Leave a comment

အီးမေးလ် တီထွင်သူ ရေး တွမ်လင်ဆန် ကွယ်လွန်

image

ဝါရှင်တန် မတ် ၇

မက်ဆေ့ခ်ျပို့သည့် စနစ်သင်္ကေတအဖြစ် @ ကို ရွေးချယ် ခဲ့ပြီး ၁၉၇၀ ပြည့်လွန်နှစ်များတွင် အီးမေးလ်ကို တီထွင်ခဲ့ သည် အမေရိကန် ပရိုဂရမ်မာ ရေးတွမ်လင်ဆန် သည် အသက် ၇၄ နှစ်တွင် ကွယ်လွန်ခဲ့ကြောင်း သူ၏ ကုမ္ပဏီ က မတ် ၇ တွင် ပြောကြားသည်။ တွမ်လင်ဆန်သည် ၁၉၇၁ ခုနှစ်တွင် တိုက်ရိုက်ပို့သည့် လျှပ်စစ် သတင်း စကား ကို တီထွင်ခဲ့သည်။ သူမတီထွင်မီ သုံးစွဲသူများ သည် ကန့်သတ် ကွန်ရက်မှတဆင့် အခြားသူများထံ မက်ဆေ့ခ်ျရေးသားပေးပို့နိုင်ခဲ့သည်။

သူ့ ကုမ္ပဏီ Raytheon က “ တကယ့်ကို နည်းပညာ ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်တဲ့ ရေးဟာ ကွန်ရက်စနစ် သုံး ကွန်ပျူတာတွေရဲ့ ကနဦးနေ့ရက်တွေမှာ အီးမေးလ် ကို ဆောင်ကျဉ်းလာခဲ့ပေးသူ တစ်ဦးပါတယ်၊ သူ့ရဲ့ အလုပ်က ကမ္ဘာ့ဆက်သွယ်ရေးနည်းလမ်းကို ပြောင်းလဲ ပစ်ခဲ့ပါတယ်၊ သူ့ရဲ့ အောင်မြင်မှုတွေ အတွက် သူ့ရဲ့ အချိန်၊ ကျွမ်းကျင်မှုတို့ကို နှိမ့်ချ ကြင်နာပြီး ရက်ရောသူ တစ်ဦး အဖြစ် ကျန်ရှိနေမှာပါ၊ အားလုံးက သူ့ကို သတိရနေမှာပါ။ ” ဟု အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ က တွမ်လင်ဆန်သည် မတ် ၅ တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ကွယ်လွန်ခဲ့ရ သည့် အကြောင်းအရင်း အသေးစိတ်ကို အတည်မ ပြု ရသေးကြောင်း ပြောကြားသည်။ အွန်လိုင်းလောကတွင် ၀မ်းနည်းကြောင်းအထိမ်းအမှတ်စကားများ ပြောဆို နေကြသည်။ Google ၏ ဂျီမေးလ် အဖွဲ့က “မြေပုံ ပေါ်မှာ @ သင်္ကေတာကို ယူဆောင်လာပြီး အီးမေးလ်ကို တီထွင်ခဲ့ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု တွစ်တာတွင် ရေးသားခဲ့သည်။
အမေရိကန် ကာကွယ်ရေး အဆင့်မြင့် သုတေသန စီမံကိန်းအေဂျင်စီ ၏ မန်နေဂျာတစ်ဦး ဖြစ်ခဲ့သူ အင်တာနက်ဖခင်ကြီး တစ်ဦးဟု တင်စားရသူ ဗင့် ကာ့ဖ် က တွမ်လင်ဆန် ကွယ်လွန်မှုသည် အလွန်ဝမ်းနည်းစရာ ကောင်းသော သတင်းတစ်ခုဖြစ်ကြောင်း ပြောသည်။ တွမ်လင်ဆန်သည် အီးမေးလ် လိပ်စာများအတွက် “user@host” ကိုတီထွင်ခဲ့ပြီး အင်တာနက်၏ ရှေ့ပြေးအဖြစ် အမေရိကန် အစိုးရကွန်ရက် တွင် စတင်အသုံးပြုခဲ့သည်။

သုသည် သုံးစွဲသူများ အသုံးပြုနေသည့် မေးလ်စနစ်မှ သုံးစွဲသူတစ်ဦးချင်းစီကို ခွဲခြားရန် @ သင်္ကေတ ကို တီထွင်ခဲ့သည်။ တစ်ကိုယ်ရည်သုံး ကွန်ပျူတာများ ကို တွင်တွင်ကျယ်ကျယ် အသုံးပြုမပြုမီ ယနေ့ခတ် လျှပ်စစ် ဆက်သွယ်မှု သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည့် တစ်ကိုယ် ရည်သုံး အီးမေးလ်အသုံးပြုမှုသည် ၁၉၉၀  ကျယ်ကျယ် ပြန့်ပြန့်အသုံးပြုခဲ့ကြခြင်း မရှိပေ။

Ref:CNA

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: