Leave a comment

အစ္စလာမ် ကပေးသည့် အမျိုးသမီး အခွင့် အရေး ကို သိရှိပြီးနောက် အစ္စလာမ်သို့ ကူးပြောင်းလိုက်တဲ့ ချက်စလို ဗက်ကီး ယား အလှမယ်

image

– ချက်စလိုဗက်ကီးယားပြည်သူ့သမ္မတ နိုင်ငံရဲ့ အလှမယ်ဟောင်းဖြစ်တဲ့ မာကီ တာ ကိုရင်ကိုဗာဟာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ အစ္စလာမ်သာသနာကို လူသိရှင်ကြား ပြောင်းလဲသက်ဝင် ခဲ့တယ်လို့ သိရပါ တယ်။

ကိုရင်ကိုဗာဟာ အီတလီမှာ ပြုလုပ်ခဲ့တဲ့ မယ်စကြ ၀ဠာ ပြိုင်ပွဲမှာ သရဖူရခဲ့သူဖြစ် ပြီး၊ နာမည်ကြီးဒီဇိုင်နာတစ် ယောက် လည်း ဖြစ်ပါတယ်။ မော်ဒယ်လောကမှာလည်း သူမက နာမည်တစ်လုံးရခဲ့ကာ ရုပ်ရှင်ရိုက်ကူးမှု တွေ လည်းပြုလုပ်ခဲ့ပါတယ်။

အစ္စလာမ်ကိုပြောင်းလဲသက်ဝင်ခဲ့ပြီးနောက်မှာတော့ အစ္စလာမ့်ဘွဲ့အမည်ကို မရ်ယမ်လို့ မှည့်ခေါ်ခဲ့ပြီး ဒူဘိုင်းနိုင်ငံမှာပဲ အခြေချနေထိုင်တော့မယ်လို့ ပြောကြားခဲ့ပါတယ်။ ကိုရင်ကိုဗာက သူမဟာ အစ္စလာမ့်သာသနာကို ၃ နှစ် ၃ မိုးကြာ လေ့လာခဲ့ပြီး အမျိုးသမီးတွေ အပေါ်မှာ အစ္စလာမ်က ပေးထားတဲ့ အဆင့်အတန်းကို ကြိုက်နှစ်သက်တဲ့ အတွက် အစ္စလာမ်ကို ပြောင်းလဲသက် ၀င်ခဲ့ တာဖြစ် တယ်လို့လည်း ဖွင့်ဟခဲ့ ပါတယ်။

သူမကို ကမ္ဘာတစ်ဝှမ်း ကုမ္ပဏီတွေက သူတို့ရဲ့ ထုတ်ကုန်တွေကို ကြေငြာပေးဖို့ ကမ်းလှမ်းထားပြီး ဟောလီးဝုဒ်ကတောင် ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ သူမကတော့ အရာအားလုံးပြည့်စုံပေမယ့် ယုံကြည်မှု ပိုင်းဆိုင်ရာမှာ လိုအပ်ချက် တွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

စိတ်ငြိမ်းချမ်းရာကို နည်းလမ်းပေါင်းစုံနဲ့ ရှာဖွေခဲ့တဲ့ ကိုရင်ကိုဗာဟာ နောက် ဆုံးမှာတော့ သူငယ်ချင်း တစ်ယောက်ရဲ့ အကြံပေးချက်နဲ့အတူ ဘာသာတရား တွေကို လေ့လာခဲ့ပါတော့တယ်။ ခရစ်ယာန်တစ်ယောက်ဖြစ်ပေမယ့် ခရစ်ယာန်ဘာသာမှာ လည်း သူ့ရဲ့ စိတ်ငြိမ်းချမ်းရာကို ရှာမတွေ့ခဲ့ဘဲ နောက် ဆုံး မှာတော့ အစ္စလာမ်ကို စတင်လေ့လာခဲ့ပါတယ်။

အစ္စလာမ်က အမျိုးသမီးတွေကိုပေး ထားတဲ့ အခွင့်အရေး တွေ၊ ကာကွယ် မှုတွေကို လေ့လာမိခဲ့တဲ့အခါမှာတော့ ကိုရင်ကိုဗာတစ်ယောက် အစ္စလာမ် သာသနာကို ပြောင်း လဲသက်ဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ နောက်ပိုင်းမှာ ဒူဘိုင်းကို ပြောင်းရွှေ့ အခြေချဖို့အထိ ဖြစ်ခဲ့ပါတယ်။

အဆိုးမြင်ခဲ့

အစ္စလာမ်က အမျိုသမီးတွေကို နေရာ မပေးဘူးလို့ သူမငယ်စဉ်ဘ၀မှာ နားသွင်းခံထားရကြောင်းကိုလည်း သူမက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အမှန်တကယ် လေ့လာခဲ့တဲ့ အချိန်မှာ တော့ အစ္စလာမ်ဟာ အမျိုးသမီး တွေ အတွက် အိနြေ္ဒသိက္ခာရှိတဲ့အခြေ အနေကို ပေးအပ် ထားပြီး၊ အနောက်နိုင်ငံ တွေကတော့ ‘လွပ်လပ်မှု’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမျိုးသမီးတွေကို ကစားနေကြ တာဖြစ်တယ်လို့ ကိုရင်ကိုဗာက မှတ်ချက်ပြုခဲ့ပါတယ်။

ဒူဘိုင်းမှာ အခြေချခဲ့တဲ့အကြောင်းအရင်းကတော့ အစ္စလာမ့် ရဲ့သင်ကြားမှုတွေကို ထပ်မံ လေ့ လာနိုင်ဖို့ အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

သူမဘ၀တစ်လျှောက်လုံး ခံစားခဲ့ရတဲ့ စိတ်မငြိမ်းချမ်းမှု ဟာ ရှဟာဒသ် (အစ္စလာမ်ကို သက်ဝင်ကြောင်း သက်သေ ထွက်ဆိုချက်) ဖတ်ပြီးတဲ့ နောက်ပိုင်းမှာတော့ အဆုံးသတ်သွား ကြောင်း၊ မလုံ့တလုံ အ၀တ်အစားတွေ ၀တ်ဆင်မှုကို စွန့်လွှတ်ခဲ့ပြီး ဟီဂျဘ်ကို စတင်ဝတ်ဆင်ခဲ့ ကြောင်း၊ ဟိဂျဘ်ဝတ် ဆင်ထားတဲ့ သူမရဲ့ပုံကို လွှင့်တင် ခဲ့ တဲ့အခါမှာတော့ ပရိတ်သတ်တွေအားလုံး အံအားသင့် သွားခဲ့တယ်လို့ သူမက ပြောကြားခဲ့ပါတယ်။

အစပိုင်းမှာတော့ ကိုရင်ကိုဗာဟာ ဖက်ရှင်ရှိုးတစ်ခု အတွက် ၀တ်ဆင် တာဖြစ်မယ်လို့ ပရိတ်သတ်တွေက ထင်ခဲ့ပေမယ့် သူမအမှန်တကယ် အစ္စလာမ်ကိုသက် ၀င်ကြောင်း ကြေငြာလိုက်တဲ့အခါမှာတော့ ပရိတ်သတ် တွေအားလုံးက အံ့သြမှင်သက်ခဲ့ကြပါတယ်။

Ref: IINA / M.media

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: