Leave a comment

Li Fi အင်​တာနက်​ အ​ကြောင်း သိ​ကောင်း စရာ

image

Wi-Fi ကို မေ့လိုက်ကြတော့
==============

ပြင်သစ်ရဲ့ မကြာသေးမီကမှ စတင်ထူ ထောင်လိုက်တဲ့ မိုဘိုင်း ကုမဏ္ကီ အသစ် ကလေး Oldecomm မှ မနေ့က ဘာစီလိုနား မှာ ပြု လုပ်တဲ့ Mobile World Congress ကမ္ဘာ့မိုဘိုင်း ဖုန်း ပြပွဲမှာ နည်းပညာ အသစ်ကို ထုတ်ပြခဲ့ပါတယ်။

အင်တာနက်ကို wi-fi အစား LED မီးလုံးက ထုတ်လွှင့် တဲ့ အလင်းတန်း နဲ့ အသုံးပြု နိုင်ပြီ ဆိုတာ ပြသ ခဲ့ပါ တယ်။ အတိုကောက် Li-Fi (Light Fidelty) လို့ အမည်ပေးထားပါတယ်။ လေထဲကို ဖြတ်ပြီး data တွေ ထုတ်လွှင့် ရတာ ဖြစ်တဲ့အတွက် Morse ကြေးနန်း နည်းပညာ နဲ့ တူတဲ့ digital equivalent ဖြစ်ပါ တယ်။

အမြန်နှုန်းက တော့ တစက္ကန့် ကို 200 Gb ဖြစ်ပြီး ရုပ်ရှင် DVD ၂၃ ခွေကို တစက္ကန့် အတွင်း ဒေါင်းလုပ် ဆွဲနိုင်တယ်လို့ ရဲရဲ ၀န့် ၀န့် ကြေငြာပြသခဲ့ပါတယ်။

ရေဒီယိုလှိုင်းတွေ အသုံးပြု ပြီး data တွေ ထုတ်လွှင်တဲ့ အတွက် wi-fi ထက် အဆ ၁၀၀ ကျော် မြန်တယ်လို့ ဆိုပါတယ်။

Apple က အခု နှစ်ကုန်မှာ ဈေးကွက်တင်ဘို့ ရှိတဲ့ iPhone 7 မှာ ထည့်မယ်လို့ သိရပါတယ်။

Wi-Fi ကို အသုံးပြု နေရတဲ့ ပစ္စည်းတွေ ၂၀၂၀ လောက် ဆို သန်း ၅၀ လောက် ရှိလာမှာ ဖြစ်တဲ့အတွက် အသုံးပြု တဲ့ ရေဒီယို လှိုင်းတွေ မလောက်မင ဖြစ်လာဘို့ အရေးရှိ နေ ပါတယ်။

စမ်းသပ်နေဆဲ ဖြစ်လို့ အမှန်တကယ် Li-Fi က နေရာ ၀င်ယူလားမလား ဆိုတာ ပြောဘို့ တော့ ခက် နေသေး ပေမယ့် ဘဲလ်ဂျီယံ၊ ပြင်သစ်၊ အက်စတိုး နီးယား နဲ့ အိန္ဒိယ ရှိ ပြတိုက် တွေ shopping mall တွေမှာ စမ်းသပ် အသုံးပြု နေပါတယ်။

တခု ရှိတာက LED မီးလုံး အလင်းရောင် ရှိတဲ့ နေရာ မှာသာ သုံးနိုင်ပြီး နံရံကို ကျော်ဖြတ် မသွားနိုင်သေးပဲ နောက်ထပ် card reader လို တခု ထပ် ထည့်ပေးဘို့ လိုနေပါတယ်။

HSW

ရည်ညွှန်း။ ။ AFP News Agency

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: