Leave a comment

ဟောလီးဝုဒ် ရုပ်ရှင်လောက အနေနဲ့ မွတ်စလင် တွေကို အသုံးချ ရိုက်ကူးနေ တာနဲ့ပတ်သက်ပြီး သမ္မတအို ဘားမား က ဝေဖန်ရှုတ်ချ

image

ဖေဖော်ဝါရီ ၅။

သမ္မတသက်တမ်းအတွင်း ပထမဆုံး အကြိမ် အဖြစ် အိုဘားမားရဲ့ဗလီတစ်ခု စီလည်ပတ်မှုခရီးစဉ်အတွင်း ပြောကြား ခဲ့တဲ့ မိန့်ခွန်းမှာ ဟောလီးဝုဒ်ရုပ်ရှင် လောက အနေနဲ့ မွတ်စလင်တွေကို အသုံးချနေတာနဲ့ ပတ်သက်ပြီး ဝေဖန် ရှုတ်ချလိုက်ပါတယ်။

“ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတေအနေနဲ့ ပိုကောင်း မွန်တာမျိုးကို ဆောင်ရွက်ကြ ဖို့နဲ့ အစ္စလာမ်မစ် အစွန်း ရောက်တွေဟာ မွတ်စလင်လူထုတစ်ရပ်လုံးကို ကိုယ်စား မပြုဘူး ဆိုတာမျိုးကို နားလည်ထားဖို့ပို အရေးကြီးတယ်” လို့ သမ္မတအိုဘားမား ကပြောကြားလိုက်ပါတယ်။

“တစ်ချို့မွတ်စလင်ဇာတ်ကောင်တွေဟာ နိုင်ငံလုံခြုံ ရေးနဲ့သက်ဆိုင်တာမျိုး မရှိဘူး ဆိုတာမျိုးကို ကျွန်တော် တို့ရဲ့ရုပ် သံ တွေက ပြသသင့်တယ် အကြောင်းက အဲဒါက ဖန်တီးဖို့မခက်ခဲဘူးလေ။ လူမည်းတွေလည်း တီဗီအစီအစဉ်မှာ မပါခဲ့တဲ့အချိန်တွေရှိခဲ့ပါတယ်။ ကျွန်တော်တို့လူ့အဖွဲ့အစည်းတွေရဲ့ အစစ်အမှန်တွေကို တင်ဆက်ရင်းနဲ့ ဇာတ်လမ်းကောင်းတွေ ပြောပြနိုင် ပါတယ်”လို့ အိုဘားမားကပြောဆိုလိုက်ပါတယ်။

ဟောလီဝုဒ်က မွတ်စလင်ရေးရာ အစိုးရ ဌာန ညွှန်ကြားရေးမှူး ဆူဟူးဒ် အိုဘိုင်ဒီ ကတော့ သမ္မတအိုဘားမားပြောစကား ကို ထောက်ခံတယ်လို့ ဆိုပါတယ်။

“ဒါဟာ အခုမှမဟုတ်ပါဘူး၊ မွတ်စလင်တွေကို ရုပ်ရှင် ထဲမှာ အကြမ်း ဖက်မှုသားကောင် ဖြစ်ရင်ဖြစ်၊ ဒါမှ မဟုတ်ရင် အကြမ်းသမားအဖြစ် ပုံဖော်ခဲ့ကြပါတယ်”လို့ သူမက ပြောဆိုပါတယ်။

Source : ATTN
ဘာသာပြန် – ညောင်နီရွက်
(Myanmar Muslim Media)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: