Leave a comment

သူရ ဦးရွှေမန်း ဦးဆောင်ကော်မရှင် ဥပဒေ ၂၀၀ ကျော် ပြင်ဆင် ပယ်ဖျက် ဖို့ စိစစ်

ပြည်သူ့ လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်ရဲ့ ဆောင်ရွက် ချက်များ ရှင်းလင်း တင်ပြခြင်းကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ကပြုလုပ်စဉ်

ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း သူရဦးရွှေမန်း ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ   လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်ဟာ ပြဌာန်းပြီးသား ဥပဒေပေါင်း ၂၀၀ ကျော်ကို ပြင်ဆင်ပယ်ဖျက်ဖို့ စိစစ်နေတယ်လို့ သိရပါတယ်။

ကော်မရှင် အနေနဲ့ ပြန်လည်ပြင်ဆင်၊ ပြဌာန်းဖို့ လိုအပ်မယ့် ဥပဒေတွေ ကို စိစစ်နေပြီး ပြည်သူတွေ ဘက်ကလည်း အကြံဥာဏ်တွေပေးနိုင် တယ်လို့ ကော်မရှင် အဖွဲ့ဝင် ဦးစောလှထွန်း က ပြောပါတယ်။

“တိုင်းပြည် အတွက် ကောင်းမယ် ဆိုလို့ရှိရင် အကြံဥာဏ်တွေ လည်း ပေးနိုင်တယ် ဆိုတဲ့ ဟာမျိုးပေါ့နော်၊ အခုဟာ ကတော့ ပြင်ဆင်ပြဌာန်းမယ့် ဥပဒေတွေကို လိုက်ပြီးတော့ပြန်စိစစ်တယ်၊ အဲ့အဆင့်လောက်ပဲရှိပါသေးတယ်၊ ကျန်တာဘာမှမလုပ်ရသေးဘူး၊ နိုင်ငံတော်မှာ ပြဌာန်းပြီးသားဥပဒေတွေ ပြင်ဆင်ဖို့ ပယ်ဖျက်ဖို့ အသစ်ပြဌာန်းဖို့ ဆိုတဲ့ဟာတွေက ဘယ်နှစ်ခုရှိတယ်ဆိုတာ အဲ့အလုပ်တွေပဲလုပ်နေပါတယ်”

ကော်မရှင်အနေနဲ့ လက်ရှိအချိန်အထိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်တွေနဲ့ ပတ်သက်ပြီး ပြင်ဆင်ပြဌာန်းဖို့ အတွက် ဆွေးနွေးတာမျိုး မရှိသေးဘူးလို့လည်း ဦးစောလှထွန်းက ပြောပါတယ်။

ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဟာ မနေ့က   နေပြည်တော် မှာ အစည်းအဝေးကျင်းပခဲ့ပြီး ကော်မရှင်ဥက္ကဌ သူရဦးရွှေမန်းအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပါတယ်။

အဲဒီကော်မရှင်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဥက္ကဌအဖြစ် သူရဦးရွှေမန်း၊ ဒုတိယ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်နဲ့ အဖွဲ့ဝင်တွေအဖြစ် အငြိမ်းစား တွဲဖက်စစ်ထောက်ချုပ် ဦးခင်မောင်ထွန်း၊ အငြိမ်းစားညွှန်ကြားရေးမှူး ဦးကျင်ဖေ၊ အငြိမ်းစားဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးဇော်မြင့်ဖေ စတဲ့ အဖွဲ့ဝင် ၂၃ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေ ၂၃၂ ခုကို အတည်ပြုနိုင်ခဲ့ပြီး  လက်ရှိ ဒုတိယအကြိမ် လွှတ်တော်မှာ ဆွေးနွေးဖို့ ဥပဒေကြမ်းပေါင်း ၄၀ လောက် ရှိနေတယ်လို့ သိရပါတယ်။

http://www.rfa.org/burmese/news/shweman-committee-reviews-200laws-02192016092641.html

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: