Leave a comment

NLD အစိုးရ သစ်လက်ထက် တွင် မြန်မာသံ တမန်များ အပြောင်း အလဲရှိမည်

NLD အစိုးရ သစ်လက်ထက် တွင် မြန်မာသံ တမန်များ အပြောင်း အလဲရှိမည်

NLD ပါတီ ဦးဆောင်သည့် အစိုးရ တက်လာတော့မည် ဖြစ်သည့် အတွက် နိုင်ငံတကာရှိ မြန်မာ သံအမတ်များကိုလည်း မကြာမီ ပြောင်းလဲခြင်းရှိမည်ဟု သတင်းများအရ သိရသည်။

ယခင် စစ်အစိုးရလက်ထက်မှ ဦးသိန်းစိန် အစိုးရအထိ သံအမတ်နှင့် သံမှူးအများစုကို စစ်တပ်မှ အရာရှိဟောင်းများ ကိုသာ ခန့်အပ်လေ့ ရှိသောကြောင့် လက်ရှိ သံတမန် များနေရာတွင် အစိုးရအသစ်၏ ပေါ်လစီများကို အကောင် အထည် ဖော်ဆောင် ပေးနိုင် သူများနှင့် အစားထိုးခန့်အပ်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

သံတမန်များသည် အစိုးရ၏ မူဝါဒများကို လိုက်နာ အကောင်အထည်ဖော် ပေးရသော ပုဂ္ဂိုလ်များဖြစ်သဖြင့် လက်ရှိ တာဝန် ထမ်းဆောင် နေကြသည့် သံအမတ်၊ သံအရာရှိများကို အစားထိုးခန့်အပ်ရန် လိုအပ်လာခြင်း ဖြစ်သည်။ ပါလီမန် ဒီမိုကရေစီ အစိုးရ (ခ) ဦးနု အစိုးရကို ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းခဲ့ပြီး နောက်ပိုင်း တက် လာသော အစိုးရများ လက်ထက်တွင် မြန်မာနိုင်ငံက သံတမန်များ၏ အရည်အချင်း တဖြည်းဖြည်း ကျဆင်းခဲ့ကြောင်း သံတမန်ဟောင်းများက ဆိုသည်။

အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် စစ်အစိုးရနောက်ပိုင်း Diplomatic Protocol ၊ Career Diplomat ပြည့်ဝသော ၀န်ထမ်းများ မရှိသလောက် ရှားပါးနေခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် က ပြောင်းလဲ မည်ဟု သတင်းထွက်နေသော သံအမတ်များ၊ သံအရာရှိများကို အမှန်တကယ် ပြောင်းလဲသင့်ကြောင်း အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီမြို့တွင် သံတမန်အရာရှိအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဦးအောင်လင်းထွဋ်က “အခု သူ (ဒေါ်အောင်ဆန်းစုကြည်) ပြောင်းမယ်ဆိုတဲ့ ၁၁ ယောက်၊ ကျွန်တော့် Facebook ထဲမှာ တွေ့ပါတယ်။ ဒီ ၁၁ ဦး လုံးကလည်း ပြောင်းသင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခု ၀ါရှင်တန်မှာရှိတဲ့ သံအမတ်ကြီး ဆိုရင် လည်း   ထောက်လှမ်းရေး က လာတဲ့ သံအမတ်ကြီးပါ။ စစ်ထောက်လှမ်းရေး အဖွဲ့တွေ ပြုတ်သွားပြီးတဲ့ အခါမှာ သူတို့က ဒုတိယဗိုလ်မှူးကြီး အဆင့်နဲ့ နိုင်ငံခြားရေးရုံးကို ပို့တယ်။ ပြီးတော့ အမေရိကားမှာ သံအမတ်ကြီး အနေနဲ့ ခန့်တယ်။ ဗြိတိန်က မြန်မာသံအမတ်ဆိုရင်လည်း စစ်ထောက်လှမ်းရေး ဗိုလ်ချုပ်ပါပဲ။အရေးပါတဲ့ ဂျပန်တို့၊ အင်္ဂလန်တို့၊ ၀ါရှင်တန်တို့၊ နယူးယောက်တို့ အစရှိတဲ့ နိုင်ငံကောင်းတွေမှာရှိတဲ့ သံအမတ်ကြီးတွေကတော့ တကယ့် လူကြီးနဲ့ နီးစပ်တဲ့ သူတွေ၊ ထောက်လှမ်းရေးတွေကိုပဲ စေလွှတ်တာ များပါတယ်ခင်ဗျ။ ဒီလူတွေ ဖယ်ထုတ်မှသာ   ဒေါ်အောင်ဆန်းစုကြည် တကယ် လုပ်ချင်ကိုင်ချင်တဲ့ ကိစ္စတွေ အားလုံးဟာ အဆင်ပြေပါလိမ့်မယ်။ ဒီလူတွေကို ဆက်ပြီးတော့ ခန့်ထားမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဖော်ဆောင်ချင်တဲ့ ဒီမိုကရေစီ နိုင်ငံဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု ဗီအိုအေသတင်းဌာန မြန်မာပိုင်း အစီအစဉ်သို့ ဖြေကြားခဲ့သည်။

စစ်အစိုးရ လက်ထက်အတွင်း နိုင်ငံတကာကို ထိုးဖောက်ရန်ဆိုသည့် မူအသစ် ချမှတ်ပြီး နိုင်ငံခြားရေးရုံးများတွင် စစ်တပ်မှ အရာရှိများ တာဝန်ပေးခြင်း၊ သံအမတ်များအဖြစ် ခန့်အပ်ခြင်းများ လုပ်ဆောင်စေခဲ့ကြောင်း ဦးအောင်လင်းထွဋ်က ပြောသည်။

အမေရိကန်ပြည်ထောင်စု Pennsylvania ပြည်နယ်တွင် အခြေချ နေထိုင်နေသည့် ဒေါ်ဖြူဖြူ ( နိုင်ငံခြားရေး ရုံးများတွင် တာဝန်ထမ်းဆောင်ခဲ့သူ) က အစိုးရများအနေဖြင့် သံတမန်များကို မည်သို့ ရွေးချယ်ခန့်အပ်လေ့ ရှိသည်ဆိုခြင်းကို “သံတမန်တွေကို ခန့်တဲ့အခါ အရင် ပါလီမန်ဒီမိုကရေစီ လက်ထက်တုန်းကတော့ နိုင်ငံခြားရေးရုံးကနေ သေချာလေ့ကျင့် ပေးထားတဲ့ အရာရှိငယ်ပေါ့။ တတိယအတွင်းဝန်၊ ဒုတိယ အတွင်းဝန်ရော၊ ပထမအတွင်းဝန်ရော၊ နောက် သံမှူးက အဲ့အထဲကနေ အရည်အချင်းရှိတဲ့ သူတွေကို သံအမတ်အနေနဲ့ လွှတ်တာရှိတယ်။ သံတမန်ဆိုတာ ဘယ်တိုင်းပြည်မှာပဲ ဖြစ်ဖြစ်၊ အမေရိကန် နိုင်ငံခြားရေးဌာန၊ ဗြိတိန် နိုင်ငံခြားရေးရုံး၊ ဒီမြန်မာပြည်မှာ ဆိုရင်လည်း နိုင်ငံခြားရေးရုံး အဲဒါ တိုင်းပြည်ရဲ့ ရှေ့တန်း စစ်မျက်နှာမှာ သွားရတဲ့လူတွေ။ ကိုယ့်တိုင်းပြည် ကိုယ်စား မူဝါဒတွေကို စေ့စပ်ညှိနှိုင်း ဆွေးနွေးတတ်ရမယ်၊ ပြောတတ်ရမယ်၊ ဆိုတတ်ရမယ်” ဟု ဆိုသည်။

“အခု အသစ်တက်လာတဲ့ NLD အစိုးရအနေနဲ့ နိုင်ငံခြားရေးဌာန တစ်ခုတည်း မဟုတ်ဘဲ တခြား ၀န်ကြီးဌာနတွေနဲ့ အစိုးရအုပ်ချုပ်ရေး ယန္တရားကြီးတစ်ခုလုံးကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတာကြောင့် အချိန်အတော်ကြာ လုပ်ယူရလိမ့်မယ်” ဟု မြန်မာ့အရေး လေ့လာသူများက ထောက်ပြ ပြောဆိုသည်။

Ref – VOA
The Ladies News

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: