Leave a comment

ပေးအပ်သည့် တာဝန်ကို လစာ မယူဘဲ လုပ်မည်ဟု ဦးရွှေမန်းပြော

ဥပဒေရေးရာနဲ့ အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ် လိုက်တာကို လက်ခံကြောင်းနဲ့ လစာ မယူဘဲ လုပ်ဆောင် သွားမယ်လို့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရ ဦးရွှေမန်းက ပြောကြား လိုက် ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ပြုလုပ်တဲ့ဒု တိယ အကြိမ် ပြည်သူ့ လွှတ်တော် ပထမ ပုံမှန် အစည်း အဝေး တတိယနေ့ မှာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် က လွှတ်တော်ရဲ့ အတည်ပြုချက် ရယူပြီး တာဝန်ပေး ကမ်းလှမ်း ခဲ့တဲ့ အပေါ် ဦးရွှေမန်း က သူ့ဖေ့စ်ဘွတ်ခ် စာမျက်နှာ က အခုလို ပြောကြား လိုက်ပါတယ်။

ဒီနေ့ နေ့လယ် ၁ နာရီအချိန်က ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်   ရေးကော်မရှင် ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လွှတ်တော်ဝန်းအတွင်းရှိ I-1 အဆောက်အဦမှာ ကျင်းပပြုလုပ်ခဲ့ရာ သူရဦးရွှေမန်း တက်ရောက်ခဲ့ ပါတယ်။

ဒုတိယဥက္ကဋ္ဌနေရာကိုတော့ ရမည်းသင်းမဲဆန္ဒနယ်က ဦးကိုကိုနိုင်ကို တာဝန်ပေးအပ်လိုက်တာပါ။

ဒီကော်မရှင်ဟာ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းလည်းဖြစ်ပါတယ်။

အဲ့ဒီကော်မရှင်ရဲ့တာဝန်တွေကတော့ တည်ဆဲ ဥပဒေများအား လေ့လာဆန်းစစ်သုံးသပ်ပြီး ပြင်ဆင်ရေး၊ ပယ်ဖျက်ရေး၊ အသစ်ပြဋ္ဌာန်းနိုင်ရေး တို့ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကတဆင့် လွှတ်တော်သို့ တင်ပြရခြင်း၊ အထူးကိစ္စရပ်များပေါ်ပေါက် လာပါက ၎င်းကိစ္စရပ်များအား ဥပဒေအမြင်နှင့်ယှဉ်၍ လေ့လာဆန်းစစ်သုံးသပ်ပြီး လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ အစီရင်ခံ တင်ပြရခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များကို သတ်မှတ် ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကဏ္ဍအလိုက် သီးခြားသတ်မှတ်ပေးသည့် အထူးကိစ္စရပ်များ အတွက် ကော်မရှင်အတွင်း တာဝန်ခွဲဝေသတ်မှတ် ဆောင်ရွက်ရခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်အရ အကြံဉာဏ်တောင်းခံသည့်အခါ ကော်မရှင်အနေဖြင့် အကြံဉာဏ် ပေးရခြင်းတို့ကိုဆောင် ရွက် ရမှာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: