Leave a comment

IS အဖွဲ့မှာ အစ္စလာမ် ကို နာမည် ဖျက်နေ သူများဖြစ် သည်ဟု ကန်နိုင်ငံခြားရေး ၀န်ကြီးပြော

ဖေဖော်ဝါရီ ၆၊ ၂၀၁၆

IS အကြမ်းဖက်အဖွဲ့ဝင်တွေဟာ မွတ်စလင်တွေ မဟုတ်ကြဘဲ၊ အစ္စလာမ်ဘာသာကို အမည်ဖျက်နေ တဲ့   ဖောက်ပြန်ရေးသမားများတွေ သာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက   ဖေဖော်ဝါရီ ၄ ရက်နေ့   ရောမမှာပြုလုပ်တဲ့ မဟာမိတ်များ အခမ်း အနားတစ်ခုမှာ ပြောကြားလိုက်ပါတယ်။

“အမှန်တော့ ISIS တွေဟာ လူသတ်သမားတွေ၊ ပြန်ပေးသမားတွေ၊ ရာဇ၀တ်ကောင်တွေ၊ လူဆိုးလူမိုက်တွေနဲ့ သူခိုးဂျပိုးတွေ စုပေါင်းထားတာထက် ဘာမှမပိုပါဘူး။ ပြီးတော့ ဒီလူတွေဟာ ဘာသာရေး အရေခြုံ၊ တကယ့်အစစ် အမှန် တရား ကို လိမ်လည် ဖုံးကွယ်ပြီးတော့ သူတို့လိုဘပြည့်ဖို့ လုပ်နေတဲ့ ဖောက်ပြန်ရေးသမားတွေပါပဲ” လို့ ဂျွန်ကယ်ရီ က ပြောကြားလိုက်တာပါ။

ကယ်ရီရဲ့ IS တွေကို ဒီလို သုံးနှုန်းဖော်ပြမှုဟာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ဒီဇင်ဘာလက ပြုလုပ်ခဲ့တဲ့ Saban ဖိုရမ်မှာ လည်း ကယ်ရီက IS တွဟာ ဘာသာတရားကို ပြန်ပေးဆွဲထားတဲ့ ဖောက်ပြန်သူတွေ သာဖြစ် တယ်လို့   ပြင်းပြင်းထန်ထန် ရှုတ် ချပြောကြား ခဲ့ပါတယ်။

အီရတ်နဲ့ ဆီးရီးယားနိုင်ငံအပါအ၀င် ကမ္ဘာတစ်ဝှမ်းမှာ အကြမ်းဖက်လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ IS အဖွဲ့ကို ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေက တစ်ညီတစ်ညွတ်တည်း ရှုတ်ချပြောဆိုထားပြီး အစ္စလာမ့်ရဲ့ ရန်သူလို့ သတ်မှတ်ထာ တာဖြစ်ပါတယ်။
M-Media
Ref; Daily caller

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: