Leave a comment

လျှပ်စစ်မီတာခမကုန်တော့တဲ့ ကိုချင်လေဆိပ်

image

လျှပ်စစ်မီတာခမကုန်တော့တဲ့ ကိုချင်လေဆိပ်
ဧရာဝတီ

အိန္ဒိယ တောင်ပိုင်းက ကိုချင်လေဆိပ်ဟာ လျှပ်စစ်မီးဖိုး လုံးဝ ပေးစရာ မလိုတော့ပါဘူး။ အကြောင်းက ၁၀၀ ရာခိုင်နှုန်း ဆိုလာစနစ်ကို သုံးစွဲလို့ပါ။ လွန်ခဲ့တဲ့ ၃ နှစ် လေဆိပ်အမိုးမှာ ဆိုလာပြားတွေ စဆင်ခဲ့ရာက အခုဆို ၁၂ မီဂါဝပ် ထုတ်လုပ်နိုင်တဲ့ ဆိုလာ စွမ်းအင်သုံး လျှပ်စစ်မီးစနစ်ကို ပိုင်ဆိုင်ထားခဲ့ပါပြီ။

လေဆိပ်ပတ်ဝန်းကျင်က မြေလွတ်မြေရိုင်း ၄၅ ဧကပေါ် ဆိုလာပြား ၄၆၀၀၀ ဖြန့်ခင်းပြီး အမေရိကန်ဒေါ်လာ ၉ ဒဿမ ၅ မီလီယံ ကုန်ကျတဲ့ ဒီပရောဂျက်ကို ဂျာမန် Bosch ကုမ္ပဏီက တည်ဆောက်ပေးခဲ့ပါတယ်။ လေဆိပ်မှာ နေ့စဉ်သုံးနေတဲ့ ကီလိုဝပ် ၅ သောင်း လောက် ကို ပေးနိုင်တဲ့အပြင် ပိုတဲ့ဟာ အစိုးရရဲ့ ပင်မလျှပ်စစ်ဓာတ်အားလိုင်းထဲ ထည့်ပေးနိုင်ပါ သေးတယ်။ ၆ နှစ်အတွင်း အရင်းပြန်ကျေမယ်လို့ တွက်ထားပါတယ်။ ဒီပရောဂျက်ကြောင့် လာမယ့် ၂၅ နှစ်အတွင်း ကျောက်မီးသွေးစွမ်းအင်က ထွက်တဲ့ ကာဘွန် မက်ထရစ်တန် ၃ သိန်းကို ရှောင်လွှဲနိုင်ခဲ့တာမို့ Green-port “အစိမ်းရောင်လေဆိပ်”လို့ ခေါ်နေကြပါပြီ။ ရန်ကုန်မင်္ဂလာဒုံလေဆိပ်လည်း အနာဂတ်မှာ ကိုချင်လေဆိပ်လို ဖြစ်လာလေမလား။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: