တစ်ယောက်၊ တရုတ်မှာဆို ကိုယ်ဝန် ၁၀၀၀၀ မှာ ငါးယောက် ဖြစ်သတဲ့။ဒါကို အမေရိကန်အစိုးရက သတိပြုမိလို့ ကိုယ်ဝန်သည်တွေစားရမဲ့အစာတွေထဲမှာ  ဒီဖောလစ်အက်ဆစ်ကို ထည့်ပေး( fortified)  လုပ်ပေးခဲ့ရာ ဖြစ်ပွားမှုနှုန်း ၂၈% တောင်လျော့ကျသွားတယ် ဆိုသတဲ့ဗျာ။  ပြီး  ဒီလိုကလေးတွေဟာ မွေးဖွားလာပြီးတာနဲ့သေကြတာများသတဲ့။ မှတ်တမ်းတွေအရတော့ ကမ္ဘာပေါ်မှာ ဒီလိုမွေးပြီးအသက်ရှင်တာ ငါးဦးပဲရှိတယ်။အဲဒီငါးဦးကလည်း ပျှမ်းမျှ ၂/၃ နှစ်ပဲ အသက်ရှည်ကြတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့နိုင်ငံကတော့ စာရင်းတွေ အင်းတွေ သေချာမသိပေမဲ့ ဒီလိုကလေးတွေ မွေးနေကြ ရှိနေကြမှာပါပဲ။ကျွန်တော်တော့ နှစ်ယောက်ကြုံဖူးပြီ။ အရပ်အခေါ်အရဆိုရင်တော့ ဘီလူးလေး မွေးတယ်ပေါ့ဗျာ။ အမှန်မှန်တော့ ဘီလူးလည်းမဟုတ် သရဲလည်းမဟုတ်ရပါဘူး။ကံကြောင့်ပဲဆိုဆို ဗီဇကြောင့်ပဲ သမုတ်သမုတ် ဒီလိုကလေးမျိုးတွေ မွေးဖွားလာရတာမိဘအတွက်ရော ကလေးအတွက်ရော မကောင်းပါဘူး။ အဲဒီတော့ ဒီလို ကလေးမျိုးတွေ မမွေးဖွားလာကြရအောင် ဖောလစ်အက်ဆစ်လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ သောက်ကိုသောက်ရမဲ့ ဆေးတွေကို ကျန်းမာရေးဌာနက အလကားပေး အိမ်တိုင်ယာရောက်ဝေငှ နေပါလျှက် အဖိုးပဲမတန်သလို ဂရုပဲမထားသလို လုပ်ခဲ့ရင် ကံအကျိုးတရားက ဒီလိုတွေ ဖြစ်လာဖို့ဖန်တီးလာနိုင်ပါတယ်။
အထူးသဖြင့် ကိုယ်ဝန်နုနု အချိန် ကလေးရဲ့ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ စတင်ဖွဲ့စည်းနေချိန်မှာ ပိုအရေးကြီးပြီး သောက်သင့်တာမို့ ကိုယ်ဝန်သည်တွေဟာ ကိုယ့်မှာကိုယ်ဝန်ရှိပြီဆိုတာနဲ့ စောစောစီးစီးကို နီးစပ်ရာဆရာဆရာမတွေဆီ ပြသ၍စောင့်ရှောက်မှုခံယူသင့်ပါတယ်လို့ပဲပြောပါရစေ။ ဒီလိုပြောလို့ အိုဘီမင်တွေ ပရီနေတယ်တွေ သောက်မှကာကွယ်နေနိုင်တာမဟုတ်။ သင့်လက်ထဲက အလကားရထားတဲ့ ဒီ ဖောလစ်အက်ဆစ်ဆေးပြားလေးတွေက ဒီလိုဝမ်းပန်းတနည်းအဖြစ်မျိုးတွေကို ကာကွယ်နိုင်ပါကြောင်း သတင်းကောင်း ပြောလိုက်ပါရစေ။
(တဆက်တည်း ဒီလိုရောဂါမျိုးကို တယ်လီဗေးရှင်း ဓာတ်မှန်နဲ့စမ်းသပ်ရင်သိနိုင်တယ်လို့ လည်းပြောခဲ့ပါရ   စေ။ ကျွန်တော်တို့နိုင်ငံမှာတော့ တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်မပြုလို့   legal termination of pregnancy မလုပ်နိုင်ပေမဲ့  တချို့နိုင်ငံတွေမှာတော့လုပ်နိုင်သတဲ့။ ဥပမာ ဘရာဇီးနိုင်ငံမှာဆို ၂၀၁၂ ခုနှစ်ကစလို့ ဒီလိုကလေးမျိုးကို တရားဝင်ဖျက်ချခွင့်ပြုတယ်လို့ဆိုပါတယ်။ နောက်တခုက ဒီလိုကလေးတွေဆီက တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို လိုအပ်သူတွေအတွက် အလှုခံခြင်း  Organ Donation ကတော့ ယခုထိ သေချာမရေရာသေး Controversial ဖြစ်နေကြောင်းလေးပါ ပြောပြလိုက်ပါတယ်။ ဒီစာစုက ဆရာကြီးတွေကို မရည်ရွယ်ပဲ ကျန်းမာရေးဗဟုသုတ ဖြစ်စေရုံသာ ရည်ရွယ်ပါကြောင်း၊ အမှားပါလျှင် ပြင်ဆင်စေလိုပါကြောင်း ဝန်ခံပန်ကြားအပ်ပါတယ်။)
#Cd-Minko Phyo

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: