ရက်တစ်ရာအတွင်း လုပ်ဆောင်မည့် လုပ်ငန်းများ စီမံဆောင်ရွက် ရန် ပြည်ထောင်စုဝန်ကြီးအသစ် ၁၅ ဦးအား ဒေါ်အောင်ဆန်းစုကြည် မှာကြား
ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်သည့် ပြည်ထောင်စုဝန်ကြီး ၁၅ ဦးအား သက်ဆိုင်ရာဝန်ကြီး ဌာနအလိုက် ဆောင် ရွက် မည့်လုပ်ငန်းများ ရက်ပေါင်းတစ်ရာအတွင်း စီမံထားရန် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် တွင်းရှိ I-12 တွင် တွေ့ဆုံပြောကြား ခဲ့သည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးတာဝန်ယူမည့် သူရဦးအောင်ကိုက မီဒီယာများကိုပြောသည်။
“ဧပြီလတစ်ရက်နေ့ အစိုးရ အဖွဲ့သစ်စတဲ့အခါမှာ ရက်တစ်ရာ စီမံချက် ကို ရေးဆွဲထားဖို့ ဌာနအချင်းချင်း ပူး ပေါင်းဆောင် ရွက်ဖို့ ရက်တစ်ရာ စီမံချက် ဆွဲတဲ့ အခါမှာလည်း ရက်တစ်ရာအတွင်းကို ပြီးမြောက်နိုင်တဲ့ အကောင် အထည်ဖော်နိုင်တဲ့ လုပ်ငန်းမျိုးတွေကို ဦးစားပေးဆွဲ ဖို့ပြောပါတယ်” ဟု ၄င်းကမီဒီယာများကို ရှင်းပြ သည်။
ပြည်ထောင်စုဝန်ကြီးများအနေဖြင့် ခြိုးခြံချွေတာရန်နှင့် မိမိတို့နေထိုင်ရမည့် အိမ်များပြင်ဆင်ခြင်းနှင့် ပရိဘောဂ အသုံး အဆောင်များ အတွက် ကိုယ်ပိုင် ပိုက်ဆံဖြင့်သုံးစွဲရမည်ဖြစ်ပြီး နိုင်ငံတော်ထံမှ ပြန်လည်တောင်းခံခြင်း မပြုရ န် မှာကြားခဲ့ကြောင်း ၄င်းက ဖြည့် စွက်ပြော သည်။
“ပရိဘောဂကို ပြည်ထောင်စုအစိုးရရဲ့ ၀န်ကြီးသစ် ၁၈ ဦးက ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ် ရမယ်၊ နိုင်ငံတော်က ပြန် မတောင်း ရဘူး၊ ပြီးရင် ငါးနှစ် သက်တမ်း ထမ်းဆောင်ပြီးသွားရင်လည်း နောက်လူအတွက် ထားခဲ့ရမယ်” ဟု သူရဦးအောင်ကိုက ဆိုသည်။
သာသနာရေးဝန်ကြီးဌာန အနေဖြင့် ရက်တစ်ရာအတွင်း သံဃာအဖွဲ့အစည်း အဆင့်ဆင့်အား ပြည်ထောင်စုဝန်ကြီးက အချိန်ဆက်မိမိ လုပ်ငန်းများဆောင်ရွက် သွားရန်လည်း မှာကြားခဲ့ကြောင်းသိရသည်။
“အစိုးရသစ်ရဲ့ လုပ်ငန်းတွေကို လုပ်တဲ့အခါမှာ အောင်မြင်စေ ချင်တဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေရှိသလို မ အောင်မြင်စေချင်တဲ့ အဖွဲ့တွေလည်းတွေ့ရမှာဖြစ်တယ်၊ တိုင်းပြည်ရဲ့ လူမှုအဖွဲ့အစည်းအတွင်း မငြိမ်သက် အောင်လုပ် ချင်တဲ့သူတွေ မရှိဘူးလို့ မပြောနိုင် ပါဘူး” ဟု ၄င်းက ဆိုသည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်မည့် ဒေါက်တာဖေမြင့် ကလည်း “တိုင်းပြည် ဘဏ္ဍာ သက်သက် သာသာနဲ့ အလုပ်လုပ်နိုင်ဖို့ မြန်မြန်ဆန်ဆန်လုပ်မယ့် လုပ်ငန်း အစီအစဉ်တွေ လုပ်ကိုင်ဖို့ အဂတိလိုက်စားမှု ကင်းစင်ဖို့အကြောင်းတွေ အဓိကထားပြောပါတယ်” ဟု မီဒီယာများကို ဖြေကြားသည်။
ယင်းတွေ့ဆုံမှုကို နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ရုံးခန်း I-12 တွင် နှစ်နာရီကျော်ကြာတွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ကိုပေါက်
The Ladies News