Leave a comment

ဒေါ်စု၏ခင်ပွန်းအဲရစ် ထံမှ ဗုဒ္ဓစာ ပေများကို သင်ယူ ဆည်းပူး ခဲ့သော ကမ္ဘာ့ အသက် ငယ်ဆုံး ဘူတန် ဘုရင်

image

image

image

ဒေါ်အောင်ဆန်းစုကြည် ၏ ခင်ပွန်း မိုက်ကယ် အဲရစ် ထံမှ ဗုဒ္ဓစာပေများကို သင်ယူ ဆည်းပူး ခဲ့သော ကမ္ဘာ့ အသက် ငယ်ဆုံး ဘူတန်ဘုရင်
********************

ဂျစ်မီဂီဆာနမ်ရဲယ်ဝပ်ချပ် သည် ဘူတန်ဘုရင့်နိုင်ငံ၏ ပဉ္စမမြောက် လက်ရှိအုပ်ချုပ်နေသော ကမ္ဘာ့အသက်ငယ် ဆုံး ဘုရင်ဖြစ်သည်။ ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်နေ့ တွင် ဘုရင်ဖြစ်လာခဲ့ပြီး ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် နန်းတက်ခဲ့သည်။

ကလေးဘဝအချိန်တွင် မိုက်ကယ်အဲရစ်ထံမှ ဗုဒ္ဓစာပေ, ယဉ်ကျေးမှု စာပေတို့ကိုလေ့လာဆည်းပူးခဲ့ရ၏။
မိုက်ကယ်အဲရစ်သည် သုတေသီတစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာ
ကိုသက်ဝင်ယုံကြည်သူတစ်ဦးဖြစ်ပြီး မြောက်ပိုင်း ဗုဒ္ဓ ဘာသာဟုခေါ်သော မဟာယာန ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှု့ ဆိုင်ရာ သမိုင်းကြောင်းအား အထူးပြု လေ့လာ သည့် သုတေသနပညာရှင်တစ်ဦးဖြစ်၏။

ဒေါတ်တာ မိုက်ကယ်အဲရစ်သည် ဘူတန်တွင် ဘူတန် ဘုရင်၏ သားတော် သမီးတော်များအား စာသင်ပေးသည့် ကျောင်းဆရာအပြင် ဗုဒ္ဓစာပေများ ကိုလည်း အချိန် ပေးပြီး ပြသခဲ့ရ၏။ ၄င်းအပြင် ဘူတန်အစိုးရ၏ ဘာသာ ပြန်ဌာနတွင်လည်း အကြီးတန်းအရာရှိ အဖြစ်ဆောင် ရွက်ခဲ့လေ၏။
ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ဘူတန် နိုင်ငံ ရဲ့ နိုင်ငံခြားရေးရုံးတွင် ကုလသမဂ္ဂ အကြံပေးအရာရှိ အဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့လေ၏။

မိုက်ကယ်အဲရစ် မြန်မာပြည်သို့ အလည်လာရောက်စဉ် မင်းကွန်းဆရာတော်ကြီးကို ဖူမြော်လိုသောကြောင့် မင်းကွန်းသို့သွားရောက်ကာ ဖူးမြော်စဉ် အစိုးရ ထောက် လှမ်း ရေးများက ဝိုင်းအုံသတင်း ယူနေသော ကြောင့် ဆရာတော်ကြီးမှ မျက်စိနောက်သဖြင့် မြန်မာလို လည်းမပြော။ အင်္ဂလိပ်လိုလဲမပြော ။ ပါဠိဘာသာဖြင့် ဆရာတော်ကြီးနှင့် မိုက်ကယ်အဲရစ်တို့ ပြောဆို ဆွေးနွေးခဲ့သောကြောင့် သတင်းထောက်များ မည်သည့်သတင်းမှမရဘဲ ပြန်လာကြရ၏ ဟူသတတ်။

================

ရေးသားသည့် ဆရာတော် = အရှင်ဣန္ဒာစာရ (နတ်မောက်)

Credit ; Indarcara Natmauk

Owner’s link ; https://www.facebook.com/indacara.natmauk?fref=ts

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: