Leave a comment

လူမျိုး တုန်း သတ်ဖြတ် မှု အ တွက် ဆာဘ် ခေါင်း ဆောင် ဟောင်း တစ် ဦး ကို ကုလ ခုံရုံး က ထောင် ဒဏ် နှစ် ၄၀ ချမှတ်

မတ် ၂၅၊ ၂၀၁၆

M-Media

serb

– ၁၉၉၀ ပြည့်နှစ်များအတွင်း ဖြစ်ပွားခဲ့သော ယခင် ယူဂိုစလားဗီယားစစ်ပွဲမှ ဆရီဘရီနီကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု (Srebrenica massacre) နှင့် လူသားထုအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် ပတ်သက်၍   ဘော့စနီးယား မှ ဆာ့ဘ်   ခေါင်းဆောင်ဟောင်း   ရာဒိုဗန် ကာရဒ်ဇ်မှာ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် အပြစ် ရှိကြောင်း   တွေ့ရှိခဲ့ရသည်ဟု သိရသည်။

The Hague ရှိ နိုင်ငံတကာခုံရုံးမှ ကုလသမဂ္ဂ တရားသူကြီးများက ကာရဒ်ဇစ်အား ပြုလုပ်ထားသည့် စွဲချက် ၁၁ ခုတွင် ၁၀ ခုကို အပြစ်ရှိကြောင်း တွေ့ရှိရသည်ဟု ယမန်နေ့က ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ် နှစ် ၄၀ ကျခံစေရန် ပြစ်ဒဏ် ချမှတ်ခဲ့သည်။ ၎င်း၏ အမှုအား ၅ နှစ်ကြာ စစ်ဆေးခဲ့ရခြင်းဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အရင်က ဘော့စနီးယားကို လူမျိုးစုများအခြေခံ၍ ခွဲခြားပစ်ခဲ့သော စင်ပြိုင်တပ်ဖွဲ့များအကြား   ဖြစ်ပွားခဲ့ကာ လူပေါင်း တစ်သိန်းခန့်သေဆုံးခဲ့သည့် ထိုစစ်ပွဲအတွက် ကုလသမဂ္ဂခုံရုံးတွင် အမှုရင်ဆိုင်နေရသူများတွင် အသက် ၇၀ အရွယ်ရှိ ကာရဒ်ဇစ်မှာ ရာထူးအကြီးဆုံးဖြစ်သည်။

ခုံရုံးတွင် သဘာပတိအဖြစ် ဆောင်ရွက်သော တရားသူကြီး အို-ဂွန် ၀ွန်ကမူ ၁၉၉၂-၁၉၉၅ စစ်ပွဲတွင် ဘော့စနီးယားမြို့ တော် ဆာရာယေဗို အား ၄၄ လကြာ ပိတ်ဆို့မှုအတွင်း ဆာ့ဘ်တပ်ဖွဲ့အား ကြီးကြပ်သော ကာရဒ်ဇစ်မှာ မျိုးတုန်း သတ်ဖြတ်ခြင်း၊   လူသတ်မှု၊ အရပ်သားများအား တိုက်ခိုက်ခြင်းနှင့် အကြမ်းဖက်မှုများအတွက် ရာဇ၀တ်မှုဆိုင်ရာ တာဝန်ရှိသူတစ်ဦး ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် ၎င်း၏ နိုင်ငံရေးရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် မြို့အတွင်းရှိ အရပ်သားများအား ပစ်မှတ်ထားကာ စနိုက်ပါဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲခြင်းတို့ကို အသုံးပြုခဲ့သည်ဟုလည်း တရာသူကြီးက ထည့်သွင်းပြောကြားခဲ့သည်။

Ref: Aljazeera

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: