Leave a comment

မိုဘိုင်းဖုန်းဘီလ် ဧပြီ ၁ ရက်မှစ၍ အခွန်ကောက်မည်

image

မိုဘိုင်းဖုန်း အသုံးပြုသူ များ၏ ဖုန်းဘီလ် ဖြည့်သွင်းခြင်း များအပေါ် ကုန်သွယ်လုပ်ငန်း ခွန် ၅ ရာခိုင်နှုန်း ကောက်ခံ မည့် အစီ အစဉ်ကို ၂၀၁၆ ဘဏ္ဍာနှစ်အစ ဧပြီ၁ ရက်တွင် စတင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း (MPT) မှ သတင်းရရှိသည်။

‘‘၂၀၁၆ မှာ ဖုန်းဘီလ်အပေါ် ၅ ရာခိုင်နှုန်းအခွန် ကောက် ဖို့ က ဆက်လုပ်နေပါတယ်။ ကောက်ဖို့သေချာသွားပါပြီ။ ဘာလို့လဲဆိုတော့ လွှတ်တော်က အတည်ပြုပြီးဖြစ်တဲ့ အတွက် ဧပြီ  ၁ရက်မှာစပြီး ကောက်ရမှာဖြစ်ပါတယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စီးပွားရေးဌာန ဒုတိယ အရာရှိချုပ် ဦးသိန်းဟုတ်က ပြောသည်။

အဆိုပါ အခွန်ကောက်ခံမှု ကို ၂၀၁၅ ပြည်ထောင်စု အခွန် ဥပဒေသစ်အရ ကောက်ခံခြင်းဖြစ် ပြီး မိုဘိုင်းဖုန်း သုံးစွဲသူ များသည် ၀ယ်ယူသည့် ငွေဖြည့်ကတ်၏တန်ဖိုး ကို အပြည့် အ၀သုံးစွဲရမည်မဟုတ်ဘဲ ၅ ရာခိုင်နှုန်းကို အခွန်အဖြစ် ပေးဆောင်ရမည်ဖြစ်ကြောင်း ၂၀၁၅ မေလ ၁၈ ရက်က အစိုးရ က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းထုတ်ပြန်မှုအပေါ် ပြည်သူများက ကန့်ကွက်သည့် အတွက် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေး ကာ မိုဘိုင်းဖုန်း ဘီလ်များ ၀ယ်ယူ အသုံးပြုခြင်း အပေါ် အခွန် ကောက်ခံခြင်းကို တစ်နှစ်ဆိုင်းငံ့သွားရန် လွှတ်တော် က ဆုံးဖြတ်ခဲ့၍ ယခု ၂၀၁၆ နှစ်စပိုင်းတွင် ပြန်လည် ကောက် ခံ သွားရန် စီစဉ်ရကြောင်း MPT မှ သိရသည်။

ဖုန်းဘီလ်ဖြည့်သွင်းမှုအပေါ် ၅ ရာခိုင်နှုန်း အခွန် ကောက် ခံ မည် ဆိုပါက တစ်ထောင်ကျပ်ဖြည့် သွင်းလျှင် ၄၈ ကျပ် အခွန်ပေး ဆောင်ရမည်ဖြစ်ပြီး မိုဘိုင်းဖုန်း အသုံးပြုသူ များ အနေဖြင့် ၉၅၂ ကျပ်ကိုသာ အသုံးပြုနိုင်မည်ဖြစ် ကာ ဆက်သွယ်ရေးအော်ပရေတာသုံးခုစလုံး ပါဝင်မည် ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: