Leave a comment

ဦးထင်ကျော်နှင့် ဦးဟင်နရီ ဗန်ထီးယူ တို့ကို ရွေးချယ် ရသည့် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း

ဦးထင်ကျော်ကို အချက် ၃ ချက်ကြောင့် ရွေးချယ်ပြီး ဦးဟင်နရီဗန်ထီးယူကို တိုင်းရင်းသားတန်းတူညီမျှရေး မူအရ ရွေးချယ်ဟု ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း

ဧရာဝတီ၊ မတ် ၁၀၊ ၂၀၁၆

ဒုတိယသမ္မတလောင်းများအဖြစ် ဦးထင်ကျော်နှင့် ဦးဟင်နရီ ဗန်ထီးယူကို ရွေးချယ်ရာတွင် သစ္စာရှိမှု၊ စည်းကမ်းလိုက်နာ မှု ၊မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ပြည်သူများ လေးစားကြည်ညိုသည့် ပညာတတ် ပုဂ္ဂိုလ် ဖြစ်ခြင်းဆိုသော မူ ၃ ချက်နှင့် ဦးထင်ကျော်ကို ရွေးချယ်ခြင်းဖြစ်ပြီး ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူကို တိုင်းရင်းသားများ တန်းတူညီမျှရေး အတွက် ရွေးချယ်ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

” သစ္စာရှိမှုမှာကတော့ဦးထင်ကျော်ကို ရွေးချယ်တဲ့ ပထမဆုံး အချက်ပေါ။ နောက်တခုက စည်းကမ်းပိုင်းမှာလည်း လိုက်နာမှု အားကောင်းတယ်။ တတိယ တချက်ကတော့ ပညာတတ်ပုဂ္ဂိုလ်၊ အထူးသဖြင့် မြန်မာနဲ့ နိုင်ငံတကာ က လေးစားမယ့် ပုဂ္ဂိုလ်ဖြစ်လို့ ရွေးလိုက်တာပေါ့။ နောက်တဦးက တိုင်းရင်းသားတန်းညီမျှရေး အတွက် ရွေးချယ် တယ်ဆိုတာကို ပြောတယ်။ ပြည်သူတွေအားလုံးကလည်း ဒါကို လက်ခံမယ်လို့ သူယုံကြည်တယ်လို့လည်း   ဒေါ်အောင်ဆန်းစုကြည် က ပြောတယ်” ဟု NLD အမတ်တဦးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ရွေးချယ်မည့် ရက်နေ့မတိုင်မီ အထိ အမတ်အားလုံး ခရီးမသွားကြရန်၊ ကျန်းမာရေး ဂရုစိုက်ကြရန်၊ အမတ်များကို ဦးဝင်းထိန်က ဆူပူခြင်း မပြုလုပ်ရန် ၊ မဲပေးရာတွင် ဂရုတစိုက် မဲပေးကြရန် မှာကြားသည်။

မတ်လ ၁၁ ရက်ေ်န့ ကျင်းပမည့် လွှတ်တော်အစည်းအဝေးများတွင် NLD အမတ်များအားလုံး ပင်နီ ၀တ်ဆင်ကြရန် လည်း   အထူးအလေးထား တိုက်တွန်းသွားကြောင်း သိရှိရသည်။

သတင်းနှင့်ဓာတ်ပုံ- ထွန်းထွန်း/ဧရာဝတီ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: