Leave a comment

အောင်​ဆန်းစုကြည်​ သမ္မတ ဖြစ်​ရမည်

image

သတင်းသုံးသပ်ချက်
——————–

အောင်ဆန်းစုကြည် သမ္မတဖြစ်ရမယ်

D-မင်း-ရေးသည်။

”ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရမယ်”လို့ ပြောလာသူကတော့ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦး တင်ဦးပဲဖြစ်ပါတယ်။ ၂ဝ၁၆ ခုနှစ် ဖော် ဖော်ဝါရီ ၂ ရက်ကဖြစ်ပါတယ်။ ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော်စတင်ကျင်းပ ပြီး နောက်တစ် နေ့ဖြစ်ပါတယ်။ NLD က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တွေကိုပေးတဲ့ သင်တန်း တစ်ခုကနေအပြန် မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ နာယကကြီးဦးတင်ဦးက ဒေါ်အောင် ဆန်းစုကြည်သမ္မတဖြစ်ရမယ်လို့ မီဒီယာ တွေကို ပြောခဲ့တာဖြစ်ပါတယ်။

”ဘာလို့မဖြစ်နိုင်ရမှာလဲ ဒေါ် အောင်ဆန်းစုကြည် သမ္မတဖြစ်ကိုဖြစ်ရ မယ်”လို့ နာယကကြီးဦးတင်ဦးက စာရေး သူမေးတဲ့လွှတ်တော်မှာ ၅၉(စ) ကိုဆိုင်းငံ့ ပြီး ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်နိုင် မလားမေးခွန်းကို ခုလိုပြန်ဖြေခဲ့တာဖြစ်ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ဆိုရင် သူ့ကိုသမ္မတ မဖြစ်ရေးအတွက် ဘောင်ခတ်တားဆီးထားတဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ၅၉(စ)ကို ဆိုင်းငံ့ ဖို့လုပ် ဆောင်ရမှာဖြစ်ပါတယ်။ ပင်နီလွှမ်း တဲ့လွှတ်တော် လို့တင်စားတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ NLD က ၅၉ (စ)ကို ဆိုင်းငံ့ဖို့ လုပ်ဆောင်တော့မှာဖြစ် ပါတယ်။

”၅၉(စ)ကို ဆိုင်းငံ့မယ်ဆိုရင် ဆိုင်းငံ့လို့ရပါတယ်။ ဘာလို့လဲဆိုတော့  ဦးနုပါလီမန်ခေတ်မှာ ဗိုလ်ချုပ်ကြီး နေဝင်း ကို တာဝန်ဆက်ပေးနိုင်ဖို့အတွက်အမတ် မဟုတ် သူကို ခြောက်လထက်ပိုပြီး ဝန်ကြီး ချုပ်တာဝန် ယူနိုင် အောင် ပုဒ်မ(၁၁၆)ကို ပြင်ခဲ့ပေးခဲ့တဲ့သာဓက ရှိခဲ့ပါတယ်”လို့ တ ရားလွှတ် တော်ရှေ့နေ ဦးကိုနီကစာရေးသူ ကိုပြောပါတယ်။
ပုဒ်မ ၁၁၆ ကောက်ကြောင်း

၅၉(စ) အကြောင်းပြောမယ်ဆို ရင် ပါလီမန်ခေတ်မှာ(၁၉၄၇)ခုနှစ် အခြေ ခံဥပဒေပုဒ်မ ၁၁၆ ကို ဘယ်လိုဖြတ်သန်းခဲ့ လဲဆိုတဲ့သမိုင်းကောက်ကြောင်းကို ပြန်တူး ဆွဖို့လိုလာပါတယ်။

၁၉၅၉ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းအား ဝန်ကြီးချုပ်အဖြစ် ခြောက်လထက်ပိုခန့်အပ် နိုင်ရန် ၁၉၄၇ ခုနှစ် အခြေခံဥပဒေပုဒ်မ ၁၁၆ ကို ယာယီရုပ်သိမ်းသော ပြင်ဆင်ချက် ကို ပါလီမန်က ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်မှာပြဋ္ဌာန်းခဲ့ပါတယ်။
ပုဒ်မ ၁၁၆ ဆိုတာ

၁၉၄၇ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၁၁၆ ဆိုတာ ပါလီမန်အမတ်မဟုတ်တဲ့ သူဟာ ခြောက်လထက်ကျော်ပြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးဆက်လုပ်လို့မရပါဘူး။ ပုဒ်မ ၁၁၆ ကို အတိအကျညွှန်းဆိုပါမယ်။ ” ၁၉၄၇ ခုနှစ် အခြေခံဥပဒေ အခန်း(၇) ပြည်ထောင်စုအစိုးရအဖွဲ့ ပုဒ်မ ၁၁၆ တွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးသည် ခြောက် လမျှတစ်ဆက်တည်း ပါလီမန်အမတ်မ ဟုတ်လျှင် ထိုကာလအပိုင်းအခြားကုန်ဆုံး သောအခါ အစိုးရအဖွဲ့ဝင်ဝန်ကြီးအဖြစ် မှရပ်စဲရမည်”လို့ဆိုထားပါတယ်။

၁၉၄၇ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၁၁၆ ရပ်ဆိုင်းရခြင်းအကြောင်းကို နိုင်ငံတော်သမ္မတဟောင်းဖြစ်ခဲ့သူ ဒေါက် တာမောင်မောင်ရေးသားခဲ့သော ”တို့ပြည် ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ” စာ အုပ်တစ်စိတ်တစ်ပိုင်းမှ ထုတ်ယူပြလိုသည်။

၁၉၅၈ ခုနှစ် အောက်တိုဘာ ၂၈ ရက်တွင်ဖြစ်သည်။ ပါလီမန်အစည်း အဝေးခေါ်ယူခဲ့သည်။ ပြည်သူ့လွှတ်တော် တွင် ဝန်ကြီးချုပ်ဦးနုနှင့် အစိုးရအဖွဲ့ကရာ ထူးမှနုတ်ထွက်ကြကာ ဗိုလ်ချုပ်ကြီးနေဝင်း အား ဝန်ကြီးချုပ်အဖြစ်ရွေးချယ်တင်မြှောက် ခဲ့ကြလေသည်။ ယင်းသို့တာဝန်ပေးအပ်ခြင်း မှာ လွှတ်တော်အမတ်မဟုတ်သောပုဂ္ဂိလ် တစ်ဦးဦးကို ခြောက်လထက်မပိုသောကာ လအတွက် အစိုးရအဖွဲ့ဝင်ဝန်ကြီးအဖြစ် ခန့်အပ်နိုင်သည်ဟု အဓိပ္ပာယ်သက်ရောက် သော အခြေခံဥပဒေပုဒ်မ ၁၁၆အရဖြစ် ခဲ့လေသည်။ ယင်းပြဋ္ဌာန်းချက်မျိုး မြန်မာ နိုင်ငံလွတ်လပ်ရေးမရမီ အင်္ဂလိပ်အစိုးရ နောက်ဆုံးအုပ်ချုပ်သွားခဲ့စဉ်က သုံးစွဲခဲ့ သော ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအစိုးရ အက်ဥပဒေ (The Government of Burma Act of 1935, Section 6(2)) တွ င်လည်း ပါဝင်ခဲ့လေသည်။ ရည်ရွယ်ချက် မှာ အစိုးရအဖွဲ့တွင် တာဝန်ပေးအပ်ရန် သင့်သော်သော ပုဂ္ဂိုလ်တစ်ဦးဦးသည် လွှတ်တော်အမတ်ပင်မဟုတ်စေကာမူ ထို ပုဂ္ဂိုလ်အားယာယီဖြစ်တော့ ခန့်အပ်တာဝန် ပေးနိုင်ရန်ဖြစ်ပေသည်။ သို့ရာတွင် ထိုသို့ အခြေခံဥပဒေဖြင့် လမ်းဖွင့်ထားပေးခြင်း သည် ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ တစ်ခုလုံးကို လွှတ်တော်အမတ်မဟုတ်သူ များဖြင့် ဖွဲ့စည်းနိုင်ရန်ကိုမူရည်ရွယ်ခဲ့ခြင်း ဟုတ်ဟန်မတူပေ။

၁၉၅၈ ခုနှစ်  အောက်တိုဘာမှ စပြီး နိုင်ငံတော်ကိုထိန်းသိမ်းရန် တာဝန် ယူခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင် သော ”အိမ်စောင့်အစိုးရသည်” အခြေခံ ဥပဒေကိုရေးဆွဲခဲ့ကြသော နိုင်ငံသစ်ဗိသု ကာများ မမျှော်လင့်ခဲ့သောအခြေအနေမှာ ပေါ်ပေါက်လာသော အစိုးရအဖွဲ့လည်း ဖြစ်ခဲ့ပေသည်။
ပုဒ်မ ၁၁၆ ကိုဆိုင်းငံ့ပြီ

ဗိုလ်ချုပ်နေဝင်းသည် ဖေဖော် ဝါရီ ၁၃ ရက်တွင် ဝန်ကြီးချုပ်ရာထူးမှနုတ် ထွက်သည်။ ဗိုလ်ချုပ်နေဝင်းက မိမိအား ဆက်လက်တာဝန်ယူစေလျှင် အခြေခံဥပ ဒေပုဒ်မ ၁၁၆ ကို လိုအပ်သလိုပြင်ဆင်ပေး ရန်လိုပါလိမ့်မည်။ သို့မှသာ ပါလီမန်အမတ် မဟုတ်သောမိမိသည် အခြေခံဥပဒေကိုမ ဆန့်ကျင်ပဲ ခြောက်လကာလကိုကျော်ပြီး ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်နိုင်မည် ဟု ဗိုလ်ချုပ်နေဝင်းကအစီရင်ခံခဲ့သည်။

ပါလီမန်က ဗိုလ်ချုပ်နေဝင်းအ စိုးရသက်တမ်းအတွင်း ပုဒ်မ ၁၁၆ ကိုဆိုင်း ငံ့သည့် အခြေခံဥပဒေပြင်ဆင်ချက်ကို ပြ ဋ္ဌာန်းပေးသည် (ဖွဲ့စည်းပုံအခြေခံဥပဒေ(ပြင်ဆင်ချက်)အက်ဥပဒေ ဖေဖော်ဝါရီလ ၂၆ ၊၁၉၅၉ )။ ပြင်ဆင်ချက်ကို သန့်ရှင်း၊ တည်မြဲ ဖဆပလနှစ်ဖက်စလုံးက ထောက် ခံကြသည်။ သို့သော် ပမညတ တို့ကကန့် ကွက်ခဲ့သည် လို့ ဒေါက်တာမောင်မောင် ရေးတဲ့ ”တို့ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့ စည်းအုပ်ချုပ်ပုံ”စာအုပ်က ညွှန်းဆိုခဲ့ပါ တယ်။ (ယင်းစာအုပ်တွင် ဗိုလ်ချုပ်နေဝင်း ဟုဆိုထားသည်)

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၆ ကို လွှတ်တော်ကဆိုင်းငံ့ရခြင်းကို (မြင့် သိန်း-ရန်ကုန်တက္ကသိုလ်) ရေးတဲ့ ”ပြောင်း လဲလာသော မြန်မာနိုင်ငံအုပ်ချုပ်ပုံစနစ် များစာအုပ်မှ တချို့ကိုလည်းကိုးကားတင် ပြလိုပါသေးတယ်။

”၁၉၅၈ အောက်တိုဘာ ၂၈ရက် တွင် ပါလီမန်အထူးအစည်းအဝေးခေါ် ယူလျက် အာဏာလွှဲပြောင်းပေးရေးအတွက် စတင်ကျင်းပခဲ့သည်။ လွှတ်တော်တွင်ဝန် ကြီးချုပ်က လွှတ်တော်လုပ်ထုံးလုပ်နည်း များနှင့်အညီ ဗိုလ်ချုပ်ကြီးနေဝင်းအားဝန် ကြီးချုပ်အဖြစ်တာဝန်ပေးရန် ပြည်သူ့လွှတ် တော်က ထောက်ခံတင်ပြခဲ့သည်။ ထိုဆုံး ဖြတ်ချက်ကြောင့် ကာကွယ်ရေးဌာန၊ အ မျိုးသားစီမံကိန်းတို့ကို ဦးဆောင်လျက်နိုင် ငံရေးသမားမဟုတ်သော ပုဂ္ဂိုလ်ကြီး ၁၄ ဦးပါဝင်ဖွဲ့စည်းခဲ့သည်။ ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၁၆ ကို လွှတ်တော်ကဆိုင်းငံ့ သည့်ပြင်ဆင်ချက်ကို ပြဋ္ဌာန်းပြီးနောက်အ စိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်”လို့ဆို ပါတယ်။

ဆဝါး တွေးစရာမလိုပါ
*************
အခုကျင်းပနေတဲ့ ပင်နီလွှမ်းတဲ့ လွှတ်တော်မှာဖြစ်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်အောင်ဘယ်လို လုပ်ကြမလဲဆိုတာ လူတိုင်းငေးမောနေ ကြပါပြီ။

”လွှတ်တော်ကျင်းပတာ စိတ်မ ဝင်စားဘူး။ သမ္မတဘယ်သူဖြစ်မလဲပဲစိတ် ဝင်စားတယ်။ ဒေါ်ေ အာင်ဆန်းစုကြည်ကို သမ္မတဖြစ်အောင် လွှတ်တော်ကဘယ်လို လုပ်မလဲပဲစိတ်ဝင်စားတယ်”ဟု ပြည်သူ တစ်ဦးက သူ့ဆန္ဒကိုထုတ်ပြပါတယ်။

ပြည်ထောင်စုလွှတ်တော်ကို လာမယ့်အပတ်မှာ စတင်ကျင်းပတော့မှာ ပါ။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ တောင်ပြို ကမ်းပြိုနိုင်ခဲ့တဲ့ NLD ဟာ လွှတ်တော်ထဲ မှာ ပင်နီလွှမ်းနေပါပြီ။ လာမယ့်ပြည်ထောင် စုလွှတ်တော်မှာ ၅၉(စ)ကိုရပ်ဆိုင်းဖို့ အ ရေးကြီးအဆို တင်သွင်းမယ်လို့လည်း သိရပါတယ်။ ပြီးတော့ အထူး၅၉(စ) ကို ရပ် ဆိုင်းဖို့ ဥပဒေကြမ်းတစ်ခုကိုတင်တော့မယ် လို့ သတင်းထွက်နေပါတယ်။ ဒီဥပဒေကို သမ္မတက လက်မှတ်မထိုးခဲ့ရင်တောင် အ တည်ဖြစ်တယ်လို့ဆိုပါတယ်။

”ကျွန်တော် ဥပဒေကြောင်းအရ ပဲပြောချင်ပါတယ်။ ဥပဒေကြမ်းကို လွှတ် တော်ကအတည်ပြုပြီး သမ္မတဆီပို့မယ်။သမ္မတက လက်မှတ်မထိုးပဲလွှတ်တော်ပြန် ပို့မယ်။ တစ်ခါလွှတ်တော်က ဒုတိယအကြိမ် သမ္မတဆီပြန်ပို့လို့ သမ္မတကလက်မှတ် မထိုးရင်လဲ ဥပဒေကအတည်ဖြစ်တယ်။ ဒါကတော့ လွှတ်တော်ဥပဒေပြုရေးလုပ်ငန်း စဉ်တစ်ခုအတိုင်းပြောတာပါ”လို့ ဦးကိုနီ ကဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော် စတင် ကျင်းပချိန်မှာတော့ အရေးကြီးအဆိုကို ချက်ချင်းတင်မှာ မဟုတ်သေးကြောင်း ကော်မတီတွေဖွဲ့ဖို့ရှိကြောင်း သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ကို ဖေဖော်ဝါရီ ၈ ရက်မှာ စတင်ကျင်းပဖို့ရှိနေပါတယ်။

”သမ္မတစာရင်းအတွက် အမော မခံပါနဲ့ မတ်လအထိ အချိန်ပေးထားပါ တယ်။ အချိန်တန်ရင် ပြောပါမယ်သိပ်ပြီး အမောမခံပါနဲ့”လို့ ဒေါ်အောင်ဆန်းစု ကြည်ကတော့ ပြောလိုက်ပါတယ်။ ဖေဖော် ဝါရီ ၃ ရက်က နေပြည်တော်ရှိ ပြည်သူ့လွှတ် တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီရုံးခန်းတွင် လွှတ် တော်သို့ ပုံမှန်တက်ရောက်လေ့ရှိသည့် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ သမ္မတ စာရင်း ဘယ်တော့လောက်သိရမလဲ သ တင်းထောက်တစ်ဦးမေးတာကို ဒေါ်အောင် ဆန်းစုကြည်က ယင်းကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဒီပွဲကို စာရေးသူလည်းတက် ရောက်ခဲ့ပါတယ်။

ဒါကြောင့် NLD ဟာဒေါ် အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် တက်ကုန်ဖွင့် ရွက်ကုန်လွှင့် လုပ်လာမယ် ဆိုတာ ဆဝါးတွေးဆနေစရာတောင်မလို ပါဘူး။

ပင်နီတွေရဲ့အင်အား
**********************
အခုဆိုရင် ပြည်သူ့လွှတ်တော် မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၅၅ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ၃ဝ၊ ရခိုင်အမျိုးသားပါတီ ၁၂ ဦး၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ၁၂ ဦး၊ တအာင်း (ပလောင်အမျိုးသား)ပါတီ သုံးဦး၊ ပအိုင့်အမျိုးသားအဖွဲ့ချုပ် (PNO) ပါတီသုံးဦး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နှစ်ဦး၊ လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီ (ဒူးလေးပါတီ) နှစ်ဦး၊ ကချင်ပြည် နယ် ဒီမိုကရေစီပါတီတစ်ဦး၊ ‘ဝ’ ဒီမိုက ရက်တစ်ပါတီတစ်ဦး၊ ကိုးကန့်ဒီမိုကရေစီ နှင့် ညီညွတ်ရေးပါတီတစ်ဦး၊ တစ်သီးပုဂ္ဂလ တစ်ဦး၊ တပ်မတော်သား ၁၁ဝ ဦး စုစုပေါင်း ၄၃၃ ဦး တက်ရောက်နေပါတယ်။

အမျိုးသားလွှတ်တော် မှာဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁၃၅ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၁၁ ဦး၊ ရခိုင်အမျိုးသားပါတီ ၁ဝ ဦး၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် သုံးဦး၊ တအာင်း(ပလောင်အမျိုးသား) ပါတီ နှစ်ဦး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ပါတီနှစ်ဦး၊ တစ်သီးပုဂ္ဂလနှစ်ဦး၊ ပအိုဝ့်အမျိုးသားအဖွဲ့ ချုပ် (PNO) ပါတီတစ်ဦး၊ မွန်အမျိုးသား ပါတီတစ်ဦး၊ တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးပါတီတစ်ဦး၊ တပ်မတော်သား ၅၆ ဦး စုစုပေါင်း ၂၂၄ တက်ရောက်နေ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ရီ လေးရှင်း
****************
ခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ဝိုင်းဝန်းလုပ်ဆောင်ပေး နေပါတယ်လို့ NLD ခေါင်းဆောင်ပိုင်း လူကြီးတွေကပြောပါတယ်။ ဒေါ်အောင် ဆန်းစုကြည်သမ္မတဖြစ်ရေးမှာ တပ်မ တော်ရဲ့အခန်းကဏ္ဍကို လျစ်လျူရှုထားလို့ မရပါဘူး။ ဒါကြောင့်လည်း ဒေါ်အောင် ဆန်းစုကြည်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့တွေ့ဆုံပြီး ဆက်ဆံရေးကောင်း မွန်အောင်လုပ်ဆောင်နေပါတယ်။ ဒေါ် အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်း အောင်လှိုင်တို့ဟာ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂ မှာ တစ် ကြိမ်၊ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၂၅ မှာတစ်ကြိမ် တွေ့ခဲ့ကြတာဖြစ်ပါတယ်။

Contact Person တွေထားပြီး ဆက်ဆံနေတာရှိပါတယ်။ ဆက်ဆံရေးတိုး တက်ကောင်းမွန်ပါတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောခဲ့ပါတယ်။

ကျင်းပပြီးစီးခဲ့တဲ့ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ ရွေးချယ်တင် မြှောက်ပွဲမှာလည်း တပ်မတော်ကဘာမှ ဝင်ရောက်ပြောဆိုတာ အဆိုပြိုင်တင်တာ တွေ လုပ်ခဲ့တာလည်းမတွေ့ရပါဘူး။

”အန်တီတို့က အဆိုပြုပြီးရွေးတဲ့ အခါမှာ ပြည်သူမှာရော၊ အမျိုးသားမှာရော ဘယ်သူကမှမကန့်ကွက်ဘူး။ ဘယ်သူမှလဲ ပြိုင်ပြီးမတင်ဘူး။ သူတို့မှာ အပြိုင်တင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ မတင်ခဲ့ကြဘူး။အန်တီ အားလုံးကိုကျေးဇူးတင်တယ်။ တပ်မတော် သားကိုယ်စားလှယ်တွေကိုလဲ ကျေးဇူး တင်တယ်။ တခြားပါတီက ကိုယ်စားလှယ် တွေကိုလဲ ကျေးဇူးတင်တယ်” ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒါပေမဲ့လည်း ပြည်သူ့လွှတ် တော် စတင်ကျင်းပတဲ့ ဖေဖော်ဝါရီ ၁ ရက်မှာပဲ တပ်မတော်ပိုင်သတင်းစာဖြစ်တဲ့ မြဝတီသတင်းစာမှာ”နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉(စ) ကို အမိနိုင်ငံတော်အကျိုးစီးပွားအတွက်  ထာဝရမပြောင်းမလဲ တည်ရှိစေလို”ဆောင်း ပါးတစ်ခုရေးခဲ့ပါတယ်။

အလားတူ NLD ပါတီက မ ကြာခင် ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေး အဆို တရပ်တင်ပြမည်ဖြစ်ရာ ယင်းသို့ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေး အဆိုတင်ပြမှုများရှိလာခဲ့ ပါက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအ တိုင်း တပ်မတော်က ဆောင်ရွက်သွားမည် ဟု တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ခေါင်းဆောင် ဗိုလ်ချုပ် တောက်ထွန်းက ဖေဖော်ဝါရီ ၄ ရက် ပြည် သူ့လွှတ်တော် အစည်းအဝေးအပြီးမှာပြော ခဲ့တယ်လို့ ဧရာဝတီသတင်းဌာနက ဖော် ပြခဲ့ပါတယ်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၅၉ (စ) ဟာ  နိုင်ငံသမ္မတ အရည်အချင်း သတ်မှတ်ချက်ဖြစ်ပြီး နိုင်ငံ ခြားသား သား၊ သမီး၊ ဇနီး၊ ခင်ပွန်း ရှိသူ မဖြစ်စေရဟုပြဋ္ဌာန်းထားရာ ဒေါ်အောင် ဆန်းစုကြည်၏သားနှစ်ဦးသည် နိုင်ငံခြား သားဖြစ်နေတဲ့အတွက် သမ္မတဖြစ်ရေးကို ဟန့်တားထားသော ပုဒ်မတစ်ခုပဲဖြစ်ပါ တယ်။

မည်သို့ပင်ဆိုစေကာမူ ပထမ အကြိမ် လွှတ်တော်သက်တမ်းမှာ ကျရှုံးခဲ့ တဲ့ဒီပုဒ်မကို NLD ကတော့ လာမယ့် လွှတ်တော်မှာ အောင်မြင်အောင်ဆက်လုပ် ဖို့ စိုင်းပြင်းလာပါပြီ။

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရမယ်
*********
”ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ဝ၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပြီးပါပြီ။ သူကပြည်သူကရွေးချယ် ထားတဲ့ခေါင်းဆောင်တစ်ယောက်ပါ။ ဒါ ကြောင့် ပြည်သူ့ဆန္ဒအရ သူဟာသမ္မတ ဖြစ်နိုင်ပါတယ်”လို့ ဦးကိုနီကပြောပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ကြီးဦးတင်ဦးကတော့ ခုလိုပြောလိုက်ပါ တယ်။ ”ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ကိုဖြစ်ရမယ်။ ဘာလို့မဖြစ်နိုင်ရမှာလဲ။ သူသမ္မတဖြစ်နိုင်အောင် အဘတို့ကဝိုင်း ပြီးထမ်းပိုးသွားမယ်”

(Flower News Journal, 12-6)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: