Leave a comment

မွတ်စလင် များ၏ အထွတ်အမြတ် ထားရာ နေရာ များကို ကာကွယ် သွားမည်ဟု အီရန်ဆို

March 13, 2016

M-Media

– အီရတ်နဲ့ ဆီးရီးယားတို့မှာရှိနေတဲ့ ရှီယိုက်ဘာသာ ရေးခေါင်းဆောင်ကြီးတွေရဲ့ ဂူသင်္ချိုင်းတွေအပေါ် အကြမ်း ဖက်တိုက်ခိုက်မှုမျိုးကို မိမိတို့က လုံးဝ သည်း ခံမှာ မဟုတ်ဘူးလို့ အီရန် သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်ပါတယ်။

ဒါဟာ IS အကြမ်းဖက်အဖွဲ့က မွတ်စလင်သူတော် စင်ကြီးတွေရဲ့ လဲလျောင်းရာနေရာတွေ၊ အစ္စလာမ့် သမိုင်း ၀င်နေရာတွေကို ဖျက်ဆီးဖယ်ရှားမှုနဲ့ ပတ်သက်လို့ အီရန်သမ္မတက ရည်ညွှန်းပြောကြား တာလည်း ဖြစ်ပါ တယ်။

“ဒီကိစ္စဟာ အီရတ်၊ ဆီးရီးယား ဒါမှမဟုတ် ဘယ်နိုင်ငံ မှာပဲရှိရှိပါ။ တမန်တော် မုဟမ္မဒ်သခင်ရဲ့ အိမ်တော်သူ၊ အိမ်တော်သားတွေရဲ့ ဂူဗိမာန်တွေကို တိုက်ခိုက်ဖို့ အကြမ်းဖက်သမားတွေရဲ့ ဘယ်လိုကြိုးစားမှုကိုမှ ကျွန်တော်တို့ သည်းခံနေမှာ မဟုတ်ပါဘူး။ ဒီဝတ္တကနယ်မြေတွေဟာ ကျွန်တော်တိုရဲ့ အထိမခံတဲ့ အရာတွေဖြစ်တယ်လို့ ထပ်တလဲလဲ ပြောပြီးသားဖြစ် ပါတယ်” လို့ ယမန်နေ့က မြို့တော်တီဟီရန်မှာ ကျင်းပပြု လုပ်ခဲ့တဲ့ အာဇာနည်နေ့ မိန့်ခွန်းမှာ ရူဟာနီက ထည့်သွင်း ပြောကြားခဲ့တာပါ။

နောက်ပြီး အာဇာနည်တွေဟာ အိမ်နီးချင်း မွတ်စလင် တွေနဲ့ အထွဋ်အမြတ်ထားရာနေရာတွေကို အန္တရာယ် ကျရောက်လာတဲ့အခါမှာ တားဆီးကာကွယ်ဖို့ သွန်သင် ပေးခဲ့တယ်လို့လည်း သမ္မတက ဆိုပါတယ်။

“ခင်ဗျားတို့ရဲ့ သားသမီးတွေဟာ သူတို့ ဘယ်နေရာ မှာပဲရှိနေနေ အီရန်၊ မွတ်စလင်တွေရဲ့ နယ်မြေနဲ့ အိမ်တော်သူ အိမ်တော်သားတွေရဲ့ ဂူဗိမာန်တွေကို ကာကွယ်သွားမယ်ဆိုတာ ပြသခဲ့တာပါပဲ” လို့ အခမ်း အနာ ကို တက်ရောက်လာကြတဲ့ အာဇာနည်တွေရဲ့ မိသားစုတွေကို ရည်ညွှန်းပြီး ပြောကြားခဲ့ပါတယ်။

အီရန်ဟာ ဆီးရီးယားနဲ့ အီရတ်က အစ္စလာမ့်သမိုင်းဝင် အဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေကို ပြန်လည် တွန်းလှန်ရာမှာ အကူအညီပေးဖို့ စစ်ရေးအကြံပေးတွေ စေလွှတ်ခဲ့ပြီး၊ တစ်ချို့ကတော့ IS စစ်သွေးကြွတွေရဲ့ လက်ချက်နဲ့ အသက်ဆုံးရှုံးခဲ့ကြရပါတယ်။

Ref: Press TV

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: