Leave a comment

မြန်မာရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် က သန်းခေါင် စာရင်း ကောက်ယူ

ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆


ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာနဲ့နယ်စပ်ခြင်းထိစပ်နေတဲ့ နိုင်ငံရဲ့ အရှေ့တောင်ပိုင်းမှာနေထိုင်တဲ့ မြန်မာရိုဟင်ဂျာ ဒုက္ခသည် စာရင်းကို စတင်ကောက်ခံနေပါတယ်။
အရှေ့တောင်ပိုင်းမှာရှိတဲ့ ရပ်ကွက်၆ခု Chittagong, Cox’s Bazar, Rangamati, Khagrachhari, Bandarban နဲ့ Patuakhali က အိမ်ထောင်စုလူဦးရေစာရင်းကို ဘင်္ဂလားဒေ့ရှ်သတင်းအချက် အလက်   ကောက်ခံရေးအဖွဲ့အစည်း(BBS)က စတင်ကောက်ယူနေတယ် လို့ Xinhua သတင်းဌာနက ဖော်ပြပါတယ်။
“ရိုဟင်ဂျာအိမ်ထောင်စုစာရင်းကို ဖေဖေါ်ဝါရီလ ၁၇ရက်နေ့ထိ ကောက်ခံဖို့ရှိတယ်”လို့ (BBS) Chittagong ဌာနပိုင်းရဲ့ ဒါရိုက်တာ Md Emdadul Huq က ပြောဆိုခဲ့ပါတယ်။ နောက်လလောက်မှာတော့ သန်းခေါင်းစာရင်းတွေ စပေးဖို့ရှိပါတယ်။ “ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ရှိတဲ့ ရှုတ်ထွေးနေတဲ့ ရိုဟင်ဂျာလူဦးရေစာရင်းကို တိတိကျကျသိရဖို့ အတွက်   သန်းခေါင်စာရင်းက ရည်ရွယ်ထားတာဖြစ်တယ်”လို့ တာဝန်ရှိသူတွေကပြောဆိုထားပါတယ်။
လတ်တလော ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရိုဟင်ဂျာလူဦးရေကအမျိုးမျိုး ထွက်ပေါ်နေတာဖြစ်ပြီး အဲဒါကပြသနာကို   ဖြေရှင်းဖို့ အတား အဆီးကြီးဖြစ်နေပါတယ်။ ဒုက္ခသည် ၃သောင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ကယ်ဆယ်ရေး စခန်းနှစ်ခု မှာ နေထိုင်နေတာဖြစ် တယ်လို့ စာရင်းမှာဖော်ပြထားပါတယ်။
နိုင်ငံအတွင်း တရားမ၀င်ရိုဟင်ဂျာလူဦးရေ ၃သိန်းကနေ ၅သိန်းကြားရှိမယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာအစိုးရက ဒီမျိုးနွယ်စုကို သူတို့ရဲ့မျိုးနွယ်ကိုသိပြီးနောက်မှာ ပြန်လည်ခေါ်ယူဖို့ ကတိပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီး ဌာန က အစောပိုင်းက မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: