လာမည့်သက်တမ်းငါးနှစ်အတွက် NLD ပါတီမှ ဦးထင်ကျော် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းအပေါ် လက်ရှိတာဝန်ထမ်းဆောင်ဆဲ သမ္မတ ဦးသိန်းစိန်က ဂုဏ်ပြုစကားပြောကြားသည်။
မတ် ၁၅ ရက် ယနေ့ သမ္မတရွေးကောက်တင်မြှောက်ပွဲ ပြီးချင်း နာရီအနည်းငယ်အတွင်း သမ္မတရုံးက ကြေညာချက် ထုတ်ပြန် ရာတွင် နိုင်ငံနှင့် နိုင်ငံသားများက ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဂုဏ်ယူရပါကြောင်း သမ္မတဦးသိန်းစိန်က ထုတ်ဖော်ပြောကြားထားသည်။
နိုင်ငံ၏ အကြီးအကဲ တာဝန်များ လွှဲပြောင်းရေးအတွက်လည်း စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း ယင်းထုတ်ပြန်ချက် တွင် ဖော်ပြသည်။
မတ် ၁၅ ရက် သမ္မတရွေးကောက်ပွဲတွင် စစ်တပ်မှ ဦးမြင့်ဆွေနှင့် NLD ပါတီမှ တင်မြှောက်သော ဦးဟင်နရီဗန်ထူးတို့က ဒုတိယသမ္မတ(၁)နှင့် (၂) ရာထူးနေရာများအတွက် အသီးသီး ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။
Advertisements