Leave a comment

ကော့ကရိတ်မှာ ကျားကိုက်၍ လူ ၂ ဦး ဒဏ်ရာရ ၊ကျားကို ပစ်ခတ် ဖမ်းဆီး

ကော့ကရိတ်၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၁၆

ကော့ကရိတ်မြို့နယ်၊ ရေလယ်ကုန်းကျေးရွာတွင် ယနေ့နံနက် ၄ နာရီခွဲခန့်တွင် (၇)တောင်အရွယ်ခန့်ရှိ ကျားတစ် ကောင် ၀င်ရောက် သည့် အတွက် ငါးပိုက်ထောင်သူ(၂)ဦးထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံသို့ တင်ပို့ကုသ ထားကြောင်း တပ်မတော်နှင့် တာဝန်ရှိသူများက ကျားကို ဖမ်းဆီးရမိရေးနှင့် ရွာသူ/ရွာသားများ အန္တရာယ်မဖြစ်စေရေး ဆောင်ရွက် လျက်ရှိကြောင်းနှင့် နံနက် (၁၁)နာရီခွဲခန့်တွင် ကျားအား အသေ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း-MOI
ဓာတ်ပုံ- Kyan Tine Aung

” ရွာသားများကို ရန်မူသည့် ကျားကို ပစ်ခတ်ဖမ်းဆီး “

ကော့ကရိတ်မြို့နယ် ရေလည်ကုန်းကျေးရွာတွင် ယနေ့ နံနက်ပိုင်းက ရွာသားနှစ်ဦး ကျားအကိုက်ခံခဲ့ရပြီး အဆိုပါကျားကို ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့ BGF က အသေ ပစ်ခတ်ဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ကျားကိုက်ခံရ၍ ကော့ကရိတ်မြို့နယ် ရေလည်ကုန်းရွာမှ ဦးချစ်ညီနှင့် အသက်၁၈ နှစ် အရွယ်ရှိ ကိုအောင်ထွန်းလင်း တို့ နှစ်ဦး ဒဏ်ရာရရှိ ခဲ့ပြီး ကော့ကရိတ်ဆေးရုံသို့ ပို့ဆောင်ကုသနေသည်။ဒဏ်ရာရရှိသူနှစ်ဦး အနက် ကိုအောင် ထွန်းလင်း မှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ရဲတပ်ဖွဲ့နဲ့ ကျွန်တော်တို့ ပေါင်းဖမ်းလိုက်တာ၊ ကျားက ရဲ တစ်ယောက် ကိုတောင် ခုန်အုပ်လိုက်သေးတယ်၊ အချိန်မီ ပစ်လိုက်နိုင်တယ်၊ ” ဟု ကရင်ပြည်နယ်နယ်ခြားစောင့် တပ်ဖွဲ့မှ ဗိုလ်မှုးခင်မောင်ဝင်းက ပြောသည်။ ကျားမှာ ဦးခေါင်းမှ အမြီး အထိ ၈တောင်ကျော် ရှည်ကြောင်း ဗိုလ်မှူး ခင်မောင်ဝင်း ကပြောသည်။

ကော့ကရိတ်မြို့ရေလယ်ကုန်းရွာမှာ လူနှစ်ယောက်ကို ကိုက်သွားတဲ့ ကျားကို့ BGF 1016 တပ်ရင်းအဖွဲ့က ယနေ့မနက် မှာပဲ အသေပစ် ခတ် ဖမ်းဆီးလိုက် တယ်လို့ ဒေသတွင်း ကရင်ပြည်နယ် ဘားအံမြို့တော်သတင်း ကဆိုပါတယ်။

ဓာတ်ပုံ – Pyae Phyo

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: