Leave a comment

အစ္စလာမ်ကို တိုက်ခိုက်ခြင်းက တခြားဘာသာ အားလုံးကို တိုက်ခိုက် လိုက်တာပဲ ဖြစ်ကြောင်း အိုဘားမားပြော

ဖေဖော်ဝါရီ ၄။

အမေရိကန် သမ္မတအိုဘားမားက ပထမဆုံးအကြိမ်အဖြစ် မေရီလန်းပြည်နယ် ဘာလ်တီမိုးမြို့ ဗလီဝတ်ကျောင်း   တော်ကို ဖေဖော်ဝါရီ ၃ ရက်နေ့မှာ သွားရောက်လည်ပတ်ပြီး မိန့်ခွန်းပြောကြားစဉ် အစ္စလာမ်ကို တိုက်ခိုက်ခြင်းက တခြားဘာသာ အားလုံးကို တိုက်ခိုက်လိုက်တာပဲဖြစ် ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ နားလည်ထားရမှာက ဘာသာတစ်ခုကို တိုက်ခိုက်မယ်ဆိုရင် ကျန်တဲ့ ဘာသာတရားအားလုံးကို တိုက်ခိုက်သလိုပါပဲ၊ ဘာသာတရား တစ်ခုခုဟာ ပစ်မှတ်ထားတိုက်ခိုက်ခံနေရပြီဆိုရင် ကျွန်တော်တို့အားလုံးမှာ ဒါကို ထုတ်ဖော်ပြောဆိုဖို့ တာဝန်ရှိသွားပါပြီ”ဟု အိုဘားမားက ဘလ်တီမိုးအစ္စလာမ်ဆိုစိုင်တီဗလီဝတ်ကျောင်းတော် တွင် ပြောဆိုသွားသည်။

အမေရိကန်မွတ်စလင်တို့ကို တိုင်းတစ်ပါးသားများအဖြစ် သတ်မှတ်ပြောဆိုသည့် ဒေါ်နယ်ထရန့်နှင့် တခြား ရီပက်ဗလေကန် အမတ်များကို သမ္မတအိုဘားမားက ပြောဆိုလိုက်ခြင်းဖြစ်သည်။

ရီပက်ဗလေကန်ပါတီ ရှေ့ပြေးသမ္မတလောင်းဖြစ်သူ ဒေါ်နယ်ထရန့်မှာ အမေရိကန်ပြည်ထောင်စုတွင်း မွတ်စလင်များဝင်ရောက်ခြင်းကို ပိတ်ပင်ရမည်ဟု ပြောဆိုခဲ့သူဖြစ်သည်။

“ခင်ဗျားတို့ရဲ့ ချာခ်ျတွေ၊ ဂျူးဘုရားကျောင်းတွေ၊ ဟိန္ဒူဘုရားကျောင်းတွေ၊ ဗလီကျောင်းတွေဟာ သေချာပြန်ကြည့်ပါ အားလုံးဟာ အတူတူပါပဲ၊ မိသားစုတွေလာပြီး ၀တ်ပြုကြတယ်၊ ဘုရားသခင်ချစ်တဲ့အကြောင်းနဲ့ တစ်ယောက်အပေါ် တစ်ယောက် ထားရှိတဲ့မေတ္တာတရားကို ဖော်ထုတ်ကြတယ်”ဟု အိုဘားမားက ပြောဆိုသည်။

Source : The Jerusalem Post
ဘာသာပြန် – စိုင်ဖုလ္လာဟ်(Myanmar Muslim Media)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: