Leave a comment

အမေရိကန်သမ္မတဟောင်း ရောနယ်ရီဂင်၏ ဇနီးဖြစ်သူ နန်စီရီဂင် ကွယ်လွန်

image

image

ယခင် အမေရိကန်ပြည်ထောင်စုသမ္မတဟောင်း ရောနယ် ရီဂင်၏ ဇနီးဖြစ်သူ နန်စီရီဂင်မှာ မတ်လ ၆ ရက် တနင်္ဂနွေ နေ့က ကွယ်လွန်သွားကြောင်း အေ အက်ဖ်ပီသတင်းက ဖော်ပြခဲ့သည်။ နန်စီရီဂင်မှာ ကွယ်လွန်ချိန်တွင် အသက် ၉၄ နှစ် ရှိပြီဖြစ်ကြောင်းသိရပြီး ၎င်းကွယ်လွန်သည့် သတင်း ကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုနီးယား ပြည်နယ် ဆီမီဗယ်လီရှိ ရီဂင်စာကြည့်တိုက်နှင့် ဖောင် ဒေးရှင်းမှ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့သည်။ နန်စီမှာ နှလုံးရောဂါဖြင့် ကွယ်လွန်ခြင်းဖြစ်ကြောင်းဖြင့် ပြောခွင့်ရသူ ဂျူန်နီ က ပြောကြားခဲ့သည်။

သူမ၏ ရုပ်အလောင်းကို ကယ်လီဖိုးနီးယားပြည်နယ် ဆီမီဗယ်လီမှ ရောနယ်ရီဂင် စာကြည့်တိုက်ရှိ ခင်ပွန်း သည်၏ ဂူနံဘေးတွင် ဂူးသွင်းမြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။ ယခင်နာမည်ကျော် ရုပ်ရှင်မင်းသမီဖြစ်ခဲ့သည့် သူမက ၎င်း၏ ဟောလိဝုဒ်မှ ကျော်ကြားမှုများကို အိမ်ဖြူတော်သို့ ယူဆောင်လာခဲ့ကာ ရီဂင်၏ ၁၉၈၁ – ၁၉၈၉ သမ္မတသက်တမ်းတွင် ကူညီဖေးမ နိုင်ခဲ့သည်။ ၁၉၈၂ တွင် သူမ စတင်ခဲ့သည့် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး လှုပ်ရှားမှုမှာလည်း ထင်ရှားခဲ့သည်။

Photo: AFP

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: