Leave a comment

မြန်မာ့ပြုပြင်ပြောင်းလဲရေး ကိုအမေရိကန်နိုင်ငံ က ဘာကြောင့် ကျောထောက်နောက် ခံပေးသင့်သလဲ

င်းညီ ဘာသာပြန်သည်

(တပ်မတော်အစိုးရလက်ထက်က မြန်မာနိုင်ငံအပေါ် ဘက်ပေါင်းစုံမှ ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ခဲ့သည့် အမေရိကန်နိုင်ငံသည် သမ္မတဦးသိန်းစိန်လက်ထက်တွင် ဖြေလျှော့ မှုများ ပြုလုပ်ခဲ့ပါသည်။ ယခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အင်န်အယ်လ်ဒီ အစိုးရလက်ထက်တွင် မြန်မာ့ဒီမိုကရေစီ ဆက်လက်ခိုင်မာစေရန်၊ အိမ်နီးချင်းတရုတ် နိုင်ငံ၏ လွှမ်းမိုးမှုကို လျှော့ချရန်နှင့် ပြည်တွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး အမေရိကန်က မြန်မာ့ပြုပြင်ပြောင်းလဲရေးကို ဆက်လက်ကျောထောက်နောက်ခံ ပေးသင့်ပုံ ကိုCNN သတင်း စာမျက်နှာတွင် ဆောင်းပါးရှင် Tom Cotton က ဝေဖန်သုံးသပ်ထားရာ ) . .

နိုဝင်ဘာ ရွေးကောက်ပွဲ အပြီးမှာတော့ တစ်ချိန်က ဘားမားလို့ လူသိများတဲ့ မြန်မာနိုင်ငံမှာ သိပ်မကြာမီကာလအ တွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ထွက်လာပါတော့ မယ်။ ဒီအခြေအနေ မှာ အမေရိကန်ပြည်ထောင် စုအနေနဲ့ လွတ်လပ်တဲ့ကမ္ဘာကြီးဆီကို ရှေး ရှုပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရှေ့ခရီးကို ဘယ်လိုအကူအညီတွေ ဆက်ပြီးပေးသွားသင့် ပါသလဲ။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်လ်ဒီပါ တီဟာ ရွေးကောက်ပွဲမှာ အများစုအနိုင်ရခဲ့ တဲ့ အတွက် လွှတ်တော်ရဲ့ ၇၇ ရာခိုင်နှုန်းကို ထိန်းချုပ်ခွင့်ရထားပါတယ်။ ဒီလိုအောင်မြင်မှု ရဖို့ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေမှာ နာကျင်မှုပေါင်း များစွာ ရင်းနှီးပေးဆပ်ခဲ့ရတာပါ။ ဒေါ်အောင် ဆန်းစုကြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းဟာ ဗြိတိသျှအစိုးရဆီက လွတ်လပ်ရေးရယူဖို့ ကြိုး စားရင်း ၁၉၄၇ခုနှစ်မှာ လုပ်ကြံခံခဲ့ရပါတယ်။

လွတ်လပ်ရေး ရရချင်းမှာ အရပ်သား အစိုးရဟာ ကွန်မြူနစ်ရန်၊ တိုင်းရင်းသားလက် နက်ကိုင်ရန်နဲ့ ဆင်းရဲမွဲတေမှုရန် ဆိုတဲ့ ကပ် ကြီးသုံးပါးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီလိုနဲ့ ၁၉၆၂ ခုနှစ်မှာ စစ်တပ်ရဲ့အာဏာသိမ်းခြင်း ခံလိုက်ရပါတယ်။ အာဏာရှင်အစိုးရဟာ တိုင်း ပြည်ကို ရာစုနှစ်ဝက်နီးပါး ရက်စက်စွာ အုပ် ချုပ်ခဲ့ပါတယ်။ ၁၉၈၈ခုနှစ် ရှစ်လေးလုံးအရေး တော်ပုံပေါ်ကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲ လိုက်ချိန်မှာတော့ အမေရိကန်အစိုးရဟာ မြန် မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ် ဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာတော့ တိုင်း ပြည်မှာ အပြောင်းအလဲတွေ တဖြည်းဖြည်း ဖြစ်ပေါ်တိုးတက်ခဲ့ပါတယ်။ စစ်တပ်က ဦး ဆောင်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းပြည်မှာ စစ်တပ်က အာဏာကို ဆက် လက်ချုပ်ကိုင်ထားနိုင်အောင်   ရေးဆွဲထားတာ ပါ။ ၂ဝ၁ဝပြည့်နှစ်မှာတော့ အငြင်းပွားဖွယ်ရွေး ကောက်ပွဲရလဒ်နဲ့ စစ်တပ်က ကျောထောက် နောက် ခံပြုထား တဲ့ ပြည်ခိုင်ဖြိုး အရပ်သား အစိုးရ တက်လာပါတယ်။ ၂ဝ၁၂ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အင်န်အယ်လ်ဒီ ပါတီဟာ ၂ဝ၁၅ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲ မှာလည်း အောင်မြင်မှု ကြီးကြီးမားမားရခဲ့ပြီး လွှတ်တော်တစ်ရပ်လုံးကို ထိန်းချုပ်နိုင်ခဲ့ပါ ပြီ။ ဖွဲ့စည်းပုံအရ သမ္မတဖြစ်ခွင့်မရတဲ့ ဒေါ် အောင်ဆန်းစုကြည်ကတော့ သမားရိုးကျ မဟုတ်တဲ့ပုံစံနဲ့ တိုင်းပြည်ကို ဦးဆောင်သွား မှာပါ။

တပ်မတော်က ဘာကြောင့် နောက်ဆုံး မှာ ရွေးကောက်ပွဲတွေကျင်းပပြီး အာဏာလွှဲ ပြောင်းပေးခဲ့ပါသလဲ။ အကြောင်းပြချက်က တစ်ခုတည်းတော့မဟုတ်ပါဘူး။ မြန်မာအစိုးရ တာဝန်ရှိသူများစွာနဲ့ တွေ့ဆုံခဲ့တဲ့ ကျွန်တော် တို့ကိုယ်စားလှယ်အဖွဲ့ဝင်တွေ   ပြောကြားချက် အရတော့ နိုင်ငံ့အာဏာ အတော်များများကို တပ်မတော်က ထိန်းချုပ်ထားတယ်လို့ ဆိုပါ တယ်။ လွှတ်တော်ရဲ့လေးပုံတစ်ပုံအပြင် လုံခြုံ ရေးအရ အရေးကြီးတဲ့ ဝန်ကြီးဌာနသုံးခုကို တပ်မတော်က ထိန်းချုပ်ထားပါတယ်။ ဒါဟာ အရပ်သားအစိုးရထိန်းချုပ်မှုအောက်မှာ တပ် မတော်ရဲ့ အာဏာရပ်တွေ အများကြီးကျန် ရှိနေသေးတာကို ပြတာပါ။

ဒီနေရာမှာ တပ်မတော်က နိုင်ငံ့အာဏာ ကို ဖြည်းဖြည်းမှန်မှန် လွှဲပေးနေပါတယ်။ လွှတ် တော်မှာ အင်န်အယ်လ်ဒီ ပါတီဝင်များစွာ အရွေးချယ်ခံထားရတာကို အမေရိကန်ပြည် ထောင်စုကလည်း ကြိုဆိုခဲ့ပြီး နှစ်ပေါင်းများ စွာ မြန်မာနိုင်ငံကို အထီးကျန် တိုင်းပြည်ဖြစ်   အောင် ဒဏ်ခတ်ပိတ်ဆို့ထားမှုတွေကိုလည်း စတင်ဖြေလျှော့ပေးနေပါတယ်။

ဒီနေရာမှာ တရုတ်နိုင်ငံဟာ သူ့ရဲ့အိမ် နီးချင်းတိုင်းပြည်ကို ထိန်းချုပ်ခွင့်ရအောင် ကြိုး ပမ်းနေပါတယ်။ တရုတ်အစိုးရဟာ မြန်မာ နိုင်ငံကို သူ့ရဲ့လက်အောက်ခံနိုင်ငံတစ်ခုအဖြစ် သွတ်သွင်းနိုင်အောင် တိုးမြှင့် လုပ်ကိုင်နေပါ တယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ သဘာဝ သယံဇာတ တူးဖော်ရှာဖွေမှုတွေမှာ စီးပွားရေး အရ လက်ဦးမှုရဖို့ပါပဲ။ အဲဒီအခြေအနေတွေ ကြောင့် မြန်မာဗိုလ်ချုပ်ကြီးတွေဟာ တရုတ် လက်ကို ပုံအပ်လိုက်ဖို့ထက် တိုင်းပြည်အာ ဏာကို အရပ်သားအစိုးရဆီ လွှဲပြောင်းပေးဖို့ ပိုပြီးလိုလားခဲ့တာပါ။ အမေရိကန်နဲ့ ဆက်ဆံ ရေး ကောင်းမွန်သွားတဲ့အတွက် ဗီယက်နမ် နိုင်ငံဟာ လျင်လျင်မြန်မြန် တိုးတက်လာတာ ကို နမူနာပြခဲ့ပြီး ”ကျွန်တော်တို့လဲ ဘာကြောင့် အဲဒီလို မလုပ်နိုင်ရမှာလဲ”လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ မေးခွန်းထုတ်ခဲ့ကြ ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန် မာနိုင်ငံအပေါ် အကူအညီတွေပေးဖို့ အတင်း တိုးဝင်နေကြပါတယ်။ ပထမအချက်က မြန် မာနိုင်ငံဟာ ဒေသတွင်းမှာ အာဏာချိန်ခွင် လျှာညီမျှဖို့ ကောင်းကောင်းကစားနိုင်တဲ့နိုင်ငံ ဖြစ်နေလို့ပါ။ အမေရိကန်အစိုးရ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားရာမှာတော့ မြန် မာနိုင်ငံဟာ ကမ္ဘာ့အင်အားကြီး (တရုတ်နဲ့ အိန္ဒိယ)ကြားမှာ ကြားခံတိုင်းပြည်တစ်ခုအ ဖြစ် ရပ်တည်နေပါတယ်။ ဒါ့ပြင် တရုတ်နိုင်ငံ ဟာ အိန္ဒိယသမုဒ္ဒရာထဲကို ပင်လယ်ထွက် ပေါက်ရဖို့ မြန်မာနိုင်ငံက ဖန်တီးပေးနိုင်ပါ တယ်။ အဲဒီပင်လယ်ထွက်ပေါက်ကတစ်ဆင့် တရုတ်နိုင်ငံအတွက် ကမ္ဘာ့ကုန်သွယ်ရေးပြု လုပ်ဖို့နဲ့ စွမ်းအင်ဖြည့်တင်းဖို့ ကောင်းစွာအ သုံးချနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်ဆန့် ကျင်ရေးကို ကျွန်တော်တို့ မမျှော်လင့်နိုင်ရင် တောင်မှ တရုတ်မျှော်၊ အိန္ဒိယမျှော်နိုင်ငံ အဖြစ် ရောက်အောင်တော့ ကူညီနိုင်ပါတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ဆိုပါတယ်။

နောက်ထပ်အရေးကြီးတဲ့ အချက်တစ် ခုလည်း ပါဝင်နေပါသေးတယ်။ အဲဒါက မြန် မာနိုင်ငံဟာ ကမ္ဘာ့အကြမ်းဖက်တိုက်ဖျက်မှု တွေမှာ အမေရိကန်နိုင်ငံအတွက် အရေးပါတဲ့ မဟာမိတ်နိုင်ငံဖြစ်လာနိုင်ပါတယ်။ ဘာကြောင့် လဲဆိုတော့ မြန်မာနိုင်ငံဟာ အရှေ့အလယ် ပိုင်းနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေကြားမှာ ပေါင်းကူးပေးနိုင်တဲ့ ကြားခံတိုင်းပြည်တစ်ခု ဖြစ်နေလို့ပါပဲ။ နောက်ဆုံးအချက်ကတော့ မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတြ<ွကယ်ဝမှု ဟာ သူ့ကို အရေးပါတဲ့ စီးပွားရေးမိတ်ဖက်နိုင်ငံ တစ်နိုင်ငံအဖြစ် ရောက်ရှိစေခဲ့တယ်လို့ စီးပွား ရေးခေါင်းဆောင်တွေက ဆိုကြပါတယ်။

မြန်မာနိုင်ငံဟာ ကိုယ်ကျင့်သိက္ခာနဲ့ပြည့် စုံတဲ့ ခေါင်းဆောင်ကောင်းရှိတဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ် အမေရိကန်မှာ ကောင်း သတင်းကျော်   စောပါတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၅ဝ ကျော် အတွင်း မြန်မာနိုင်ငံမှာ အာဏာရှင်တွေက ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့အတွက် အမေရိကန်နိုင်ငံ ဟာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ခြင်းနဲ့ သံတ မန်နည်းလမ်းအရ ဖိအားပေးခြင်းတွေကို မြန် မာနိုင်ငံအပေါ် ဆောင်ရွက်ခဲ့ပါတယ်။ လက် ရှိအချိန်မှာတော့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အာ ဏာရှင် တိုင်းပြည်တွေအတွက် စံနမူနာပြုရ မယ့် တိုင်းပြည်တစ်ခုအဖြစ် ပြောင်းလဲသွား ပါပြီ။ မြောက်ကိုရီးယားနိုင်ငံနဲ့ နှိုင်းယှဉ်ကြည့် မယ်ဆိုရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်း ကြောင်းပေါ်ကို ရောက်ရှိလို့နေပါပြီ။

ဒီနေရာမှာ လုပ်စရာတွေ အများကြီး ကျန်နေသေးတာကိုတော့ သံသယဖြစ်စရာ မလိုပါဘူး။ တပ်မတော်က ရေးဆွဲခဲ့တဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေဟာ လက်ရှိအစိုးရကို အများ ကြီး အကာအကွယ်ပေးထားပါတယ်။ အင်န် အယ်လ်ဒီပါတီကတော့ ဒီမိုကရေစီလှုပ်ရှားမှု အတိုက်အခံပါတီတစ်ခုကနေ အစိုးရပါတီ တစ်ခုအဖြစ် ချီတက်ခဲ့ပါပြီ။ ပြည်တွင်းတိုင်း ရင်းသားလက်နက်ကိုင်ပဋိပက္ခကတော့ အရမ်း ကို အန္တရာယ်ကြီးတဲ့အနေအထားမှာ ရှိနေပါ သေးတယ်။ အင်န်အယ်လ်ဒီပါတီအနေနဲ့ နယ် စပ်မျဉ်းတစ်လျှောက်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲ ရေးလုပ်ဖို့ အစွမ်းကုန်ကြိုးပမ်းရဦးမှာပါ။ ဒါ့ ပြင် လူနည်းစု မူဆလင်လူမျိုးတွေ ခွဲခြားဆက် ဆံခံနေရတဲ့ အနေအထားကိုလည်း အမြန်ဆုံး ဖြေရှင်းပေးရမှာပါ။ အကျင့်ပျက်ခြစားမှုတွေ ကလည်း နက်နက်နဲနဲ အမြစ်တွယ်နေ ပါတယ်။ ပြီးတော့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု တွေလည်း အမြန်ဆုံးလုပ်ဆောင်ဖို့ လိုအပ်နေ ပါတယ်။

ဒီလို မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ ဘက် ပေါင်းစုံက စိန်ခေါ်မှုတွေကို ကူညီဖြေရှင်းဖို့ အမေရိကန်အနေနဲ့ ရေတိုထောက်ပံ့ ကူညီရုံ   လောက်နဲ့တော့မရပါဘူး။ သမိုင်းဝင်ရွေးကောက် ပွဲမှာ အင်န်အယ်လ်ဒီပါတီက အံ့သြလောက် အောင် အနိုင်ရခဲ့ပါတယ်။ အဲဒီလို ခက်ခက် ခဲခဲ အောင်မြင်ခဲ့ပေမယ့် ဒီမိုကရေစီအုတ်မြစ် က ကောင်းစွာခိုင်မာခြင်းတော့ မရှိသေးပါဘူး။ ဒါ့ကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအရေးမှာ ထိပ်ဆုံးနေရာက ဆက် လက် ပါဝင်ကူညီဆောင်ရွက်နေရဦးမှာပါ။

အစိုးရသစ်နဲ့ အတူတကွ လက်တွဲလုပ် ကိုင်နိုင်သလို တပ်မတော်နဲ့ဆက်စပ်ပြီး ကျန် နေသေးတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှား နိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားစရာတွေ ရှိ သေးတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးတော့ ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံနေတာကို အဆုံးသတ်ဖို့ ကျွန် တော်တို့ ကြိုးပမ်းသွားမှာပါ။ မြန်မာနိုင်ငံထဲကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့် ဝင်ရောက်   လာအောင် လိုအပ်တဲ့ နည်းပညာအကူအညီ တွေ အစိုးရအထောက်အပံ့တွေ ပေးအပ်သွား မှာပါလို့ အမေရိကန် တာဝန်ရှိ သူတွေက ဆို ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အရွေး ချယ်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် အချို့ဟာ တစ်ချိန်က နိုင်ငံရေး အကျဉ်းသား   ဟောင်းတွေ ဖြစ်ခဲ့သူတွေပါ။ အဲဒီလူတွေက ကျွန်တော်တို့ကို ပြောပါတယ်။ ”သူတို့ဟာ လက်ရှိအစိုးရအပေါ် ခွင့်လွှတ်ပေး လို့ရတယ်။ မေ့ပျောက်ပေးလို့တော့မရဘူး”လို့ ဆိုပါတယ်။ အဲဒီမှတ်ချက်စကားတွေဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် အကောင်း ဆုံး မျှော်လင့်ချက်တစ်ခုလို့ ဆိုနိုင်သလို အမေ ရိကန်အစိုးရအတွက် မြန်မာနိုင်ငံအပေါ်ထား ရှိရမယ့်မူဝါဒကို နည်းလမ်းရှာဖွေပေးနိုင်တဲ့ အယူအဆတစ်ခု ဖြစ်ပါတယ်။

(Yangon Times Journal, 12-5)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: