Leave a comment

ဌာနတွင်း ကျပ်သိန်းထောင်ချီ လာဘ် ယူခဲ့သည့်​ အမှု ပြည်တွင်း အခွန်ဦးစီးဋ္ဌာနမှ ဦးမြင့်ဇော်ထွေး အား ဆက်လက် စစ်ဆေး

image

ဌာနတွင်း ကျပ်သိန်းထောင်ချီ လာဘ်ယူခဲ့သည်ဟုဆိုကာ တရားစွဲဆိုခံခဲ့ ရသော ပြည်တွင်းအခွန်ဦးစီးဋ္ဌာန အကြီး တန်း စာရေး ဦးမြင့်ဇော်ထွေးအမှုအား ဆက်လက် စစ်ဆေး

ဌာနအတွင်း ကျပ်သိန်းထောင်ချီ လာဘ်ယူခဲ့သည် ဟုဆိုကာ ပုဒ်မ ၄၀၆ ဖြင့် တရားစွဲဆို ခံထားရသည့် ပြည်တွင်းအခွန်ဦးစီးဌာနမှ အကြီးတန်းစာရေး ဦးမြင့်ဇော်ထွေး၏ အမှုကို မတ် ၁၆  ရက် နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် တရားရုံး၌ စစ်ဆေးရာ တရားလို ဒေါ်သိန်းသိန်းနိုင်၏ သားဖြစ်သူကို စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေက အမှုနှင့် ပတ်သက်သည့် မြေကွက် အရောင်းအ၀ယ်ကိစ္စရပ်များနှင့် ပတ်သက်၍ အိမ်ခြံမြေတန်ဖိုး သတ်မှတ်မှုများ၊ မှတ်ပုံတင်စာချုပ် ချုပ်ဆိုသည့် ကိစ္စရပ်များအား သိရှိခဲ့ခြင်းမရှိကြောင်း တရားရုံး၌ ထွက်ဆိုခဲ့သည်။

အမှုအား မတ် ၁၆ ရက် နံနက် ၁၀ နာရီ က ချမ်းအေး သာစံမြို့နယ်တရားရုံး၌ စစ်ဆေးရာ တရားလိုပြ သက်သေ တစ်ဦးဖြစ်သည့် ဒေါ်သိန်းသိန်းနိုင် ၏ သားဖြစ်သူကို စစ်ဆေးရာ အမှုနှင့်ပတ်သက်သည့် အိမ်ခြံမြေ အရောင်းအ၀ယ်ကိစ္စတွင် မိခင်ဖြစ်သူမှ မြေကွက်ငါးကွက် ၀ယ်ယူခဲ့ခြင်းကို ၀ယ်ယူစဉ်က သိရှိခဲ့ခြင်းမရှိကြောင်း၊ အိမ်ခြံမြေတန်ဖိုး သတ်မှတ်မှု၊ မှတ်ပုံတင် စာချုပ်စာတမ်း ကိစ္စရပ်များကိုလည်း သိရှိခဲ့ခြင်း မရှိကြောင်း၊ မြေကွက် ငါးကွက်၏ ကာလတန်ဖိုး၊ မြေကွက်အရောင်းအ၀ယ်အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ပြုလုပ်ခြင်းများကိုလည်း မိခင်ဖြစ်သူထံမှ သိရှိခဲ့ရခြင်း မရှိပါ” ဟု ရုံးတော်၌ ထွက်ဆိုခဲ့သည်။

“ဒီနေ့ ရုံးချိန်းမှာ တရားလိုရဲ့သားဖြစ်သူကို စစ်တယ်။ သူကတော့ ဒီအမှုကိစ္စဖြစ်စဉ်နဲ့ ပတ်သက်ပြီး မသိတာက များပါတယ်။ ဒီနေ့ရုံးချိန်းမှာ တရားလိုက ကျွန်တော်နဲ့ ပတ်သက်တဲ့ ဗီဒီယိုဖိုင်တစ်ခု တင်တယ်။ အဲဒီ ဗီဒီယိုဖိုင် ကလည်း ငွေတောင်းစဉ်က သူကိုယ်တိုင် ဖုန်းနဲ့ရိုက် ထားတာလို့ သိရတယ်။ ကျွန်တော်တို့လည်း မကြည့်ရ ပါဘူး။ သက်သေခိုင်လုံမှု မရှိလို့ ကျွန်တော်တို့ဘက်က ပြန်ကန့်ကွက်ထားပါတယ်။ ဒီအမှုမှာဆိုရင် ကျွန်တော့် ဘက်က အများကြီး နစ်နာမှုတွေ ရှိပါတယ်။ ကျန်းမာရေးမကောင်းဘဲနဲ့  ချုပ်ရက်နဲ့ အမှုရင်ဆိုင်ခဲ့ရ တာက တရားရုံးက အာမခံပေးတဲ့အထိ သုံးလနဲ့နှစ်ရက် ရှိပါတယ်။ အဲဒီလို နစ်နာမှုတွေကို ဘယ်သူက တာဝန် ယူပေးမှာလဲ။ ကျွန်တော့်ဌာနအနေနဲ့ကရော ဘယ်လို တာဝန်ယူပေးမှာလဲ” ဟု ချမ်းအေးသာစံမြို့နယ် တရားရုံး သို့ အမှုလာရောက် ရင်ဆိုင်စဉ် ဦးမြင့်ဇော်ထွေး က ပြောကြားသည်။

ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ်အတွင်းက ချမ်းအေးသာစံမြို့ နယ်ရှိ မြေကွက် အရောင်းအ၀ယ်အတွက် ကာလ တန်ဖိုး ဖြတ်ရန် ကျပ်သိန်း ၁၂၅၀ ဖြင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ သော်လည်း အမှန်တကယ် တန်ဖိုးဖြတ်ခဲ့သည်မှာ ညှိနှိုင်းမှုထက် နှစ်ဆ စည်းကြပ်ခဲ့သဖြင့် အခွန်ထမ်းဖြစ် သူက မကျေနပ်၍ ယင်းငွေများကို ပြန်လည်တောင်း ယူခဲ့ရာ တွင် မပေးနိုင်ခြင်းကြောင့်  ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀ ဖြင့် စတင်အမှုဖွင့်ခဲ့ပြီးနောက် ဥပဒေရုံး၏ အကြံပေးချက်အရ ပြစ်မှုကြီးအဖြစ် သတ်မှတ်ကာ ပုဒ်မ ၄၀၆ သို့ ပြောင်းလဲ တရားစွဲဆို ခဲ့ကြောင်း ဖြစ်စဉ်မှတ်တမ်းများအရ စုံစမ်းသိရှိရသည်။ ယင်းသို့ တရားစွဲဆိုခံရမှုအား  ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် စတင် တရားစွဲဆိုခဲ့ရာ စွပ်စွဲခံရသူမှာ ကျန်းမာရေး ချို့တဲ့နေခြင်း ကြောင့် အာမခံလျှောက်ထားခဲ့သော်လည်း အာမခံ မရရှိဘဲ မန္တလေးအိုးဘိုအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ ကြောင်း သိရသည်။

ယင်းနောက် အမှုအား ချမ်းအေးသာစံမြို့နယ် တရားရုံး တွင် ဆက်လက်စစ်ဆေးခဲ့ရာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် ရုံးချိန်း၌ တရားရုံးက ဦးမြင့်ဇော်ထွေး၏ ကျန်းမာ ရေးအခြေအနေအရ အာမခံပေးခဲ့ကြောင်း သိရပြီး အဆိုပါအမှုအား မတ် ၂၁ ရက်သို့ ထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။

မန္တလေးမြို့၌ အိမ်ခြံမြေတန်ဖိုးဖြတ်ရန်အတွက် ကျပ်သိန်း ၁၂၅၀ ကျော် လာဘ်ယူခဲ့သည်ဟုဆိုကာ မြို့နယ် အကြီး တန်းစာရေး ဦးမြင့်ဇော်ထွေးကို ပုဒ်မ ၄၀၆ ဖြင့် ချမ်းအေး သာစံမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်က မြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ ငွေကြေးများကို  အောက်လက်ငယ်သား ၀န်ထမ်း တစ်ဦးအနေဖြင့် သွားရောက် ယူဆောင် ပေးရခြင်းသာ ဖြစ်ကြောင်းနှင့် အဆိုပါ ငွေများကို ထိုစဉ်က ချမ်းအေး သာစံမြို့နယ် အခွန်ဦးစီးမှူး ဦးညီညီနိုင် ထံ ပေးခဲ့ရခြင်း ဖြစ်ကြောင်း ဦးမြင့်ဇော်ထွေး ၏ ပြောကြားချက်အရ သိရှိရသည်။

လာဘ်ယူမှုဖြင့် တရားစွဲဆိုခံရသော မြို့နယ်စာရေးကြီး ဦးမြင့်ဇော်ထွေးသည် မန္တလေးတိုင်းဒေသကြီး အခွန်ဦးစီး ဌာန၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အိမ်ခြံမြေ ကာလတန်ဖိုး စိစစ်သတ်မှတ်သည့် ကိစ္စရပ်များ၏ နောက်ကွယ်တွင် လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များ၊ ငွေကြေးခ၀ါချမှုများ ရှိနေသဖြင့် ဖော်ထုတ် အရေးယူပေးရန် လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရေးကော်မတီသို့ အောက်တိုဘာ ၉ ရက်က တိုင်ကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည့် ရက်မတိုင်မီ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

ဌာနအတွင်း လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခဲ့သည် ဟုဆိုကာ ပုဒ်မ ၄၀၆ ဖြင့် အမှုဖွင့် တရားစွဲဆိုခံထား ရသည့် အခွန်ဦးစီးဌာနမှ အကြီးတန်းစာရေးဖြစ်သူ ဦးမြင့်ဇော်ထွေးမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်းက စတင်တရားစွဲဆိုခံရစဉ်တွင် အာမခံမရရှိခဲ့ဘဲ မန္တလေးအိုးဘို အကျဉ်းထောင်တွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် အာမခံရရှိသည့်နေ့ အထိ ချုပ်ရက်များဖြင့် အမှုရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးအမှု ရင်ဆိုင်နေရစဉ်ကာလဖြစ်သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က ရုံးချိန်းတွင် အကြီး တန်း စာရေး တစ်ဦးအနေဖြင့် လုပ်ပိုင်ခွင့်အာဏာ အပြည့်အ၀မရှိနိုင်သော်လည်း အထက်၏ စေခိုင်းမှု ကြောင့်သာ ယခုကဲ့သို့ လုပ်ကိုင်ခဲ့ရခြင်းသာ ဖြစ်ပြီး ဌာနအတွင်း လာဘ်ပေးလာဘ်ယူမှုများအား ဖော်ထုတ် သွား မည်ဖြစ်ကြောင်းကို  ဦးမြင့်ဇော်ထွေးက ပြောကြား ထားသည်။

“အခု ကျွန်တော့်ကို တရားစွဲထားတဲ့အမှုမှာ တကယ် ပတ်သက်ခဲ့တဲ့ လူကြီးတွေက ရှောင်ထွက်နေကြတယ်။ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးကိုလည်း ကျွန်တော် တိုင်ထားတယ်။ သူတို့ကတော့  နောက်ကွယ်က ကိစ္စတွေကို  မပြောစေချင်ဘူးပေါ့။  လာစစ်တော့လည်း ကျွန်တော် အစစ်ခံတယ်။ ဒီလို မဖြစ်ခင်ကတည်းက ဌာနရဲ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှာ စိုးတဲ့အတွက် ကျွန်တော် ပိုင်တဲ့ အဆောက်အအုံတွေကို အပေါင် ထားပြီး ငွေတိုးယူကာ ဖြေရှင်းပေးခဲ့ပါ တယ်။ အဲဒီလို ဖြေရှင်းပေးရတာ များလာတဲ့အခါ ကျွန်တော့်မိသားစု လည်း မခံနိုင်တော့ဘူး။ ဘာမှမကျန်တဲ့ အနေအထား ရောက်သွားပြီ။ တန်ဖိုးလည်း ဖြတ်ပြီးချိန်ကျမှ ကျွန်တော့် ကို ပုဒ်မ ၄၀၆ နဲ့ စွဲလိုက်တယ်။ စဉ်းစားကြည့်ပေါ့။ ငွေတန်ဖိုးဖြတ်ဖို့အတွက် သူတို့နဲ့ ညှိနှိုင်းတယ်၊ ငွေယူ တယ်၊ လက်မှတ်ထိုးယူတယ်။ ငြိသွားတယ်ပေါ့။ ဒါပေမဲ့ အခု နောက်ကွယ်က ပတ်သက်ခဲ့သူတွေကို အခုအချိန် အထိ ကျွန်တော် နာမည် ထုတ်မပြောသေးဘူး။ သူတို့ ရှေ့ကို ဘာလို့ ထွက်မလာရဲတာလဲ။ သူတို့ ကျွန်တော့်ကို ဘာလို့ တခြားပုဒ်မနဲ့ မစွဲရဲတာလဲ။ ကျွန်တော် တကယ် လုပ်ပေးခဲ့ရတယ်။ ချမ်းအေးသာစံရဲ့ အိမ်ခြံမြေယာဖြတ် တန်ဖိုးတွေမှာ ၉၉ ရာခိုင်နှုန်း လုပ်ပေးခဲ့ပါတယ်။ ရုံးမှာလည်း မှတ်တမ်းရှိတယ်။ ဒါတွေနဲ့ ပတ်သက်လို့ လည်း ကျွန်တော့်ဆီမှာ စာရင်းဇယား အကုန်ရှိပါတယ်။ ဒီကိစ္စရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်။ နောက်ကွယ်မှာ နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးနေမှုတွေက အများကြီးဖြစ် နေတယ်။ အဲဒီလို နိုင်ငံတော်ဘဏ္ဍာငွေတွေ  ဆုံးရှုံးနေ တာကို  ကျွန်တော် ဖော်ထုတ်သွားမယ်။ ဖြစ်နေတာက သူတို့လူ အချင်းချင်းပဲ ကာကွယ်နေကြတာ။ ဒီကိစ္စတွေ ရဲ့နောက်ကွယ်က၊ နာမည်တွေပြောရရင် မြို့နယ်ဦးစီးမှူး ဦး. . . က သူ မဟုတ်တာ စွပ်စွဲရင် သူအခုချိန်မှာ ကျွန်တော့်ကို လာရှင်းပေါ့။ ပတ်သက်နေတဲ့ သူတွေ အားလုံးကို ကျွန်တော် နာမည်နဲ့ တိုင်ထားတယ်။ အဲဒီလို တိုင်ထားတာကို ဘာဖြစ်လို့ မစစ်တာလဲ၊ မလုပ်ရဲတာလဲ။ ကျွန်တော့်လို ဌာနတွင်း အကြီးတန်းစာရေး တစ်ယောက် အနေနဲ့ ဒီလောက်အထိလည်း  လုပ်ပိုင်ခွင့်မရှိဘူး။ နောက်ကွယ်က အဆင့်ဆင့်လူကြီးတွေရဲ့ စေခိုင်းမှုအရ လုပ်ရတာ။  သူတို့ခိုင်းလို့  လုပ်ရတာလေ။  သူတို့ ပါဝင် ပတ်သက်မှုတွေ အများကြီးရှိတယ်”ဟု ကျပ်သိန်း ထောင်ချီ လာဘ်ယူသည်ဟုဆိုကာ ဖမ်းဆီးတရားစွဲဆို ခံထားရသည့် အခွန်ဦးစီးဌာနမှ အကြီးတန်းစာရေး ဦးမြင့်ဇော်ထွေးက နိုဝင်ဘာ ၂၄ ရက် ရုံးထုတ်စဉ်က မီဒီယာများသို့ ပြောကြားခဲ့သည်။     

Website Link  – – –  — – > http://goo.gl/3imeL8

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: