Leave a comment

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နေရာ ရနိုင်မယ် ထင်၍ တောင်းဆိုခြင်းဖြစ် ဟုANP ပါတီ ၀င်ပြော

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာအား NLD ပါတီထံမှ တောင်းဆိုရခြင်းသည် အများဆုံးအနိုင်ရသည့်ပါတီအား နမူနာစံပြ သဘောဖြစ်   စေရန်နှင့် ရမည်ထင်၍တောင်း ဆိုခြင်းဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူ ဦးဖေသန်းက News Watch သို့ မတ် ၂၃ ရက်က ပြောသည်။

ယင်းနှင့်ပတ်သက်၍”ကျွန်တော်တို့လိုချင်တာက တွေ့ဆုံဆွေးနွေးမှုဖြစ်ပါတယ်။ဒီလောက်ကြီးကျယ်တဲ့ဝန်ကြီးချုပ်တာဝန်ကိုမရမနေတောင်းဆိုခြင်းမဟုတ်ပါဘူး။စိန်ခေါ်မှုရှိတဲ့ဒေသမှာဝန်ကြီးချုပ်တာဝန်ဆိုတာ တော်တော်ကြီးပါတယ်။ဒါပေမဲ့အများဆုံးနိုင်တဲ့ပါတီကိုနမူနာအဖြစ်စံပြဆိုတဲ့သဘောနဲ့ပေးနိုင်မလားဆိုပြီး ဆွေးနွေးတာပါ။ NLD ဖြစ်လို့ တောင်းတာပါ။

ရမယ်ထင်လို့တောင်းခြင်း ဖြစ်ပါတယ်။ နောက်တကြိမ်ဆွေးနွေးဖို့က အစိုးရဖွဲ့ပြီးမှ ဆွေးနွေးဖို့လက်ခံပါတယ်။ အခုက   ကောင်းမွန် တဲ့တွေ့ဆုံပွဲဖြစ်ခဲ့ပါ တယ်”ဟု ပြောကြားခဲ့သည်။

ယခင်ကြံခိုင်ရေးပါတီအစိုးရဖြစ်စဉ်က၀န်ကြီးချုပ်နေရာမတောင်းခဲ့ခြင်းသည် ကြံ့ခိုင်ရေးပါတီဖြစ်ခြင်းနှင့် အတူစစ်တပ် ကလာသော သူများဖြစ်သောကြောင့် ယုံကြည်မှုမရှိ၍ မတောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။ NLDကလွှတ်တော် ထဲ မှာ ဆွေးနွေးမှုတွေ တူတည်။ ဒီမိုကရေစီ ယန္တရားကို တည်ဆောက်နေတဲ့ပါတီဖြစ်လို့အခွင့် အရေးရနိုင်မယ်ထင်လို့   တောင်းခဲ့  တာပါ”ဟု ဆိုသည်။

”ဆွေးနွေးဖြစ်ပါတယ်။ သူက လည်း ဒီကိစ္စကို ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ဆန္ဒဖော်ထုတ်ကြတယ်ပေါ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘက်က ပြန်ပြောခဲ့ပါတယ်။ပူးပေါင်းဆောင်ရွက်မှု နောက်ကျတဲ့ ကိစ္စအပေါ် ပြည်သူတွေက ပါတီရဲ့ စတိတ်မင်ပေါ်ကို   ထောက်ခံ တဲ့ သဘောပြတာပေါ့နော်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၁။ အဲဒီမှာပြည်နယ် ၀န်ကြီးချုပ် ကို သမ္မတက ခန့်အပ်နိုင် တယ်လို့ ပါတယ်။ ဒီကိစ္စကို ကုန်လွန်ခဲ့တဲ့လွှတ် တော် မှာ ဆွေးနွေးခဲ့ဖူးပါတယ်။ NLD က လည်း   ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်သည်လို့ ပြင်ခဲ့ပါတယ်။

သဘောကတော့ လွှတ်တော်က ရွေးပေါ့။ ဒါပေမဲ့ တပ်မတော်က ကန့်ကွက်ခဲ့လို့ မအောင်မြင်ခဲ့ပါဘူး” ဟု ဦးဖေသန်း က ပြောပါတယ်။
ယင်းကဲ့သို့ တွေ့ဆုံမှုနှင့်ပတ်သက်၍NLDပါတီတာဝန်ရှိသူဦးဝင်းထိန်မှ”တွေ့ဆုံဆွေးနွေးမှုအခြေအနေက ကောင်းပါတယ်။ အစိုးရဖွဲ့ပြီး နောက်တကြိမ်တွေ့ဆုံဆွေးနွေးဖို့ သဘောတူညီခဲ့တယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ ANPနဲ့NLD   နောက်ခါ မှညှိနှိုင်းဆွေးနွေးကြဖို့ သဘောတူခဲ့ကြပါတယ်”ဟု ပြောကြားခဲ့သည်။

ရခိုင်အမျိုးသားပါတီ(ANP) နှင့် ANP ပါတီတို့ ပါတီနှစ်ရပ်ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ANP ပါတီ ကိုယ်စားပြုအမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၂၂ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းနှင့် ဗဟိုကော်မတီဝင်ဦးဝင်းထိန်၊ ဒေါက်တာမျိုးအောင်တို့ မတ် ၂၄ ရက် ညနေ ၅နာရီအချိန်၊ နေပြည်တော်စည်ပင်ရိပ်သာအဆောင်၎၌တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထွန်း(နေပြည်တော်)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: