Leave a comment

အစိုးရက တရုတ်ဟွေလူမျိုးတွေကို အစ္စလာမ်ဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့်ပြု

image

image

ဖေဖော်ဝါရီ ၂။

ရွာနားက ဗလီဝတ်ကျောင်းတော်က ၀တ်ပြုဖို့နှိုးဆော်တဲ့ ခေါ်သံကြားတဲ့အခါ  ဒါဇင်နဲ့ချီတဲ့ ယောက်ျားလေး တွေ ဟာ သူတို့ရဲခရမ်းရောင်ခေါင်းဆောင်း ဦးထုပ်လေးများ ကိုယ်စီနဲ့အဆောင်တွေကနေ ထွက်လာပြီး ဗလီကို ထွက်သွားကြပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ကျော်လောက်က အရှေ့ အလယ် ပိုင်း ကုန်သည်တွေဟာ တရုတ်အနောက်ပိုင်းကို ပိုးလမ်းမကြီးကနေ ကူးသန်းရောင်းဝယ်ဖို့ ပထမဆုံး အကြိမ်ရောက်လာပြီးကတည်းက နေ့လည်ပိုင်း ၀တ်ပြု ချိန်လည်း အနည်းအပြောင်းလဲသွားခဲ့ပါတယ်။

“တရုတ်နိုင်ငံရဲ့တစ်ခြားမြို့တွေကနေ ဒီကိုလာတဲ့ မွတ်စလင်တွေ အထူးသဖြင့် ဇင်းဂျင်းက မွတ်စလင် တွေက ကျွန်တော်တို့ ဒီမှာ ဘယ်လောက်လွတ်လပ် လဲဆိုတာ မယုံနိုင်ဖြစ်နေပြီး သူတို့ ထွက်မသွားချင်ကြ တော့ဘူး”လို့ အနောက်ဘက်နယ်စပ်နားက အွီဂါ လူမျိုးစု တွေနေထိုင်တဲ့နယ်မြေကို သူက ရည်ညွှန်းပြီး ဘန်ကီရို ဒိုတန်အစ္စလာမ်မစ်ကျောင်းက အသက် ၃၇နှစ်အရွယ် ဘာသာရေးခေါင်းဆောင် လျူဂျန်ကပြောဆိုပါတယ်။

မွတ်စလင်လူဦးရေ ခန့်မှန်းခြေ ၂၃သန်းခန့်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အာရပ်နိုင်ငံတွေထက် တရုတ် ပြည်မှာ အစ္စလာမ်ဘာသာကို ကိုးကွယ်သူပိုများပါတယ်။ တစ်ဝက်လောက်ဟာ စင်ကျန်ပြည်နယ်မှာ နေထိုင် ပါတယ်။ ရေနံကြွယ်ဝတဲ့အာရှာအလယ်ပိုင်းက အစ္စလာမ် မစ်အစွန်းရောက်ဝါဒပြန့်နှံ့မှုနဲ့ပတ်သက်ပြီး ဘေဂျင်း အစိုးရ က စိုးရိမ်လွန်စွာ လူ့အခွင့်အရေးချိုးဖောက် မှုတွေရှိနေတဲ့ နယ်မြေလည်းဖြစ်ပါတယ်။
ဟျူရဲ့ပင်မမြို့ လင်ဇီယာလိုပဲ ဂန်ဆူမှာရှိတဲ့မြို့ကို တရုတ်ပြည်ရဲ့ “မက္ကာမြို့အသေးစားလေး”လို့ လူသိများပါတယ်။ လမ်းတိုင်းမှာဗလီတွေရှိပြီး ခေါင်းဆောင်းဆောင်းထားတဲ့ အမျိုးသမီးတွေကို တစ်ခါတစ်လေ တွေ့နိုင်ပါတယ်။

“ဒီမှာမွတ်စလင်တွေနေထိုင်ရတာအဆင်ပြေပါတယ် ဒီမှာရှိတဲ့အစိုးရဌာနတွေက ဘာသာတရား အရမ်း ကိုင်းရှိုင်း ပြီးတော့ နေ့တိုင်း ကုရ်အန်ကိုလေ့လာ သင်ယူကြတယ်”လို့ အသက်၆၇နှစ်အရွယ် အငြိမ်းစား ကုန်ကားမောင်းသမားက ပြောဆိုပါတယ်။ ဟွေလူမျိုးတွေက တရုတ်စကားကိုသာပြောဆိုကြပြီး သူတို့ရဲ့မွတ်စလင် မဟုတ်တဲ့အိမ်နီးချင်းတွေကို ခွဲခြားမှုမရှိပါဘူး။
သူတို့ရဲ့ကွန်မြူနစ်အပေါ်သစ္စာရှိမှုက ကောင်းကောင်း ချီးမြှင့်မြောက်စားခံရပါတယ်။ လင်ဇီယာမြို့လိုပဲ လူတွေ ကပတ်စ်ပို့ အလွယ်တကူရရှိနိုင်ပါတယ်။

ဇင်းဂျင်းပြည်နယ်သတင်းအချက်အလက်တွေအရ အစိုးရဌာနပိုင်းတွေကသွားလာရလွယ်ကူပြီး အွီဂါ လူမျိုးတွေကတော့ နိုင်ငံရပ်ခြားခရီးထွက်ဖို့ ပက်စ်ပို့ရဖို့ ခက်ခဲပါတယ်။ အစိုးရဌာနပိုင်းကအလုပ်သမားတွေ ဗလီသွားတာ ဒါမှမဟုတ် ဥပုသ်စောင့်တာမျိုး လုပ်တယ်ဆိုရင် သူတို့ကိုမကြာခဏဆိုသလို အလုပ်လက်မဲ့ဖြစ်တာကိုမြင်ရပါတယ်။ ပြင်ပက ထောက်ပံ့ငွေကိုယူပြီး ဗလီတစ်ခုတည်ဆောက်မယ် ဆိုရင်တော့ အာဏာပိုင်တွေရဲ့ပြသနာရှာမှု သေချာ ပေါက်ခံရနိုင်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဟျူနဲ့ဟန်ကြားမှာ မကြာခဏ ဆိုသလို ထိပ်တိုက်တွေ့မှုတွေဖြစ်ပါတယ်။ ၂၀၀၄ခုနှစ် အတွင်း ဟီနန်နယ်မြေအတွင်း လူမျိုးစုချင်းသတ်ဖြတ် မှုတွေဖြစ်ပေါ်ခဲ့ပါတယ် ၂၀၁၂ခုနှစ်မှာတော့ အစိုးရက တရားမ၀င်ဘူးဆိုပြီးကြေငြာပြီး နိုင်ဂ်ျဇီယာက ဗလီတစ်ခု ကို ဖြိုချတာကို ကန့်ကွက်ဆန္ဒပြတဲ့သူတွေကို ရဲတွေက နှိမ်နင်းလို့ ဒါဇင်ပေါင်းများစွာထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အင်တာဗျူးတွေမှာ ဟျူအများစုက စီးကရက်မသောက် တာ အရက်နဲ့လောင်းကစားမပြုတာတွေနဲ့ သူတို့ရဲ့ ဘာသာရေး ကိုင်းရှိုင်းမှုကြောင့် ဟန်လူမျိုးတွေနဲ့ခြားနား နေရခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။  အိမ်နီးချင်ဟွေလူမျိုး တွေဟားတွေနဲ့ ခွဲခြားပြီးနေကြတယ် ဒါပေမယ့် ဒီဘက်နှစ်တွေမှာတော့ မွတ်စလင် မဟုတ်တဲ့ သူတွေဟာ ကျွန်တော်တို့ရဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့ သန့်ရှင်းတဲ့အစားအသောက်ပုံစံတွေကြောင့် မွတ်စလင် တွေနေထိုင်တဲ့နယ်မြေတွေဆီကို ပြောင်းရွှေ့လာခဲ့ကြ ပါတယ်။

ဝူဇုန်နဲ့လင်ဇီယာတို့လိုနေရာတွေမှာ အထူး မွတ်စလင် ထုတ်ကုန်တွေကို ဖန်တီးထုတ်လုပ်ခဲ့ကြပါတယ်။ “လူတွေသတင်းတွေထဲမှာမြင်နေရသလို ဗုံးခွဲတာ မျိုး မဟုတ်ပဲ အစ္စလာမ်က သည်းခံတတ်ပြီး ငြိမ်းချမ်း ရေးကို မြတ်နိုးတဲ့ဘာသာဖြစ်တယ်ဆိုတာ ကျွန်တော်တို့က ကမ္ဘာကိုပြသချင်တာဖြစ်ပါ တယ်။” မစ္စတာမာက ပြောဆိုပါတယ်။ “လင်ဇီယာမှာ အစိုးရရဲ့လူမျိုးစုတွေ အပေါ်သက်ညှာတာနဲ့ပတ်သက်ပြီး ပျော်ရွှင်မိတယ်”လို့ သူက ထပ်မံပြောကြားပါတယ်။

Source : nytimes
ဘာသာပြန် – ညောင်နီရွက်
(Myanmar Muslim Media)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: