Leave a comment

ဝမ်းမြောက်ဖွယ် သတင်းကောင်း ၊လေဖြတ်သူများကို နာရီပိုင်း အတွင်း အမြန် ကုသနိုင်ပြီ

ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်သည့်လူနာများအား နာရီပိုင်းအတွင်း အရှင်းပျောက်ကင်းစေသည့် ထိုးဆေးဖြင့် ရန်ကုန်ပြည် သူ့ဆေး ရုံကြီးတွင် ကုသနိုင်ပြီဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်   ဒေါက်တာ ခင်ခင်ထွေးက News Watch သို့ ပြောသည်။

အဆိုပါရောဂါခံစားနေရသည့် လူနာများအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဒီဇင်ဘာလ ဒုတိယပတ်အတွင်းမှ စတင် ကုသနေပြီဖြစ်ကြောင်း   သိရသည်။ ”အဲဒီရောဂါဖြစ်တဲ့ လူနာက ရုံးဖွင့်ရက်အတွင်း၊ ရုံးချိန်အတွင်းမှာ ဆေးရုံကို စ,ဖြစ်တဲ့အချိန် သုံးနာရီကနေ ၁၂ နာရီအတွင်း အရောက်လာနိုင်မှသာ ဆေးကုသလို့ အဆင်ပြေမှာ ပါ။

လက်ရှိကနေစပြီးတော့ ကုသပေးနေပါပြီ။ ဒါပေမဲ့ ဒီနေ့အချိန်ထိတော့ အဲဒီ ရောဂါလက္ခဏာနဲ့ လာရောက် ကုသတဲ့ လူနာမရှိသေး ပါဘူး”ဟု ဒေါက်တာခင်ခင်ထွေးက ဆိုသည်။

အဆိုပါဆေးမှာ ယခင်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် မရှိသော်လည်း ယခုတွင် အလုံးပေါင်း ၂၀ ကျော်ရှိနေ   ပြီဖြစ်သဖြင့် ဦးနှောက်သွေးကြော ပိတ်၍ လေဖြတ်ရောဂါခံစားရသည့် လူနာများအနေဖြင့် ရောဂါစဖြစ်ပြီး သုံးနာရီ မှ ၁၂ နာရီအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရုံးချိန်အတွင်း အမီလာရောက်ရမည် ဖြစ်သည်။ ထို့အပြင် အခြားထိုးဆေးတစုံတရာ ထိုးထားခြင်းမရှိသည့် လူနာလည်း ဖြစ်ရမည် ဖြစ်သည်။

”ဒီရောဂါဖြစ်တတ်တဲ့ လက္ခဏာတွေက ခါတိုင်းလေဖြတ်တဲ့ လူနာတွေနဲ့အတူတူပါပဲ။ သွေးတိုးသမားဆိုရင်   လေဖြတ်တတ်တယ်။ လူငယ်တွေဆိုလည်းအနေအထိုင်မဆင်ခြင်ရင် လေဖြတ်တတ်တယ်။ သွေးတိုးအခံ၊ ဆီးချိုအခံ၊ အ၀လွန်တဲ့လူတွေ၊ ဆေးလိပ်သောက်၊ အရက်သောက်တဲ့သူတွေဖြစ်ဖို့ များတာပေါ့။ ဒါပေမဲ့ အဓိက ရောဂါအခံကတော့   သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ အခံရှိတဲ့သူတွေဖြစ်ဖို့ ပိုများတာပေါ့”ဟု ဒေါက်တာခင်ခင်ထွေး က ဆက်ပြောသည်။

ယခုထိုးဆေးသည်ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်သည့်လူနာများအတွက် နဂိုလူကောင်းပကတိအတိုင်း ရှင်သန်ခွင့်ရမည့် အခွင့်အရေး တခုဖြစ်ကြောင်း သိရသည်။ သာမန်လေဖြတ်ရောဂါ ခံစားရသည့် လူနာများအနေ ဖြင့် မူလကုထုံးနည်းအတိုင်း အဆင်ပြေအောင်မြင်လျက်ရှိကြောင်း သိရသည်။

Credit to News Watch ဂျာနယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: