Leave a comment

အိန္ဒိယ နိင်ငံ တမီနာဒူးပြည်နယ်ပေါ်သို့  ဥက္ကာပျံ ကြွေကျ တဦးသေဆုံး သုံးဦး ဒဏ်ရာရ

9-2-2016


အိန္ဒိ ယနိုင်ငံတောင်ပိုင်း တမီနာဒူး ပြည်မှာရှိတဲ့ စက်မှု တက္ကသိုလ်ကျောင်းဝင်း တခုအတွင်းသို့ 7-2-2016 ည ၁၂ နာရီအချိန်မှာ ဥက္ကာပျံကြွေကျခဲ့မှု ဖြစ်ရပ်ကြောင့် အမျိုးသားတဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ယခုလို့  ကောင်ကင်းကနေ ဥက္ကာပျံ ကြွေကျလို့  လူသေဆုံးရာတာဟာ သမိုင်းမှာ ပထဆုံးဖြစ်ပါတယ်။

တမီနာဒူးပြည်နယ် အုပ်ချုပ်ရေးမှူးကလည်း ယခုဖြစ်ရပ်ကို အတည်ပြုခဲ့ပြီးဖြစ်ပွားခဲ့သည့်နေရာတွင် သက်ဆိုင်ရာ စစ်ဆေးရေး အဖွဲ့ တွေက စုံးစမ်းစစ်ဆေးနေကြကြောင်း ပြောကြားခဲ့ပါတယ်။

ဖြစ်ပွားခဲ့တဲ့နေရာမှာ ကိုးပေခန့် နက်တဲ့  တွင်းဖြစ်သွားခဲ့ပါတယ်။ အနီးမှာ လမ်းလျှောက်နေသူ သုံးဦးလည်း ပေါက်ကွဲ စတွေထိမှန်ပြီး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

၅-၂-၂၀၁၆ ရက်နေ့ က အမေရိကန်အမျိုးသား အာကာသ လေ့ လာစောင့်ကြည့်ရေး ဌာနက ထုတ်ပြန်ချက်ကတော့ ၂၀၁၆ အတွင်း မှာ အာကာသတွင်းမှာ ကမ္ဘာနဲ့  အနီးဆုံးကို ရောက်လာနေတဲ့ ဥက္ကာပျံတွေ ဂြိုလ်သိမ်ဂြိုလ်မွှားပေါင်း (၈၇၉)လုံးရှိနေတာကိုတွေ့ ရပြီး အများစုဟာ ပင်လယ်ပြင်အတွင်းကို ကြွေကျလာနိုင်တယ်လို့  ထုတ်ပြန် ထားပါတယ်။

သမိုင်း မှတ်တမ်းအရ ၂၀၁၃ ခုနှစ်က ရုရှ နိုင်ငံပေါ် ကို ဥက္ကာပျံကြွေကျခဲ့လို့  အဆောက်အဦး ၃၀၀၀ လောက် ပျက်စီးခဲ့ပြီး လူတထောင်လောက်ဒ ဏ်ရာရခဲ့တယ်လို့  အဆိုပါအဖွဲ့ ရဲ့  ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်

တမီနာဒူးပြည်နယ် က အုပ်ချုပ်ရေး မှူးတဦးဖြစ်တဲ့ ဂျရာလာသီ ဟာ ကတော့ ယခုသေဆုံးရသူရဲ့  မိသားစု အတွက် ဒေါ်လာ ၁၄၇၃   ဒေါ်လာ နဲ့ ညီမျှတဲ့ ရူပီ ငွေတစ်သိန်းပေးအပ်ခဲ့ပြီး ဒဏ်ရသူတွေအတွက် ရူပီငွေ နှစ်သောင်းငါးထောင် အကူညီပေး ခဲ့ကြောင်း သိရ ပါတယ်။

indiarealtime/2016/02/08/

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: