Leave a comment

AA ဒု ဗိုလ်မှူးကြီးနှင့် ဆက်စပ် သူထံမှ ကျပ်သိန်း တစ်သောင်းခြောက်ထောင်ကျော် တန်ဖိုး ရှိ စိတ်ကြွ ဆေးနှင့် ဖောက်ခွဲရေး ပစ္စည်းများ ဖမ်းမိဟု ဆို

ရန်ကုန်/RiA ၊ ဖေဖေါ်ဝါရီ ၁၁ ရက်

ရန်ကုန် တိုင်းဒေသကြီး၊ တာမွေမြို့နယ် တွင် ဖေဖေါ်ဝါရီ ၆ ရက်နေ့ က ဖမ်းမိခဲ့တဲ့ ရက္ခိုင့် တပ်မတော် ရဲ့ အဆင့် မြင့် အရာရှိ ကို စစ်ဆေးမေးမြန်းမှု များအရ ဆက်စပ် သူများကို ရဲတပ်ဖွဲ့ မှ လိုက်လံ ရှာဖွေ ရာတွင် ကျပ်သိန်း တစ်သောင်းခြောက်ထောင်ကျော် တန်ဖိုးရှိ WY စိတ်ကြွ ဆေးပြား များနှင့် ပီနံ အိတ်ဖြင့် ထုတ်ပိုး ထားတဲ့ ကျည် ဆန် ကျည် ကတ်များ၊ ဖောက်ခွဲရေး ပစ္စည်းပြုလုပ် ရာ တွင် အသုံးပြုတဲ့ ဆက်စပ် ပစ္စည်းများ ကို ထပ်မံ ဖမ်းဆီး ရမိခဲ့ကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) ရဲတပ်ဖွဲ့ ရဲ့ ပြော ကြား ချက်များကို ကိုးကားပြီး ဒီကနေ့ ဖေဖေါ်ဝါရီ ၁၁ ရက်နေ့ထုတ် The Voice Daily တွင် ဖော်ပြခဲ့ ပါ တယ်။

AA ရဲ့ ဒုဗိုလ်မှူးကြီးနဲ့ ဆက်နွယ်သူ အသက် ၃၃ နှစ်အရွယ် ဦးဝေသာထွန်း (ခ) မျိုးဇော် နေထိုင်တဲ့ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ မြို့နယ် (၄၂) ရပ်ကွက်၊ ကင်းဝန် (၄) လမ်းရှိ နေအိမ်ကို ဖေဖေါ်ဝါရီ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီက ရဲတပ်ဖွဲ့က ၀င်ရောက် ရှာဖွေရာတွင် ပြောက်ကျားရောင် ယူနီဖောင်းများ၊ စစ်အသုံးအဆောင် ပစ္စည်းများနှင့်အတူ ဆက်သွယ်ရေးပစ္စည်းတွေကိုပါ ဖမ်းမိခဲ့ကြောင်း သိရပါတယ်။

“နေအိမ်ထဲ ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပေမယ့် လူကို မမိခဲ့ဘူး။ မြောက်ဥက္ကလပ (ဈ) ရပ်ကွက်မှာ သူ့အိမ်ရှိ တယ် သတင်းရတာကြောင့် အဲဒီနေ့ ညနေမှာပဲ သွားစုံ စမ်း ခဲ့ပြီး သူ့အပါအ၀င် သူ့ မိသားစု သုံးယောက်ကို ဖမ်းမိခဲ့ပါတယ်။ ဖမ်းဆီး စစ်ဆေးရာက မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းတွေကို မြောက်ဥက္ကလာပနဲ့ လှိုင်သာယာ က သူ့အိမ်နှစ်လုံးမှာ ထပ်မံ သိမ်းဆည်းရမိခဲ့ပါတယ်” လို့ ရန်ကုန် အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်ကို ကိုးကားပြီး The Voice တွင် ဖော်ပြပါရှိပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: