Leave a comment

အခြေခံ မူလတန်းအဆင့် ကျောင်းများတွင် အမှုထမ်း ၈ နေရာအထိ ပြင်ဆင် ဖွဲ့စည်းခွင့်ပြု

ဧရာဝတီ

ပညာရေး ၀န်ကြီးဋ္ဌာန အခြေခံပညာ ဦးစီးဋ္ဌာနရှိ အခြေခံပညာ မူလတန်းအဆင့်ကျောင်းများကို ၁ ကျောင်းလျှင် မူလတန်းကျောင်းအုပ် ၁ နေရာ၊ မူလတန်းပြဆရာ ၆ နေရာ၊ အထွေထွေလုပ်သား ၁ နေရာ စုစုပေါင်း အမှုထမ်းရာထူး ၈ နေရာဖြင့် ပြင်ဆင် ဖွဲ့စည်းခွင့်ပြု လိုက်ကြောင်း သတင်းရရှိသည်။

“တိုးချဲ့ ဖွဲ့စည်းမှာ ဟုတ်ပါတယ်။ ကျောင်းသား ၅၅ ယောက်အောက်ပဲ ရှိတဲ့ ကျောင်းတွေကိုလည်း ဖျက်ပြီး နီးစပ်ရာ ကျောင်းတွေနဲ့ ပေါင်းဖို့ စီစဉ်နေတယ်လို့လည်း ကြားတယ်။ ၅၅ ယောက်အောက်ပဲရှိတဲ့ ကျောင်းကို ဆရာအင်အား ၈ ယောက်ထားဖို့ မဖြစ်နိုင်လို့ ပြောင်းဖို့ လုပ်တာလို့ ထင်တယ်”ဟု တွံတေးမြို့နယ်မှ မူလတန်းကျောင်းအုပ်ဆရာမတဦးက ပြောသည်။

အခြေခံပညာ ဦးစီးဋ္ဌာန၏ ဖွဲ့စည်းပုံအရ အခြေခံပညာ မူလတန်းကျောင်း ၄၃၉၃၀ ကျောင်းတွင် မူလလတန်းပြဆရာ ၁၃၆၇၆၂ ဦးဖြင့် ဖွဲ့စည်းထားရာ မူလတန်းပြဆရာ ၁၂၆၈၅၄ နေရာ ထပ်မံတိုးချဲ့၍ စုစုပေါင်းအင်အား ၂၆၃၅၈၀ နေရာဖြင့် တိုးချဲ့ဖွဲ့စည်းခွင့် ပြုလိုက် ကြောင်း ပညာရေးဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: