Leave a comment

မိန်းကလေးတွေရဲ့ ရာသီနဲ့ ပါတ်သတ်လို့ သင် သိထား စရာ ၈ ချက်

image

မိန်းကလေးတွေရဲ့ ရာသီနဲ့ ပါတ်သတ်လို့ သင် သိထားစရာ ၈ ချက်

18plus, ကျန်းမာရေး, ဗဟုသုတ, လူမှု့ဘဝ 

အခြေခံတွေကိုတော့ သင်သိထားမှာပါ။ တစ်လတစ်ကြိမ် သူမ သွေးဆင်းတယ်။ အဲဒီလို ဆင်းရင် ကိုယ်ဝန် မရှိဘူး။

ဒါပေမယ့် မိန်းကလေးတွေနဲ့ ပါတ်သတ်တဲ့ အခြား အရာတွေလိုပဲ ဒီဟာကလဲ အဲဒီလောက် မရိုးစင်းပါဘူး။ သင် ဘယ်တော့မှ အဲဒီဟာကို ခံစားရမှာ မဟုတ်ပေမယ့် သိသင့်တာလေးတွေ သိထားတာ အကျိုးရှိပါတယ်။ ဒီ Guide ကို ဖတ်ပြီးရင် သင် သဘောပေါက်မှာပါ။

၁. အဲဒါဟာ သွေးချည်းပဲ မဟုတ်ပါဘူး

တော်တော်များများ ယောက်ျားလေးတွေ မသိကြပါဘူး။ သင် သိရင်တော့ နောက်တစ်ခုကို ကျော်သွားပါ။ မသိဘူးဆိုရင်တော့ လတိုင်းမှာ သူမရဲ့ သားအိမ် အတွင်းနံရံဟာ ပြိုကွဲပြီး ကျပါတယ်။ အဲဒီတော့ သွေးအပြင် တစ်ရှုးတွေ၊ သွေးခဲတွေ ပါမှာပါ။

၂. အချိန်ကိုက် ဆက်ဆံခြင်းဟာ ကလေးရနိုင်စွမ်း တိုးစေပါတယ်

ကိုယ်ဝန်ရဖို့ဟာ သူမရဲ့ သားဥနဲ့ သင့်ရဲ့ သုတ်ကောင်နဲ့ တွေ့မှ ရမှာပါ။ သူမရဲ့သားဥကြွေချိန်ဟာ သူမရဲ့ ရာသီစက်ဝန်းနဲ့ ဆိုင်နေပါတယ်။ ၂၈ ရက် စက်ဝန်းရှိသူ မိန်းကလေးဆိုရင် ၁၄ ရက် ပါတ်ဝန်းကျင်မှာ ကြွေမှာပါ။ ဒါပေမယ့် သားဥဟာ ကြွေပြီးရင် ၄၈ နာရီ ရှင်နိုင်ပြီး သုတ်ကောင်က ၇၂ နာရီ ရှင်ပါတယ်။ အဲဒီတော့ သူမ ၁၄ ရက်မြောက်မှာ ကြွေရင် ၁၁ ရက်နေ့ကနေ ၁၆ ရက် နေ့အတွင်း ဆက်ဆံရင် ကိုယ်ဝန်ရနိုင်ပါတယ်။

၃. ရာသီလာနေရင်လဲ ကိုယ်ဝန် ရနိုင်ပါသေးတယ်

ရာသီလာနေတုန်းဆက်ဆံရင် ကိုယ်ဝန်မရဘူးဆိုတာ ယုံတမ်းစကားပါ။ မိန်းမတိုင်းမှာ ရာသီစက်ဝန်းဟာ ပုံမှန်မဟုတ်ပါဘူး။ ဥပမာ ရာသီစက်ဝန်းတိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ရာသီရပ်ပြီး မကြာခင် မှာပဲ သားဥကြွေနိုင်ပါတယ်။ အဲဒါကို သင်က ရာသီနောက်ဆုံးရက်မှာ ဆက်ဆံလိုက်ရင် သင့်သုတ်ကောင်ဟာ သားဥကြွေတဲ့အချိန်ထိ ကျန်နေနိုင်ပါသေးတယ်။

သူမရဲ့ စက်ဝန်းတွေက ပုံမှန်မဟုတ်ရင် သားဥ ကြွေချိန်မှာ ဖြစ်တတ်တဲ့ အရည်နည်းနည်းထွက်တာကို ရာသီနဲ့ မှားပြီး အဲဒီအချိန်မှာ ဆက်ဆံလိုက်ရင်တော့ ကလေးရဖို့ တော်တော် ကျိန်းသေပါတယ်။

သိထားဖို့က အဖေမဖြစ်ချင်ရင် ဘယ်တော့မှ အကာအကွယ်မဲ့ မဆက်ဆံပါနဲ့။

၎. ကိုယ်ဝန်ရှိနေရင်လဲ ရာသီလာနိုင်ပါသေးတယ်

ရာသီအစစ် မဟုတ်ပေမယ့် ကိုယ်ဝန် အနုပိုင်း အချိန်တွေမှာ သွေးအနည်းငယ် ကျတတ်ပါတယ်။ သွေးကျတိုင်း ရာသီလာပြီ ထင်ပြီး ကိုယ်ဝန်မရှိဘူး မထင်ပါနဲ့။ အဲဒီလို သွေးကျတာဟာ ကိုယ်ဝန်ဆောင် ခြင်းနဲ့ ဟော်မုန်းအပြောင်းအလဲတွေနဲ့ ပါတ်သတ်ပြီး မိန်းမတချို့မှာပဲ ဖြစ်ပွားပါတယ်။ အချင်းပြသနာရှိလို့၊ နေရာမှား သန္ဓေတည်လို့လဲ ဖြစ်နိုင်ပါတယ်။

၅. ကိုက်ခဲတာတွေက အရမ်းဆိုးပါတယ်

မိန်းမ ၈၀ ရာနှုန်းဟာ ရာသီလာချိန် ကိုက်ခဲလေ့ ရှိကြပြီး သုံးပုံတစ်ပုံကတော့ ကိုက်ခဲတာ ဆိုးလွန်းလို့ ပွဲတွေ လမ်းတွေ မတက်နိုင်တဲ့ထိပါ။

သူမ ရာသီစလာရင် သားအိမ်အတွင်းနံရံ ကြွေကျဖို့ အကူအညီပေးတဲ့ Prostaglandin ဟော်မုန်း တိုးလာပါတယ်။ အဲဒီဟော်မုန်းဟာ ကိုက်ခဲခြင်းကို ဖြစ်စေပြီး ဝမ်းဗိုက်အောက်ပိုင်းကနေ ကျောကုန်း၊ ပေါင်တွေအထိ ပြင်းပြင်းထန်ထန် နာကျင်လေ့ ရှိပါတယ်။ ဝမ်းလျောတာလို အူပြသနာတွေလဲ ဖြစ်စေနိုင်ပါတယ်။

၆. PMS ဆိုတာ တကယ်ရှိပါတယ်

PMS ခေါ်တဲ့ ရာသီမလာခင် လက္ခဏာတွေဟာ ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်ရတယ်လို့ ယုံကြည် ထားရပါတယ်။ ရာသီမလာခင် တစ်ပါတ်အလိုမှာ ပင်ပန်းခြင်း၊ စိတ်ပြောင်းလဲမှု မြန်ခြင်း၊ အစားအသောက် မက်ခြင်း၊ ရင်သား အထိမခံ ဖြစ်ခြင်း၊ ကြွက်တက်ခြင်း၊ စိတ်တိုလွယ်ခြင်းတို့ ဖြစ်တတ်ပါတယ်။ တချို့မိန်းမတွေမှာ ပိုသိသာလေ့ ရှိပြီး တချို့တွေမှာတော့ PMDD ခေါ်တဲ့ ပိုဆိုးတဲ့ အဆင့်ကို ကြုံရလေ့ ရှိပါတယ်။

PMDD မှာ စိတ်ဓာတ်ကျလွန်းခြင်း၊ အာရုံစူးစိုက်နိုင်မှု လျော့နည်းခြင်း၊ အန္တရာယ်ဖြစ်နိုင်တဲ့အထိ အိပ်ချိန်ပုံစံ ပြောင်းလဲခြင်းတို့ ဖြစ်တတ်ပါတယ်။ အဲဒီ လက္ခဏာတွေ တွေ့ရရင် ဆရာဝန်ဆီ သွားပါ။

၇. သားဥကြွေတာဟာ သူမကို စိတ်ပိုကြွစေပါတယ်

အမျိုးသမီးတွေဟာ သားဥကြွေချိန်မှာ လိင်ကိစ္စကို ပိုစိတ်ဝင်စားတတ်ကြပါတယ်။ အဲဒီအချိန်မှာ သူမရဲ့ ဦးနှောက်ကနေ သားအိမ် နံရံတည်ဆောက်တဲ့ ဟော်မုန်းနဲ့ သားအိမ် လှုံ့ဆွ ဟော်မုန်း အများဆုံး ထုတ်လုပ်ပေးပြီး အဲဒီ ဟော်မုန်း အပြောင်းအလဲတွေက သူမကို စိတ်ကြွစေပါတယ်။

၈. ရာသီလာတာဟာ သူမရဲ့ လိင်စိတ်ကို ဖျက်ရင်ဖျက်၊ မဖျက်ရင် ပိုကြွအောင် လုပ်နိုင်ပါတယ်

ရာသီလာချိန်မှာ PMS ဟော်မုန်းတွေ ဖြစ်တဲ့ Estrogen နဲ့ Progesterone တို့ ထုတ်လုပ်မှု များလာပြီး အကျိုးဆက်အနေနဲ့ မိန်းမတွေ လိင်စိတ် ခံစားမှု ပိုကြွလာပါတယ်။

ဒါပေမယ့် အဲဒါဟာ သူမ လိင်ဆက်ဆံဖို့ အသင့်ဖြစ်နေ တယ် မဆိုနိုင်ပါဘူး။ ကိုက်ခဲတာတွေဟာ လိင်ဆက်ဆံမှု အဆင်မပြေအောင် လုပ်နိုင်ပြီး သွေးထွက်နေမှုကလဲ သူမကို ရှက်စေပါတယ်။ ဒါပေမယ့် တချို့မိန်းမတွေက ဒီအချိန်မှာ ဆက်ဆံရတာကို နှစ်သက်ကြပါတယ်။ သူမရဲ့ ပေါင်းရင်းအင်္ဂါတွေမှာ သွေးစီးဆင်းမှု ပိုများလာလို့ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Gentleman

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: