Leave a comment

ကုလားတွေ အုပ်ချူပ်တဲ့ ရခိုင်ပြည် (အပိုင်း-၁)

image

ကုလားတွေ အုပ်ချူပ်တဲ့ ရခိုင်ပြည်(အပိုင်း-၁)

ထူးခြားတဲ့ တိုက်ဆိုင်မှု

ဟိုတလောက မန္တလေးမြို.မ ရုပ်ရှင်ရုံမှာ ကုလားကား တစ်ကားတင်သွားတယ်။ဘောလီဝုဒ်က ကားပါ။ ကားနာမည်က BAHUBALI  ဗာဟုဗလီ ပါ။ ခွေလည်းထွက်ပါတယ်။ တိုက်ဆိုင်တာဆိုတာက ဒီလိုပါ။ ရခိုင်သမိုင်းပညာရှင် ဦးစံသာအောင်ရေးတဲ့ ရခိုင်ဒင်္ဂါး များစာအုပ်မှာ အေဒီ ၇၂၉ ကရေးထိုးခဲ့တဲ့ အာနန္ဒာစန္ဒြား ကျောက်စာရဲ. အနောက်ဘက်ကျောက်စာမှာ သက္ကဋ္ဋ ဘာသာနဲ့ရေးထိုးထားတဲ့ ရခိုင်မင်းဆက်တွေ အကြောင်း ပါတဲ့ နာမည်တွေထဲက ဗာဟုဗလီ မင်းဆိုတဲ့ နာမည်ပါ လာတာကို တွေ.ရလို့ပါပဲ။ဒီမှာ ဗာဟုဗလီ ဆိုတဲ့ နာမည် ၂ ခုက သွားပြီးတိုက်ဆိုင်နေပါတယ်။ဒါကြောင့် ရခိုင်ပြည် ကို ကုလား ဘုရင်တွေ အုပ်ချုပ်ခဲ့ဘူးတယ်လို့ ပညာရှင် တွေက ပြောတာဖြစ်ပါတယ်။အဲဒီ အာနန္ဒာစန္ဒြား ကျောက်စာမှာ ရခိုင်ပြည်ကို နှစ်ပေါင်းတစ်ထောင် နီးပါးအုပ်ချုပ်ခဲ့တဲ့ မင်းတွေရဲ. နန်းစံနှစ်တွေပါဝင် ပါတယ်။ဒါ့အပြင် အေဒီ ၁၀ ရာစုကရေးထိုးထားတဲ့ မြောက်ဘက်ကျောက်စာမှာတော့ စာကြောင်းရေ ၆၉ ကြောင်းပါဝင်ပြီး ရှေ.ပြေး ဘင်္ဂလီ အက္ခရာတွေနဲ့တူတယ် လို့ ဦးစံသာအောင်ရ.ဲ စာအုပ်မှာ ရေးသားထားပါတယ်။ ကျောက်စာပါရေးသားချက်များအရ အဲဒီရခိုင်ဘုရင် တွေကိုးကွယ်သောဘာသာမှာ ဗြာဟ္မဏအယူဝါဒ သီဝ နတ်မင်းကို ကိုးကွယ်သူများဖြစ်ကြောင်း-(ကြည့်-ဒေါက်တာ သန်းထွန်း၏ မြန်မာသမိုင်းပုံ စာ-၁၁၆နှင့် ခေတ်ဟောင်းမြန်မာ ရာဇဝင်စာအုပ် စာ-၆၈ ) တွင်ဖော်ပြထားပါသည်။ဟိန္ဒူအယူဝါဒမှ မဟာယန အယူဝါဒကို ခရစ်နှစ် ၆ ရာစုမှာ ပြောင်းလဲလာကြောင်း အာနန္ဒာစန္ဒြာမင်းကိုယ်တိုင်ပင်လျှင် မဟာယနဗုဒ္ဓ ဘာသာကိုးကွယ်သူဖြစ်ကြောင်း အဆိုပါစာအုပ်များ တွင်ရေးသားဖော်ပြထားပါသည်။ရခိုင်လူမျိုးတွေ ရခိုင်ပြည်ကို မရောက်သေးခင်မှာ ရခိုင်ပြည်ကို ကုလားတွေကအရင်ဝင်ရောက်အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ (ကြည့်–ဒေါက်တာသန်းထွန်း၏ မြန်မာသမိုင်းပုံ စာ-၁၁၅၊)။ ရခိုင်ပြည်သည် မြန်မာ(ရခိုင်) များမဝင် ရောက်မှီ ကပင် အိန္ဒိယ(ဘင်္ဂလား)၏ သြဇာခံနယ်ပယ် ဖြစ်ပြီး ၎င်းတို့၏ မင်းဆက်များစိုးစံလျက်ရှိပြီး ယဉ်ကျေးမှု လည်းအဆင့် အတန်းမြင့်ကြောင်း မြို.ဟောင်းကျောက်စာ များအရ တွက်ဆနိုင်သည်။(ကြည့်-ဟံသာဝတီဦးဘရင်၏ မြန်မာရာဇဝင်မှတ်တမ်းစာ-၈ နှင့် သမိုင်းပညာရှင် လန်ဒန်တက္ကသိုလ်မှ ပါရဂူ ဒေါက်တာ ကျော်သက် ရေးသားသော ပြည်ထောင်စုမြန်မာ နိုင်ငံသမိုင်းစာအုပ် စာ-၃၈ )။ရခိုင်ပြည်ကို ရှေးဦးရောက်တဲ့သူတွေဟာ အိန္ဒိယအရှေ.မြောက်ပိုင်းကနေဝင်လာတဲ့သူတွေဖြစ်ကြောင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီ ဌာနချုပ်က ထုတ်တဲ့ တိုင်းရင်းသားယဉ်ကျေးမှုရိုးရာ ဓလေ့ထုံးစံများ(ရခိုင်) စာအုပ်စာ-၃၃ မှာဖော်ပြထားပြီး ၎င်းစာအုပ်တွင် ရခိုင်လူမျိုး ၄ မျိုးရှိကြောင်း (၁) သက်လူမျိုး ဗုဒ္ဓဘာသာကိုးကွယ်ပြီး ဘင်္ဂလီစကားနဲ့ ဆင်တူတဲ့စကားပြောကြောင်း (ကြည့်-၎င်းစာအုပ် စာ-၃၇)၊ (၂) ။ ဒိုင်းနက် လူမျိုး ဗုဒ္ဓဘာသာကိုးကွယ်ပြီး ဘင်္ဂလီ စကားနှင့်နီးစပ်သောစကားပြောကြောင်း(ကြည့်- ၎င်းစာအုပ် စာ-၃၇)၊(၃) မရမာကြီး လူမျိုး ဘင်္ဂလီ စကားပြောပြီး ဗုဒ္ဓဘာသာကိုးကွယ်ကြောင်း (ကြည့် ၎င်းစာအုပ် စာ-၃၂)။ နှင့်(၄) မြို လူမျိုး မြိုစကားပဲ ပြောကြောင်း ရေးသားထား ပါသည်။အပိုင်း(၂) တွင် မဟာမြတ်မုနိ ဘုရားကို တည်ခဲ့သူတွေဟာ ကုလား တွေဖြစ် ကြောင်းရေးသား ထားတဲ့ မောရစ်ကေလစ်ရဲ. INTO HIDDEN BURMA & THE LAND OF THE GRATE IMAGE နှင့် သန်းမြင့်ဦးရေးသား သော ခြေရာပြောက်မြစ် THE RIVER OF LOST FOOTSTEPS စာအုပ်များတွင်ပါရှိသော အကြောင်းများ ကို ရေးသားဖော်ပြပါဦးမည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: