Leave a comment

ဆရာကြီးဦရာဇတ်​အ​ကြောင်း

image

ဆရာကြီးဦးရာဇတ် ပုံ

“ဆရာကြီးဦးရာဇတ် အကြောင်း” စာအုပ်ကို သူ့တပည့် (၂၈) ဦးတို့က ပြောပြထားသည်။ အသက်အငယ်ဆုံး တပည့်ပင်လျှင် ခုဆိုရင် အသက် ၈၀ ကျော်နေကြပြီ။ တပည့်တွေ ကလည်း ပညာရေးဘက်၊ စစ်ဘက်၊ နယ်ဘက်၊ စီးပွားရေးဘက် စသည်တို့၌ ကိုယ့်နယ်၊ ကိုယ့်လောကတွင်  “ဒိတ်ဒိတ်ကြဲ” တွေချည်းပါပဲ ဟု ဆိုလောက်သူများ ဖြစ်ကြပါပေသည်။ ကလောင်ကျင့်သား ရနေသူ လေးငါးယောက်မှ အပ အချို့မှာ ဤစာလေးတစ်ပုဒ်ကို အတော်ကြီးကို ကြိုးစားပမ်းစား ရေးယူကြဟန် တူပါတယ်။ တစ်ယောက်က ဆိုလျှင် စာဖတ်ရန်လည်း ဝါသနာမပါ၊ ရေးရန်လည်း ဝါသနာမပါ၊ ကိုယ့်ဆရာအကြောင်း မို့သာ ကြိုးစားရေးလိုက် ရပါသည်ဟု ခပ်ပြောင်ပြောင်ပင် ဝန်ခံထားသည်။ သို့ပါလျက်နှင့်ပင် သူ့စာကို သုံးခေါက်လောက် ထပ်ပြီး ဖတ်မိပါသည်။ အကြောင်းအရာ အချက်အလက်ကိုယ်က ကောင်းနေပြန်တော့ ဆွဲအားကလည်း ကောင်းနေပြန်တော့ သည်သာ။

◑◑◑

ဆရာကြီးဦးရာဇတ် ကို ကျွန်တော်တို့က အာဇာနည်များ ဓာတ်ပုံထဲမှာသာ မြင်းဖူးကြသည်။ အနောက်တိုင်း ဝတ်စုံနှင့် ထိုဓာတ်ပုံက လွဲပြီး အခြားတစ်ပုံတလေကိုမျှ မှတ်မှန်သားသား မမြင်စဖူး။

အာဇာနည်ဓာတ်ပုံကို ငယ်စဉ်က ကြည့်ပြီး “ဟာ ကုလားကြီးတစ်ယောက်ပါပဲ” ဟု ကျွန်တော် ထင်လိုက်မိသည်က ဘာဟုတ်သေးလဲ၊ သူ့တပည့် အရင်းခေါက်ခေါက်ကြီး (ဦး)အောင်ကြည်၏ “တစေ့တစောင်း၊ ဆရာကြီးအကြောင်း” ကို ဖတ်လိုက်ရတော့ ရယ်မိသည်။ သူ့ဆောင်းပါးကို စဖွင့်လိုက်သည့် ခေါင်းစီးက “ကြိမ်လုံးကိုင်သော ကုလားကြီး” တဲ့။ သူ့သရုပ်ဖော်သော စာပိုဒ်ကို ထုတ်ပြလိုက်ပါရစေ။

✏ ✏ ✏
   ( ကျောင်းသားများနောက် ) မ လှမ်း မ ကမ်း မှ လိုက် ပါ လာ သူ က တော့ ရှပ် အ င်္ကျီ အ ဖြူ၊ ထား ဝယ် စိမ်း ရောင် လုံ ချည်၊ အယ်လ် ပါ ကား ကုတ် အ င်္ကျီ အ နက် ကို ဝတ် ဆင် ထား သည့် ကု လား ကြီး တစ် ဦး ဖြစ် သည်။ လက် တစ်ဖက် က မယ်ရှင် ဆေး ပေါ့ လိပ့် အ တုတ် ကြီး ကို လက် ကြား ညှပ် ၍ ကျန် တစ် ဖက် က ကြိမ် လုံး ကိုင် ထား ပါ သည်။ ဘေး ဘီ ကျောင်း သာ၊ ကျောင်း သူ များ ထံမှ သိ ရ သည် က ထို ကြိမ် လုံး နှင့် ကု လား ကြီး သည် ကျွန် တော် တို့ ၏ ကျောင်း အုပ် ဆ ရာ ကြီး၊ အ မည် မှာ မစ္စတာရာဇတ် ဟူ ၍။
ရုတ် တ ရက် တော့ အ မျိုး သား ကျောင်း ၏ ဆ ရာ ကြီး မှာ မြန် မာ မ ဟုတ်၊ ကု လား ကြီး ဖြစ် သည် ကို သိ ရ ၍ ဘ ဝင် မ ကျ ချင် ပါ။ သူငယ် တန်း ကျောင်း သား လေ ဦး နှောက် ဖြင့် စဉ်း စား ကြံ ဆ ၍ မ ရ ပါ။ သို့ သော် လည်း တစ် ခု ခု ၌ တော် ၍ သာ အ မျိုး သား ကျောင်း ဆ ရာ ကြီး ဖြစ် လာ ရ သည် ဟု တွေး မိ ပါ သည်။ စော စော က တင် ပြ ခဲ့ သည် ဘု ရား ရှစ်ခိုး ဝတ် မ တက် ရန် စ နေ ထောင် ရှိ အိမ်သာ ထဲ ၌ ပုန်း ရှောင် နေ သော ကျောင်း သား ကြီး များ အား မ ရွံ မ ရှာ အိမ် သာ ထဲ သို့် လိုက် လံ ဖမ်း ဆီး ပြီး ကြိမ် လုံး နှင့် ဆော် လွှတ် သော ဆ ရာ ကြီး ၏ နိ စ္စ ဓူ ဝ တာ ဝန် ကြီး တစ် ရပ် ကို ထမ်း ဆောင် နေ သည်ကို မြင် ရ သည့် အ ခါ ကု လား ဖြ စ်ေ ပ မ ယ့် ဗု ဒ္ဓ ဘု ရား ကို ကြ ည် ညို သား ပဲ ဟု ဆ ရာ ကြီး ကို ကု လား အ ဖြစ် မ မြင် တော့ ဘဲ ဘာ သာ တ ရား ကိုင်း ရှိုင်း သူ အ ဖြစ် ကြ ည် ညို လာ မိ ပါ သည်။

◑◑◑

အထက်ပါစာပိုဒ်လောက်နှင့်ပင် ဆရာကြီး၏ စိတ်နေသဘောထားကို မှန်းဆနိုင်လောက်ပါပြီ။

ဆရာကြီး၏ မိဘများမှာ မစ္စတာအေရာမန်နှင့် ဒေါ်ငြိမ်းလှ တို့ဖြစ်သည်။ ဖခင်က မွတ်ဆလင် ဖြစ်သော်လည်း မိခင်က ဗုဒ္ဓဘာသာ ဖြစ်သည်ပြင် ဆရာကြီးကိုယ်တိုင်က ပါဠိဘာသာကို အမြတ်တနိုးသင်ယူ၊ သင်ပေး လုပ်ခဲ့ရသောကြောင့် ဗုဒ္ဓဘာသာကို လေးစား ကိုင်းရှိုင်း နေသည်ဟု သိနိုင်ပါသည်။ မန္တလေးလို မြို့ကြီးတွင် ကြီးပြင်းခဲ့ရသောကြောင့် မြန်မာမှု၊ မြန်မာယဉ်ကျေးမှုကိုလည်း ရိုးစွဲသားစွဲ ချစ်ခင် နေဟန် ရှိပါသည်။ ဦးစောလှ (အရှေ့တိုင်းနို့ဆီ) ၏ ဆောင်းပါးတစ်နေရာကို ဖတ်လိုက်ရ သောအခါ အံ့အားပင် သင့်သွားမိပါသည်။ သူ့စာက…

✏ ✏ ✏

   ဆ ရာ ကြီး သည် အ တု အ ယောင် ကို အ လွန် စက် ဆုပ် သူ တစ် ဦး ဖြစ် ပါ သည်။ ဇေ ရ ဘာ ဒီ ကု လား များ ကို အ လွန် မ နှစ် မြို့ သည့် အ လျောက် ကျွန် တော် တို့ တ ပည့် တွေ အ ပြော အ ဆို အ သုံး အ နှုန်း ဌာန် က ရိုဏ်း မ ကျ လျှင်…
“မင်းတို့က ဇေဆန်လိုက်တာကွာ” ဟူ ၍ အ မြဲ အ ပြော ခံ ရ ပါ သည်။

………….

ဒီစာကို ဖတ်လိုက်ပြီးတော့ စာဖတ်သူ မည်သို့ ခံစားရသနည်း။ ကျွန်တော်သည် ဆရာကြီး ဦးရာဇတ်ကို အာဇာနည်ကြီး အဖြစ် လည်းကောင်း၊ အမျိုးသားကျောင်းဆရာကြီး အဖြစ်လည်းကောင်း ကြည်ညိုခဲ့သည်မှာ အမှန် ဖြစ်ပါသည်။ ဤစာအုပ်ကို ဖတ်လိုက်ရ သောအခါ မျိုးချစ်ပုဂ္ဂိုလ်ကြီးအဖြစ် ကြည်ညိုခြင်း အသစ် ဖြစ်ရပြန်ပါသည်။

ဆရာကြီး ဘဝကိုလည်း ကြည့်ပါဦး။ တက္ကသိုလ် ပညာသင်နေရင်း ဘီအေ အထက်တန်း (နောက်ဆုံးနှစ်) ရောက်တော့ ၁၉၂၀ ပြည့် အမျိုးသားသပိတ်ကြီး ပေါ်လာခဲ့ရာ သပိတ်မှောက်ပြီး ကျောင်းပြန်မတက်တော့ဘဲ မန္တလေးဗဟို အမျိုးသား အထက်တန်းကျောင်း (နေရှင်နယ်ကျောင်း) ကြီးကို ထူထောင်ခဲ့သည်။

အဲသည် ကျောင်းမှာ သူ ဘာတွေလုပ်ခဲ့သလဲ။
နယ်ချဲ့လက်အောက် ကျွန်ခေတ်မှာ သူ ဘာတွေလုပ်ခဲ့သလဲ။

” သူများကျောင်းက အိုင်စီအက်စ် တစ်ယောက် ထွက်ရင် ငါ့ကျောင်းက ဗြိတိသျှအစိုးအရကို ပုန်ကန်မယ့် သူပုန်ဆယ်ယောက် ထွက်ရမယ် ” ဟူသော ကြွေးကြော်သံနှင့်ပင် အလုံးစုံကို ရိပ်မိလောက်ပါသည်။ သူလုပ်ခဲ့တာတွေ၊ ကျောင်းသား၊ ကျောင်းသူတို့၏ ရင်နှလုံးတွင် သွင်းပေးခဲ့တာတွေကလည်း များလှပါတယ်။ ကျောင်းသားတွေ စစ်စိတ်၊ စစ်သွေး ကိုယ်ခံရအောင် “ရဲတပ်” ဖွဲ့ပေးခဲ့သည်။ ရဲဗိုလ်ကြီးဝတ်စုံနှင့် ခံ့ညား တင့်တယ်ရိုသေဖွယ် ကောင်းလှသော ဆရာကြီး၏ ရုပ်သွင်ကို တပည့်များက တခမ်းတနား ဖော်ပြကြသည်။

အင်္ဂလိပ်ကို ဆန့်ကျင်သော်လည်း အင်္ဂလိပ်စာကို အထူးအလေးပေးပြီး သင်ကြားပေးသည်။ အမျိုးသားကျောင်း ဖြစ်ပါလျက်နှင့်ပင် ငါးတန်းအထက် ကျောင်းသားများအား ကျောင်ထဲ၌ မြန်မာလိုပြောလျှင် ကြိမ်နှင့်ဆော်သည်။ ဆရာကြီး စဉ်းစားပုံမှာ ပြတ်သားလှသည်။

ကျောင်းမြေက မကျယ်ဝန်း။ အားကစားကွင်း လုပ်လောက်အောင် မြေမရှိ။ သည်တော့ လက်ဝှေ့ကို အားပေးသည်။ သူ့ လက်ဝှေ့ကျော်များမှာ ကမ္ဘာတစ်ခွင်သို့ပင် လှည့်လည်၍ လက်သီးစွမ်းပြခဲ့သည်။ နည်းနည်းနောနော အောင်မြင်မှု မဟုတ်ပေ။

စည်းကမ်းကို အပြတ်ကိုင်သည်။ နေရှင်နယ်ကျောင်းကို မလိုတမာရှိသူတို့က စည်းမဲ့၊ ကမ်းမဲ့ “နေချင်တိုင်းကျောင်း” ဟု အပြောခံရမည်ကို သေမလောက် စိုးရိမ်သည်။ ထိုကြောင့် စည်းကမ်းကို နှုတ်နှင့်လည်း ပဲ့ပြင်သည်။ ကြိမ်နှင့်လည်း ကွပ်ညှပ်သည်။

အရေးအကြီးတကာ့အကြီးဆုံး ရည်မှန်းချက်က ပညာတက် မျိုးချစ်လူငယ်များ မွေးထုတ်ပေး လိုက်ရန် ဖြစ်သည်ဟု ဆိုရပါမည်။ မန္တလေး ဗဟိုအမျိုးသားကျောင်းကြီး၏ ရည်မှန်းချက် အောင်မြင်ကြောင်းကို သမိုင်းက သက်သေထူသွားခဲ့ပါပြီ။

ဤစာအုပ်ပါအကြောင်းအရာများမှ ကျွန်တော်စိတ်ဝင်စားမိသော အကြောင်းအရာလေးနှစ်ကွက်၊ သုံးကွက်ကိုတော့ ထုတ်ပြချင်ပါသေးသည်။

◑◑◑

#_ဦးမောင်မောင်မြရဲ့အံ့ချီးဖွယ်ရာ_တို့ဆရာ_

ဦးမောင်မောင်မြက သူ့အကြောင်းကို ရေးသည်မဟုတ်။ “ချစ်ထွန်း” ဆိုသော မူလတန်း ကျောင်းသားကလေး တစ်ယောက် အကြောင်းကို ရေးထားခြင်း ဖြစ်သည်။ တစ်နေ့တွင် ချစ်ထွန်း၏ မိဘများကိုယ်တိုင် သူတို့သားငယ်ကို ကျောင်းလိုက်ပို့ရင်း ဆရာကြီးအား ချစ်ထွန်း ကျောင်းပြေးလွန်းသောကြောင့် ဆုံးမပေးပါရန် တိုင်ကြားသည်။ ဆရာကြီးက ချစ်ထွန်းအား အတန်အသင့် ဆုံးမပြီး “နောက်ကို ကျောင်းမပြေးနှင့်၊ ကျောင်းပြေးချင်လျှင် ငါ့ကို လာပြော” ဟု မှာလိုက်သည်။ ချစ်ထွန်း ကျောင်းကို မှန်မှန်တက်သည်။ သို့သော် သီတင်းနှစ်ပတ်လောက် ရှိတော့ မနေနိုင်တော့၊ ကျောင်းပြေးချင်လာသည်။ သို့သော် ဆရာကြီး၏ အမှာစကားကို သတိရသောကြောင့် မကြောက်မလန့် ဆရာကြီးရုံးခန်းသို့ ဝင်သွားသည်။ ဆရာကြီးက “ဘာလာလုပ်သလဲ” ဟု မေးလိုက်တော့ “ကျောင်းပြေးချင်လို့်” ဟုပင် ပြောလိုက်သည်။

ဆရာကြီးဦးရာဇတ် ဘာလုပ်သည်ထင်းသနည်း။

” အေး…ဒါဖြင့် မင်းစာအုပ်တွေ သွားယူချေ” ဟု ခိုင်းလိုက်ပြီး ပေါင်းထုပ်ကြီးနှင့် ပန်ချာပီ ကုလားတွေ မောင်းလေ့ရှိသည့် ‘ရထားလုံး’ တစ်စီးကို ခေါ်လိုက်သည်။ ထိုနောက် ချစ်ထွန်းကို တက်စေလျက် မဝေးလှသည့် သူ့နေအိမ်ကို တိုက်ရိုက်မမောင်းစေဘဲ လှည့်ပတ်ပြီး မောင်းသွားစေရန် လမ်းညွှန်ပေး လိုက်သည့်ပြင် ရထားခ သုံးပဲကို ချစ်ထွန်း ရှေ့မှာပင် ရထားသမားအား ပေးလိုက်သည်။ ချစ်ထွန်းက ပျော်တပြုံးပြုံး ပါသွားသည်။ အိမ်ပြန်အရောက် ရထားပေါ်က ဆင်းလိုက်တော့ လူကြီးတွေက အံ့အားတွေသင့်လို့။

နောက်တစ်နေ့မှာတော့ ချစ်ထွန်းလေးက စိတ်အားထက်သန်စွာ ကျောင်းပြန်တက်တယ်။ သို့သော် နှစ်ပတ်လောက် ရှိပြန်တော့ ကျောင်းပြေးချင်လာပြန်တယ်။ ထိုကြောင့် ဆရာကြီးဆီ ရောက်သွားပြန်သည်။ ကျောင်းပြေးချင်ကြောင်း ပြောလိုက်တော့ ဆရာကြီးက ပျာပျာသလဲထပြီး ကုတ်အင်္ကျီအိတ်၊ ဘောင်ဘီအိတ်တွေထဲ နှိုက်၊ ဟိုနှိုက်၊ ဒီနှိုက်၊ လက်ကိုင်ပဝါကို ထုတ်၊ စက္ကူစတွေ ထွက်လာ၊ နောက်ဆုံး ပိုက်ဆံက တစ်မူး(နှစ်ပဲ) သာ ရှိသည်။ ပြီးမှ “ချစ်ထွန်းရယ်..မင်းမြင်တဲ့အတိုင်းပဲ ရထားခက သုံးပဲ ပေးရတာ၊ ငါ့မှာ တစ်မူးပဲ ရှိတယ်၊ ဒီတော့ ကျောင်းမပြေးပါနဲ့ဦးကွာ၊ ဒီနေ့တော့ ကျောင်းပြန်တက်လိုက်ပါဦး” ဟု မျက်နှာငယ်ကလေးနဲ့ ပြောလိုက်တော့ ချစ်ထွန်းကပင် သူ့ကို သနားသွား လိုက်မိသေးသည်။

သည်လိုနှင့် ကျောင်းပြန်တက်ရာ တစ်လလောက်ရှိလာပြန်တော့ ကျောင်းပြေးချင်လာပြန်သည်နှင့် ရှေးနည်းတိုင်း ဆရာကြီးဆီသို့ သွားသည်။ ဆရာကြီးက ရှိသမျှ အိတ်တွေကို နှိုက်ပြီး ထုတ်လိုက်တော့ တစ်ပဲသာ ထွက်လာသည်။ “ချစ်ထွန်းရယ်..စောစောက လက်ဖက်ရည်သောက်၊ မုန့်စားနဲ့ ပိုက်ဆံက ကုန်သွားလို့ပါကွယ်၊ ကျောင်းပြန်တက် လိုက်ပါဦး” မျက်နှာငယ်လေးနှင့် ချော့ပြောလိုက်တော့ ချစ်ထွန်းမှာ သူ့ဆရာကြီးကို သနားပြီး ကျောင်းပြန် တက်သည်။ ဤသို့အားဖြင့် ကျောင်းမြဲသော စံပြကျောင်းသားလေး တစ်ယောက် ဖြစ်လာသည်။

ထို ချစ်ထွန်းဆို့သည့် ကောင်းပေါက်စကလေး သည် နောင်တစ်ခါတွင် နိုင်ငံသိလက်ဝှေ့ ကျော် “ချစ်အုန်း”၊ နောက်တစ်ဆင့် တိုင်းအားကားမှုး “ဦးတင်ထွဋ်” ဖြစ်လာခဲ့ပါသည်။

ဆရာကြီးဦးရာဇတ် မျက်နှာငယ်လေးနှင့် ချော့မော့နေပုံကို မြင်ယောင်မိရင်း သူ၏ ရင်တွင်းက အာစရိယဂုဏောကိုလည်း ခံစားကြည်မိပါသည်။

◑◑◑

( ကြံတော (ဦး)ဝင်းထွန်း၏ ဆရာကြီးကို မတွေ့ဝံ့သူ )
——————————————————————

သူ့နာမည်ရင်းက မောင်ညွန့်၊ စဥ့်ကိုင်သား ဖြစ်သည်၍ စဥ့်ကိုင်မောင်ညွန့်ဟု လူသိများသည်။ နောင်အခါ မန္တလေးမြို့တွင် “ဝင်းထွန်း” ပွဲရုံကို ဖွင့်သောကြောင့် “ဦးဝင်းထွန်း” ဟု တွင်လာခြင်း ဖြစ်သည်။ “ကြံတော” ဆိုသည်ကတော့ ဆရာကြီးက ပေးလိုက်သော နာမည် ဖြစ်သည်။

ဦးဝင်းထွန်း ငယ်စဉ်က ခပ်ပေပေ၊ ခပ်ရွပ်ရွပ် ဖြစ်ကြောင်း သူ့ ဆောင်းပါးကို ဖတ်ကြည့် လိုက်လျှင် သိသာပါသည်။ သူ့မိခင် ဗဟိုအမျိုးသားကျောင်းကို သံယောဇဉ်ကြီးပုံ၊ ဆရာကြီးဦးရာဇတ်အပေါ် ချစ်ခင် ရိုသေပုံမှာလည်း ပေါ်လွင်လှပါသည်။
တစ်ခါသော် မောင်ညွန့်က အိမ်မှ ငွေသုံးရာခိုးလာပြီး ချာလီထွန်းအုန်း ခေါ် ချစ်ဆွေ (ဝန်ကြီးဦးရာဇတ်၏ အပါတော်မြဲ) နှင့် ရန်ကုန်သို့ ရေလမ်းမှ ထွက်ပြေးကြသည်။ ရန်ကုန်ရောက်၊ စီအိုင်ဒီကဖမ်း၊ အစောင့်နှင့် မန္တလေးပြန်ပို့ ရဲစခန်းက ဆရာကြီးထံ အကြောင်းကြား၊ ကျောင်းပြန်ရောက်၊ ဘာကြောင့်မှန်းမသိဘူး ထိုအချိန်ကစ၍ ကျွန်တော့်ကို နာမည်”မောင်ညွန့်” ဟု မခေါ်တော့ဘဲ “ကြံတော” ဟု ခေါ်ပါတော့သည်” ဟု ဦးဝင်းထွန်းက ရေးသားထားပါသည်။ ရန်ကုန်ကို ပြေးကြသည်ဆိုတော့ ကြံတောသုသာန် ရောက်ချင်တဲ့ကောင် ဟု တင်စားပြီး ခေါ်လိုက်ခြင်း ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။

ဂျပန်ခေတ်ရောက်တော့ ဆရာကြီးမှာ မင်းကွန်းဘက်သို့ စစ်ပြေးနေသည်။ ဝင်ငွေကလည်း မရှိတော့၊ ရှိတာကလေးကို ထိုင်စားနေရသည်။ ထိုအချိန်တွင် ဆရာကြီးထံ ဦးဝင်းထွန်း ရောက်သွားလိုက်တော့ ဆရာကြီးက “ဟေ့ကောင် ကြံတော၊ ငါ့မှာ ထိုင်စားကြီး ဖြစ်နေတယ်၊ ဘယ်လောက် ကြာအောင် ဒီမှာနေရမလဲ မသိဘူး၊ တစ်နေ့က ရွှေဘိုဆန်စက်ပိုင်သားတွေ ရောက်လာကြပြီး ကန်တော့တယ်၊ လိုတာပြောပါ၊ ထောက်ပံ့ ပါမယ်လို့လည်း ပြောတယ်၊ ငါ သူများ အထောက်အပံ့ကို မလိုချင်ဘူး၊ မင်းပြန်၊ ငွေရှာပြီး ငါဆီပို့ပေးဦး” ဟု ပြောသည်။ သူတို့ ဆရာတပည့်နှစ်ဦး ဆက်ဆံရေးကို မှန်းဆ မိလောက်ပါပြီ။ ဦးဝင်းထွန်းကလည်း ရှာပါသည်။ ရပါသည်။ သို့သော် သူက မြေအောက် တော်လှန်ရေးတွင် ပါဝင်နေရသူမို့ ရုတ်တရက် တာဝန်တစ်ခုကို ပေးသည့်နှင့် ရက် အနည်းငယ် ကြာသွားသည်။ တာဝန်ပြီး၍ ဆရာကြီးထံ သွားလိုက်တော့ မတွေ့ရတော့ပြီ။ ဆရာကြီးကို ဂျပန်ကင်ပေတိုင်က ဖမ်းသွားပြီ။ ဦးဝင်းထွန်း ဆောင်းပါးကို ဖတ်ရင်း ထိုအခန်းကို ရောက်တော့ အဖွဲ့အနွဲ့ မပါပါဘဲ ရင်နင့်နေ မိသည်။ ဖတ်ကြည့်ပါ။

✏ ✏ ✏

   မည် သို့ ဆို စေ ကျွန် တော့် အနေ နဲ့ ဆ ရာ ကြီး ပေး ထား သော တာ ဝန် ကို ကျေ ပွန် စွာ မ ထမ်း နိုင် ခဲ့ သ ဖြင့် ယူ ကြုံး မ ရ ဖြစ် ရ သည်။ ရှက် လည်း အ လွန် ရှက် မိ သည်။ တို တို ပြော ရ လျှင် စစ် ပြီး နောက် ဆ ရာ ကြီး မ န္တ လေး မှာ ကျောင်း ပြန် ဖွင့် ပြီး ကျောင်း မြောက် ဘက် ထောင့် (၈) မှတ် ဂတ် တဲ နှင့် မျက် နှာ ချင်း ဆိုင် တိုက် မှာ နေ သည်။  ကျွန် တော် ဆ ရာ ကြီး မျက် နှာ ကို မကြည့် ဝံ့။ ကျွန် တော် ပေး ရ မည့် တော် လှန် ရေး နှင့် ပတ် သက် သည့် ဆင် ခြေ သည် ဆ ရာ ကြီး နှင့် ကျွန် တော့် အ တွက် မ ခိုင် လုံ၊ ရှက် သည်။ အ လွန် ရှက် သည်။ ဝမ်း နည်း ပက် လက် ဖြစ် ကာ ပြို ကျ နေ သော ကျောင်း ဝင်း အ ကွယ် တစ် နေ ရာ မှ နေ ၍ ဆ ရာ ကြီး ကို ထိုင် ကန် တော့ ခဲ့ သည်။ တစ် ခါ မ ဟုတ်။ ကြုံ သည့် အ ခါ တိုင်း။

…………….

တပည့်ကသာ ဤသို့ ကန်တော့နေသည် မဟုတ်။ ဆရာ ဖြစ်သူကလည်း ဝန်ကြီးဖြစ်လာ သည့်တိုင် သူ့အပါတော်မြဲ ဦးချစ်ဆွေ (ကြံတောနှင့် အိမ်ပြေးဖော်) အား “ဟေ့ တို့ကြံတောတစ်ကောင် ဘယ်ပျောက်နေသလဲ” ဟု အမှတ်တရ မေးရှာသေးသည်။ ထိုစကားကို သူ့ သူငယ်ချင်း ချစ်ဆွေထံမှ ကြားလိုက်ရ သောအခါ “ကြံတော” ခများ ဘယ်လို ခံစားမိရှာမည်ကို ကျွန်တော် ရင်တနင့်နင့် တွေးမိသည်။

◑◑◑

ဤသို့သော ဆောင်းပါးငယ်ကလေးတစ်ပုဒ်တွင် ထိုစာအုပ်အကြောင်း ပြည့်စုံအောင် ရေးနိုင်သည် မဟုတ်ပါ။ ကင်ပေတိုင်သို့ ရောက်နေသော ဆရာကြီးအား ခိုးထုတ် ရန်ကြံပုံ၊ မိမိတစ်ဦးတည်းသာဆိုလျှင်ဖြင့် မလိုက်တော့ဘဲ အခြားသူများနှင့် အသေခံ တော့မည်ဟု ငြင်းခဲ့ပုံ၊ ဝန်ကြီးအဖြစ်သို့ မရည်မှန်းဘဲ ရောက်ရှိလာပုံ၊ စသည်တို့ကို တွေ့ရှိရပါသည်။

အမျိုးသားအာဇာနည်ကြီး ဦးရာဇတ်အဖြစ် ရိုးသေနေရာမှ မျိုးချစ်စိတ်ကြီးမားသော၊ ဇွဲသတ္တိကြီးမားလှသော အမျိုးသားကျောင်အုပ် “ကြိမ်လုံးကိုင်သော ကုလားကြီး” အဖြစ် ကြည်ညိုခြင်းအသစ် ဖြစ်ရပြန်ပါလေသတည်း။  ။

I.       ဘာပဲလုပ်လုပ်
I.       နောက်ကလည်း မလိုက်နဲ့၊
I.       ဘေးတိုက်လည်း ကန့်လန့်ကန့်လန့် မလိုက်နဲ့၊
I.       ရှေ့ထိပ်က ခေါင်းဆောင်ဖြစ်အောင် ကြိုးစား။
I.       ယွတ်စွအဆုံး
I.       ဓားပြတိုက်စားရင်တောင်
I.       ဓားပြခေါင်းဆောင်သာ ဖြစ်ပါစေ။
I.       ဒါမှ ဆရာကြီးရဲ့တပည့်
I.       အမျိုးသားကျောင်းသား ပီသမယ်။  ။
                                                      – မစ္စတာရာဇတ် –
                                    ( ၁၈၉၈ – ၁၉၄၇ )
◑◑◑

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: