Leave a comment

ဘာသာရေး၊ လူမျိုးရေး ခွဲခြားသူ နိုင်ငံ့ ရန်သူ ဟု ကာဒီနယ်ချားလ် မောင်ဘို မိန့်ကြား

image

မတ်လ ၂၁၊ ၂၀၁၆
ကိုပေါက် (Myanmar Muslim Media CJ)

“ဘာသာရေးကိုအခြေခံပြီးတဲ့နောက်၊လူမျိုးရေးကိုအခြေခံပြီးတဲ့နောက် ခွဲခြား ချက် တွေဟာ တရားမယ်ဆိုလို့ရှိရင် နိုင်ငံတော်ကိုတည်ဆောက်တဲ့သူတွေမဟုတ်ဘဲနဲ့ နိုင်ငံတော်ရဲ့ ရန်သူတွေဖြစ် ပါတယ်။ ရန်သူတွေဖြစ်ပါတယ်”လို့ ကာဒီနယ်ချားလ်မောင်ဘိုက လူမျိုးရေး ခွဲခြားမှုကင်းစင်ရေးနေ့ အလုပ်ရုံဆွေး နွေးပွဲ အဖွင့်အမှာစကားမှာ ထည့်သွင်း မိန့်ကြားလိုက်ပါတယ်။

ဆိုရှယ်လစ်ခေတ်ကစလို့ မြန်မာနိုင်ငံ မှာဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ခံမှု တွေနဲ့ ပတ်သက်လို့ လည်း ကာဒီနယ် ချားလ်မောင်ဘိုက ဝေဖန်ခဲ့ ပါတယ်။

“လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ကျော်ကတည်း လူမျိုးတစ်မျိုး ပဲဖြစ် ရမယ်။ဘာသာတစ်ခုပဲဖြစ်ရမယ်ဆိုတဲ့ ပေါ်လစီဟာ ကျွန်တော်တို့လူမျိုးတွေအားလုံးကို ကွဲပြားစေခဲ့တဲ့အရာ ဖြစ်ပါတယ်”လို့ ကတ်သလစ်ခရစ်ယာန် ဂိုဏ်းချုပ် ဆရာတော် ကာဒီနယ် ချားလ်မောင် ဘိုက သုံးသပ်ခဲ့ တာဖြစ်ပါတယ်။

ဒီလိုဖြစ်ရပ်တွေအတွက် ဆက်လက်မဖြစ် ဖို့ သမိုင်းကနေ သင်ခန်း စာယူသင့်ပြီလို့ လည်း ကတ်သလစ်ခရစ်ယန် ဂိုဏ်းချုပ် ဆရာတော်က လာမယ့်အစိုးရ သစ်ကိုရည်ရွယ် တိုက်တွန်းခဲ့ပါတယ်။

“ပြီးခဲ့တဲ့သူတွေ အုပ်ချုပ်တဲ့သူတွေဟာ အဆင့်အတန်း ကြောင့် မို့လို့၊ယုံကြည်မှု ကြောင့်မို့လို့၊လူမျိုးရေး ကြောင့်မို့လို့ ကျုပ်တို့ဟာ   ခွဲခြားခြင်းခံခဲ့ရတယ်။ မြန်မာနိုင်ငံတော်အသစ်ကိုတည်ထောင်တဲ့အခါမှာ ဒါမျိုးတွေဆက်လက်ပြီး မဖြစ်ဖို့ရန်အတွက် သမိုင်းကနေ ဆက်လက်ပြီးတော့ ဆုံးမသွန်သင် ထားတယ်”လို့လည်း ကာဒီနယ် ချားလ်မောင်ဘိုက အထက်ပါအခမ်း အနားမှာဆက်လက်မိန့်ကြားခဲ့ပါတယ်။

ဒါ့အပြင် ဘာလူမျိုးဖြစ်မှ ဘာရာထူး၊ ဗုဒ္ဓဘာသာဖြစ်မှ ဘာအခွင့်အရေး ရမယ်ဆိုတဲ့ ခွဲခြားဆက်ဆံရချက် တွေကိုလည်း မိမိတို့ကြုံတွေ့ခဲ့ရ ကြောင်းလည်း သုံးသပ် ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် အဖြစ်ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လူမျိုးရေးခွဲခြားမှုများကင်းစင်ရေးနေ့ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ Inya Lake ဟိုတယ်မှာယနေ့နံနက်ပိုင်း ကနေညနေပိုင်းအထိ ကျင်းပခဲ့တာဖြစ်ပါတယ်။

တိုင်းရင်းသားလူနည်းစုတွေ၊လူ့အခွင့်အရေးလှုပ်ရှားသူတွေအပါအ၀င် ဘာသာ ပေါင်းစုံက စိတ်ပါဝင်စားသူ တွေ တက် ရောက်ပြီး လူမျိုးရေးခွဲခြားမှု တွေပ ပျောက် ရေးအတွက် အကြံပြုချက် တွေကို နှီးနှောဖလှယ် ခဲ့ကြပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: