Leave a comment

မြန်မာနိုင်ငံက ပညာတတ် ဘွဲ့မရများ

image

ဓာတ်ပုံ – သံလျင် နည်းပညာတက္ကသိုလ်
(TTU Facebook)

မြန်မာနိုင်ငံက ပညာတတ် ဘွဲ့မရများ

မွန်းတည့်နေ။ အတွဲ (၂)၊ အမှတ် (၅၀) – ချစ်ဆွေ

ကွယ်လွန်သွားပြီးဖြစ်တဲ့ တောင်အာဖရိက နိုင်ငံရဲ့ ဖခင်ကြီးလို့ အများက တင်စားကြတဲ့ လူဖြူလူမည်း ခွဲခြားမှု ဆန့်ကျင်ရေး ခေါင်းဆောင် နယ်ဆင်မင်ဒဲလားက ပညာရေးနဲ့ ပတ်သက်ပြီး ကမ္ဘာကျော်စကားတစ်ခွန်း ပြောခဲ့ဘူးပါတယ်။

အဲဒါကတော့ ‘ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့ အင်အားကြီးဆုံးလက်နက်က ပညာရေးပဲ’ တဲ့။

တာလီဘန်တွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကနေ လွတ် မြောက် လာပြီး အသက်အငယ်ဆုံး ငြိမ်း ချမ်းရေး နိုဘယ် ဆုရှင် ဖြစ်လာခဲ့တဲ့ ပညာရေး တက်ကြွစွာ လှုပ်ရှားသူ ပါကစ္စတန်သူလေး မာလာ လာ ယူစွတ်ဇိုင်း ကလည်း အခုလို ပြောခဲ့ပါသေး တယ်။

”စာအုပ်တစ်အုပ်၊ ဘောပင်တစ်ချောင်း၊ ကလေး တစ်ယောက်၊ ဆရာတစ်ယောက်နဲ့ တင် လောကကြီးကို ပြောင်းလဲနိုင်တယ်”

ပညာရွှေအိုးလူမခိုး၊ ကျောင်းမှန်မှန် တက်စာမခက်ဆိုတဲ့ ဆောင်ပုဒ်တွေကို ကျွန်တော် တို့ ငယ်ငယ်ကတည်းက ဖတ်ဖူးကြားဖူး ဖြစ်ပါ လိမ့်မယ်။ ကျောင်းမှန်မှန်တတ်ပြီး စာမခက်တိုင်း ဘွဲ့ရပညာတတ်ကြီး တစ်ယောက်ဖြစ် နိုင်ပြီလား၊ မြန်မာနိုင်ငံမှာတော့ မသေချာပါဘူး။ ပညာ တတ်ကြီးဖြစ်သွားပေမယ့် ဘွဲ့မရတဲ့ကျောင်းသား တွေ အများအပြား ရှိနေပါတယ်။ အဲဒီထဲကမှ လက်ရှိ ကျောင်းတက်နေဆဲ ကျောင်းသားတွေ၊ ဒုက္ခသုက္ခနဲ့ အခက်အခဲပေါင်းစုံ ကြုံပြီးတော့မှ ဘွဲ့ရခဲ့တဲ့ကျောင်းသား တွေ၊ ကျောင်းပြီးတာ နှစ်ပေါက်အောင် ကြာပေမယ့် ဘွဲ့မရတဲ့ကျောင်း သားတွေ အကြောင်းကို တင်ပြပေး လိုက်ရပါ တယ်။

Case # 1

ကိုမောင်မောင်စိုးက ၁၉၉၃ ခုနှစ်မှာ တက္ကသိုလ်ဝင် တန်းအောင်ပြီးနောက် အင်ဂျင် နီယာဖြစ်ဖို့ ဝါသနာ ကြီးသူ ဖြစ်တဲ့အလျောက် ရန်ကုန်စက်မှုတက္ကသိုလ်မှာ Chemical Engineer တက်ခွင့်လျှောက်ခဲ့ပါတယ်။ သူ့မှာ မှတ်ပုံတင် မရှိပါဘူး။  တက္ကသိုလ်တက်ချိန် အသက်မွေးဝမ်း ကျောင်း ဘာသာရပ်တွေနဲ့ ပတ်သက်ပြီး မှတ်ပုံ တင်လိုကြောင်း သတ်မှတ်ထားတော့ ရန်ကုန် တိုင်း တရားရုံးမှာ ကျမ်းကျိန်ပြီး မှတ်ပုံတင် လျှောက် ထားခဲ့ပြီးနောက်မှာ သူ့ကို နိုင်ငံသား ဆိုပြီး ကျမ်းကျိန်လွှာ လုပ်ပေးခဲ့ပါတယ်။ ပညာ သင်ကြားနေစဉ် ၁၉၉၆၊ ၉၇ ခုနှစ်လောက်မှာ နိုင်ငံရေးပြဿနာတွေဖြစ်နေတဲ့အတွက် ကျောင်းပိတ်သွားတာကြောင့် ကျောင်းနားလိုက် ရပါ တယ်။

တက္ကသိုလ်ပြန်ဖွင့်ချိန်မှာတော့ တက္ကသိုလ် တွေကို ခွဲထုတ်ပစ်လိုက်တာကြောင့် ကိုမောင် မောင်စိုးက လှိုင်သာယာနည်းပညာတက္ကသိုလ်မှာ ကျောင်းသွား တက်ခဲ့ရပါတယ်။ စတုတ္ထနှစ် အရောက်မှာ စီးပွားရေး အခက်အခဲတွေကြောင့် စာသင်နှစ် နှစ်နှစ်၊ သုံးနှစ်စာ လောက် နားခဲ့ပါ တယ်။

”ကျွန်တော် ဒီ အင်ဂျင်နီယာဘွဲ့ကို အရမ်း ကို ရူးသွပ် လွန်း လို့ ပြန်တက်တယ်။ ပြန်တက် တော့ ၂ဝဝ၄ ဧပြီလောက်မှာ ကျောင်းပြီးတယ်။ ကျွန်တော်အင်ဂျင်နီယာဖြစ်ပြီဆိုပြီး အရမ်း ပျော်ခဲ့တယ်။ ဘွဲ့နှင်းသဘင်တက်ဖို့အတွက် ခေါ်တော့ သွား လျှောက် တယ်။ ဖောင်တင်လည်း တင်ရော ကျွန်တော့်ကို အကြောင်းကြားတယ်။  ပါချုပ် (ပါမောက္ခချုပ်) နဲ့တွေ့လိုက်ပါတဲ့။ ပါချုပ် က ကျောင်းပြီးသွားပေမယ့် ဘွဲ့နှင်းသဘင် တက်ခွင့်မရှိကြောင်း၊ ဘွဲ့လက်မှတ် မရကြောင်း ပြောတယ်။ လုံးဝမျှော်လင့်မထားတဲ့ စကားကြား လိုက်ရတယ်။ မှတ်ပုံတင်ရှိမယ်ဆိုရင် ဘွဲ့လာ ထုတ်ပါလို့ ပြောခဲ့တယ်။ ပြောတဲ့အချိန်မှာ ဆရာကြီးကိုယ်တိုင်လည်း ဝမ်းနည်းနေတယ်” လို့ ကိုမောင်မောင်စိုးက သူကြုံခဲ့ရပုံကို ပြန် ပြောင်း ပြောပြပါတယ်။

ဒီလိုနဲ့ ခိုင်မာတဲ့အကြောင်းပြချက် တစ်စုံ တစ်ရာမရဘဲ အထက်အမိန့်ဆိုတဲ့ စကားလုံး တစ်လုံးကြောင့်နဲ့ ဘွဲ့နှင်း သဘင် မတက်ခဲ့ရ သလို ဘွဲ့လည်းမရခဲ့ပါဘူး။ ဒါ့အပြင် မှတ်ပုံတင် မရသေးခင် ကြားကာလမှာ ကျောင်းကို သွားပြီး အောင်လက်မှတ်နဲ့ အမှတ်စာရင်းထုတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် လုံးဝမထုတ်ပေးခဲ့ပါဘူး။ ၂ဝဝ၇ ခုနှစ်အရောက်မှာတော့ ကျောက်တံတား မြို့နယ်ကနေ အမျိုးသားမှတ်ပုံတင် (သုံးခေါက် ချိုးမှတ်ပုံတင်) လုပ်ခွင့် ရခဲ့ပါတယ်။

”ကံကောင်းထောက်မစွာနဲ့ မှတ်ပုံတင် ရလည်းရရော ကျွန်တော်ကျောင်းကိုပြေးတယ်။ ပြီးတော့ မှတ်ပုံတင်နဲ့ ဘွဲ့လက်မှတ်ထုတ်တယ်။ အဲဒီအချိန်မှာ ပါမောက္ခပြောင်း သွားပြီ။ ကျွန်တော်တို့ Chemical ဌာနက ဒေါ်မြမြခင် ဖြစ်နေပြီ။ ဒါပေမဲ့ ဆရာမက ကျွန်တော့်ကို ရစ် တယ်။ ”မှတ်ပုံတင်ကဟိုလိုဖြစ်လို့၊ ဒီလိုဖြစ်လို့” စသည်ဖြင့် ပေါ့နော်။ ကျွန်တော်နဲ့ အကြိတ် အနယ်၊ အပြန်အလှန် ဆွေးနွေးပြီးတဲ့နောက်ပိုင်း ကျွန်တော့် ဘွဲ့လက်မှတ်ကို ရခဲ့တယ်။ ဘွဲ့လက် မှတ်ရတဲ့အချိန်က ၂ဝဝ၇ အကုန် လောက်ဖြစ် နေပြီ”လို့ သူက ဆိုပါတယ်။

Case # 2

၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်မှာ သန်လျင် GTC ကနေ Electrical Engineer (EP) နဲ့ အောင် မြင်ခဲ့တဲ့ မောင်ကျော်တင့်ကလည်း ပညာတတ် ပြီး ဘွဲ့မရသေး ပါဘူး။ သူတို့ကျောင်းက နှစ်နှစ် ခြား ငါးနှစ်တက်ရ ပါတယ်။ နှစ်နှစ်ကို တစ်ကြိမ် ဘွဲ့လက်မှတ် တစ်ခု ထုတ်ပေးပါတယ်။ ပထမနှစ် နှစ်မှာ AGTI Diploma လက်မှတ်ပေးပြီး ဒုတိယ နှစ်နှစ်မှာတော့ B.Tach ဘွဲ့လက်မှတ်ပေးပါ တယ်။ နောက်ဆုံးတစ်နှစ်မှာတော့ B.E (Bachelor of Engineer) ဘွဲ့ပေးပါတယ်။ စုစုပေါင်း ဘွဲ့သုံး ခုပါ။

အဲဒီဘွဲ့လက်မှတ်သုံးခုလုံးကို မှတ်ပုံတင် ရှိမှ ထုတ် လို့ရပါတယ်။ ”ဘွဲ့နှင်းသဘင်တော့ တက်လို့ရတယ်။ တက်ယူလို့လည်း ရတယ်။ ဒါပေမဲ့ စာရွက်အလွတ် ပဲပေးတယ်။ အထဲမှာ ‘မှတ်ပုံတင်ဖြင့်လာရောက် ထုတ်ယူပါရန်’ ဆိုတာ ပဲ ပါတယ်။ အဲဒီလိုမျိုးဆိုတော့ ကျွန်တော်က တော့ ဘွဲ့နှင်းသဘင်ကို သွားကို မတက်တော့ ဘူး။ မှတ်ပုံတင်ရမှာပဲ အဝေးရောက် ပုံစံမျိုးနဲ့ လျှောက်ပြီး ထုတ်လိုက်တော့မယ်။ စာမေးပွဲ တော့ အောင်ပြီးသွားပြီ။ အခုတစ်နှစ်ကျော်ပြီ ဘွဲ့မရ သေးဘူး”လို့ သူကြုံတွေ့နေရပုံကို ပြောပါတယ်။

မောင်ကျော်တင့်ဟာ (၈)တန်းနှစ် လောက်မှာ မှတ်ပုံတင် လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ သူ့အတွက် အဓိက ပြဿနာဖြစ်တဲ့ ပုံစံ (၁) ထုတ်ခိုင်း တာနဲ့ ကြုံရ ပါတယ်။

”ကျွန်တော့်အဖေက ပြဿနာမရှိဘူး၊ လွယ်လွယ်ကူကူ ထုတ်လိုက်လို့ရတယ်။ ကျွန်တော့် အမေဘက်ကကျတော့ စစ်တွေဖြစ်သွားတော့ မလွယ်တော့ဘူး။ ပထမ ကျွန်တော် မှတ်ပုံတင် လုပ်တဲ့အချိန် ၂ဝ၁၂ ထဲမှာ စစ်တွေမှာ ပြဿနာ တွေ တက်နေတယ်” လို့ ပြောပါတယ်။

အဆင်မပြေမှုတွေကြောင့် ကြားလူတစ် ယောက် အကူအညီနဲ့ ထုတ်ပေးဖို့ ပြောတော့ ငွေကိုးသောင်း တောင်းပါတယ်။ အဲဒီကြားလူနဲ့ ထုတ်တာ ပုံစံ (၁) ထွက်လာပြီလို့ သိရပေမယ့် မောင်ကျော်တင့် လက်ထဲကိုတော့ အခုအချိန်ထိ မရောက်သေးပါဘူး။

”ပုံစံ (၁)ရပြီဆိုရင် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေး မလား၊ သုံးခေါက်ချိုးပေးမလား ဆိုတာ မသေချာ သေးဘူးဗျ။ သူတို့က အမျိုးမျိုး ပြောနေတာ။ ပုံမှန်အားဖြင့်တော့ ပိုက်ဆံပေး လိုက်ရင် နိုင်ငံသားရ သွားတာများတယ်”လို့ မောင်ကျော်တင့်က ပြောပါတယ်။

သုံးခေါက်ချိုးမှတ်ပုံတင်နဲ့ ဘွဲ့လက်မှတ် သွားထုတ် တဲ့အခါမှာ သူ့အရှေ့က စီနီယာတွေရဲ့ အတွေ့အကြုံအရ ‘ကိုင်ဆောင်ထားတဲ့ သက် သေခံကတ်ပြားကို လုံးဝ လဲလှယ် မည် မဟုတ် ကြောင်း’ဆိုတဲ့ ဝန်ခံကတိမှာ လက်မှတ်ထိုးမှသာ လျှင် ဘွဲ့လက်မှတ်ကို ထုတ်လို့ရမယ့် အနေ အထားပါ။

”အမှန်ကတော့ မှတ်ပုံတင်ကို လွယ်လွယ် ကူကူလုပ်ပေးလိုက်ရင် တော်တော်အဆင်ပြေ မယ်။ နောက်ပြီး ငါးနှစ်တာ သင်ထားတဲ့ ပညာ ရပ်နဲ့ မှတ်ပုံတင်မရှိတာက သက်ဆိုင်မှု မရှိဘူး လို့ ထင်တာပဲဗျ။ ဒီနိုင်ငံသားဖြစ်မှပဲ ဒီလက်မှတ် ကြီးကို ထုတ်ပေးမယ်ဗျာ။ ဒီတော့ ကျွန်တော် (၁၅) နှစ်လုံးလုံး သင်ထားတဲ့ ပညာရပ်တွေ အားလုံးက နိုင်ငံသားမဟုတ်ဘူးဆိုတာ တစ်ခု တည်းနဲ့ အားလုံး မြောင်းထဲလွှင့်ပစ်လိုက်ရတော့ မယ် ပုံစံမျိုးဖြစ်နေတယ်”လို့ သူကဆိုပါတယ်။

Case # 3

သန်လျင်နည်းပညာတက္ကသိုလ်က နောက် ဆုံးနှစ်ကျောင်းသူ မဥမ္မာကလည်း (၁၈) နှစ် ပြည့် မှတ်ပုံတင်မရသေးတာကြောင့် ပညာသင် နှစ် နှစ်နှစ်မြောက်နဲ့ လေးနှစ်မြောက်မှာပေးတဲ့ B.Tech ဘွဲ့လက်မှတ်တွေ မရသေးပါဘူး။ ၁၈ နှစ်ပြည့်မှတ်ပုံတင်သာ အချိန်မီမရခဲ့ရင် နောက် ဆုံးနှစ် B.E ဘွဲ့ကိုလည်း ရမှာမဟုတ်ပါဘူး။

”ဘွဲ့နှင်းသဘင် အခမ်းအနားတော့ တက် ခွင့်ရတယ်။ ဒါပေမဲ့ လက်မှတ်တော့မပေးဘူး။ သရေစာအုပ်ပေးတယ်။ သူများတွေကျတော့ အထဲမှာ ဘွဲ့လက်မှတ်ပါတာပေါ့။ ကျွန်မကတော့ မပါဘူး။ စာအုပ်အလွတ်ကြီးပေးတယ်” လို့ သူကြုံခဲ့ရပုံကို ပြောပါတယ်။

(၁ဝ)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ရရှိထားပေမယ့် (၁၈)နှစ်ပြည့်ရဖို့အတွက် လျှောက်ထားတာ သုံးနှစ်ရှိပြီ ဖြစ်ပေမယ့် မရ သေးပါဘူး။ မဥမ္မာရဲ့ မိဘနှစ်ပါးလုံးက နိုင်ငံ သားစိစစ်ရေး ကတ်ပြားရထားသူတွေ ဖြစ်ပါ တယ်။

Case # 4

သန်လျင်နည်းပညာတက္ကသိုလ်မှာ BE (EC – Electronic Communication) မေဂျာနဲ့ နောက်ဆုံးနှစ် (ငါးနှစ်မြောက်) မှာ တက်ရောက် ပညာသင်ကြားနေသူ မောင်ညီညီနိုင်ကလည်း အခက်အခဲတွေကြုံနေရပါတယ်။ မှတ်ပုံတင်မရှိ တဲ့ မောင်ညီညီနိုင်ဟာလည်း မဥမ္မာနည်းတူ နှစ်နှစ်မြောက်မှာပေးတဲ့ AGTI ဘွဲ့ကို မရခဲ့ပါ ဘူး။

”ဘွဲ့တော့တက်ယူခွင့်ရတယ်။ ဘွဲ့လက် မှတ်တော့မပါဘူး။ သားရေအိတ်လေးပဲ ပေး တယ်။ စင်ပေါ်မှာ အဲဒီသားရေအိတ်လေးတောင် မပေးဘူးဆိုရင် ဒီတိုင်းကြီးပြန်ဆင်းလာရမှာပေါ့။ အထဲမှာတော့ ဘာမှမပါဘူး”လို့ မောင်ညီညီနိုင် က ပြောပါတယ်။

”မှတ်ပုံတင်ရတော့မှ သူတို့ကပေးမှာလေ။ မှတ်ပုံတင်နံပါတ်ကို ဘွဲ့ကတ်ပြားထဲမှာ ရေးရ တယ်။ ကျွန်တော့်မှာ မှတ်ပုံတင်မရှိတာကြောင့် လုံးဝမပေးတာ။ (၁ဝ) နှစ်ပြည့်မှတ်ပုံတင်က သွားမလုပ်ဖြစ်ဘူး။ နောက်ကျရင် အဆင်ပြေ မယ်ဆိုပြီးတော့ အဲဒီဘက်ကို အာရုံသိပ်မစိုက် မိလိုက်ကြဘူး။ နောက်မှလုပ်မယ်ဆိုပြီးတော့ အခုလို အခြေအနေရောက်သွားတယ်”လို့ သူ ကြုံခဲ့ရပုံကိုပြောပါတယ်။

မောင်ညီညီနိုင်ရဲ့ အမေဖြစ်သူက နိုင်ငံ သားစိစစ်ရေးကတ်ပြား ကိုင်ထားပေမယ့် အဖေ ကတော့ သုံးခေါက်ချိုးပါ။ မှတ်ပုံတင်မရှိရင် ဘွဲ့မရဘူးဆိုတဲ့ အနေအထားဖြစ်လာကြောင့် မောင်ညီညီနိုင်တစ်ယောက် မှတ်ပုံတင်ရရှိရေး ကြိုးစားနေပါပြီ။

မှတ်ပုံတင်မရှိဘဲ ဘွဲ့ရသင့်လားဆိုတာနဲ့ ပတ်သက်ပြီး မောင်ညီညီရဲ့ အမြင်ကတော့ အခုလိုပါ။

”ကျွန်တော့်အမြင်ကလည်း မှတ်ပုံတင် မရှိရင် ဘွဲ့လက်မှတ်မပေးသင့်ဘူးလို့ မြင်တယ်။ ဘွဲ့လက်မှတ်ထဲမှာ မှတ်ပုံတင်နံပါတ် ရေးရတာ ကိုး”

ဥပဒေရှုထောင့်

နိုင်ငံသားဖြစ်ပြီဆိုရင် အခြေခံအခွင့်အရေး တွေအရ ပညာသင်ခွင့်ဆိုတာလည်း ပါပါတယ်။ နိုင်ငံသားဖြစ်တဲ့ အတွက်ကြောင့် ပညာသင်ကြား ခွင့်မှာ ဘာမှခွဲခြားမှုမရှိပါဘူး။ ဒါပေမဲ့ လက်တွေ့ မှာတော့ တချို့တချို့သော နေရာတွေမှာ ခွဲခြားနေတာတွေ ရှိပါတယ်။

တက္ကသိုလ်အောင်မြင်ပြီး ဘွဲ့မရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးခင် မောင်ချိုက အခုလိုမှတ်ချက်ပြုပါတယ်။

”မှတ်ပုံတင်လည်းမထွက်သေးဘူးဆိုတော့ တက္ကသိုလ်ဘက်က ဆရာ၊ ဆရာမတွေ အစရှိတဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ဘက်ကကြည့်ရင် သူတို့ မှာလည်း ညွှန်ကြားချက်တွေ ရှိနိုင်တယ်။ ဒီလို ကေ့စ်တွေမှာက အဲဒီလို ရှိတဲ့ ညွှန်ကြားချက်ကို ရုပ်ရင်ရုပ်၊ မရုပ်ရင် နိုင်ငံသားဖြစ်အောင် လုပ် ပေး။ ညစ်ထားလို့တော့မရဘူး။ အခု အသွင် ကူးပြောင်းရေးမှာ NLD အစိုးရတက်တော့မယ်။ ဆိုတော့ ဒီကိစ္စတွေကို ဖော်ထုတ်ပြီးတော့ လုပ်ဖို့ ကောင်းတယ်”လို့ သူက ဆိုပါတယ်။

နိုင်ငံသားစိစစ်ရေး ကတ်ပြားမရတဲ့ ကလေး တွေဟာ နိုင်ငံသားကတ်ရဖို့ ကြိုးစားပြီးပြီလား၊ ငြင်းပယ်ခံရတာလား ဆိုတာလည်း ရှိပါတယ်။ ”ကလေးတွေ နိုင်ငံသားကတ်မရတဲ့ပုံစံက တစ် ယောက်နဲ့ တစ်ယောက် မတူဘူး။ သေချာ လေ့လာကြည့်လိုက်တော့ မြို့နယ် လ.ဝ.က ဦးစီးမှူးတွေဟာ ဒီဥပဒေတွေနဲ့ ပတ်သက်ပြီး တော့ ကျွမ်းကျွမ်းကျင်ကျင် မရှိဘူးဆိုတဲ့ အချက် ရှိတယ်။ သူတို့ရှောင်နေတာ ဟိုလို ဒီလို အကြောင်း ထက်ကို နားမလည်လို့ ရှောင်နေတဲ့ အကြောင်း က ပိုများတယ်”လို့ ဦးခင်မောင်ချိုက ပြောပါ တယ်။

နိုင်ငံသားကိစ္စဆိုတာ ကိုယ်တိုင်လုပ်ရမယ့် ကိစ္စ၊ လုပ်ကိုလုပ်ရမယ့် ကိစ္စဖြစ်ကြောင်း၊ လုပ် နေရင်းနဲ့ ဘယ်နေရာမှ အခက်အခဲတွေ့သလဲ၊ မလိုအပ်ဘဲ ကြန့်ကြာနေသလား၊ ဘာဖြစ်တာလဲ ဆိုတာကို ဖော်ထုတ်ရမှာဖြစ်ကြောင်းကိုလည်း သူက ဆက်ပြောပါတယ်။

”ဒါကိုရင်ဆိုင်ရမယ်။ နိုင်ငံသားမရတဲ့ကိစ္စ က အစက ရခိုင်ပြည်နယ်က မွတ်စလင်တွေဆိုရင် ဖြစ်တယ်။ အခုဆိုရင် ပြည်တင်းက အစ္စလာမ် ဘာသာဝင်တွေလည်း ကြုံနေရပြီ။ Unwritten Policy ဆိုတဲ့ သူ့ဟာသူ အတွင်းညွှန်ကြားချက်တွေ ရှိနိုင်တယ်။ အဲဒါတွေကို အရာရှိက သူ့သဘော နဲ့သူ လုပ်နေတာမဟုတ်တော့ဘဲနဲ့ သူ့ကို အထက်က ညွှန်ကြားချက် အမျိုးမျိုးပေးတာပေါ့။ ဥပမာဆိုပါစို့။ သွေးနှောကိစ္စ။ အဲဒါက တရား ဝင် မဟုတ်ဘူး။ အဲဒီလိုကိစ္စတွေက ညွှန်ကြား ချက်နဲ့ ဖြစ်တာ။ စာထဲမှာ မရေးထားတဲ့ဟာတွေ” လို့ ဦးခင်မောင်ချိုက မှတ်ချက်ပေးလိုက်ပါတယ်။

ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ဆရာမ

မှတ်ပုံတင်မရှိလို့ ဘွဲ့မထုတ်ပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က ဆရာမတစ်ယောက်ကို ဆက်သွယ်မေးမြန်းခဲ့ပါ တယ်။ သူကတော့ In Service ဖြစ်နေတာကြောင့် အမည်မဖော်ဖို့ တောင်းဆိုထားပါတယ်။ အခု တော့ သုံးခေါက်ချိုး မှတ်ပုံတင်တွေနဲ့ ဘွဲ့ လက်မှတ်တွေကို ပြန်ထုတ်ပေးနေပြီလို့ ဆရာမ က ဆိုပါတယ်။

”ဘယ်က Pressure ပေးသလဲတော့မသိဘူး။ အဝေးသင်က ဘွဲ့လက်မှတ်တွေ ပြန်ထုတ်ပေး တယ်။ သုံးခေါက်ချိုးပေါ့။ ကလေးကို ဘွဲ့နှင်း သဘင်ခန်းမတော့ တက်ခိုင်းတယ်။ အဲဒီမှာ စာရွက်အစုတ်ကြီးကို ထုတ်ပေးလိုက်တာ။ ဘွဲ့နှင်းသဘင် လျှောက်ရင် မှတ်ပုံတင်နဲ့ လျှောက် ရတယ်။ အဲဒီလိုလျှောက်တုန်းကတော့ သူတို့ကို လှလှပပလေးပဲ လက်ခံလိုက်တယ်။ ဘွဲ့နှင်း သဘင်လည်း တက်ခိုင်းတယ်။ ဘွဲ့လည်းပေး တယ်။ ဘွဲ့လက်မှတ် ထည့်မပေးလိုက်ဘူး”လို့ ဆရာမက ရှင်းပြပါတယ်။

”ဘွဲ့ပေးပြီးတဲ့အချိန် ဘွဲ့လက်မှတ် ရမ လာဘူး၊ ဘာကြောင့်လဲဆိုတာ အကြောင်းပြလိမ့် မယ်။ မှတ်ပုံတင်မရှိလို့၊ မပြည့်စုံလို့ ဘာညာ ပေါ့နော်။ အဲဒီလိုအချိန်ကျရင် သက်ဆိုင်ရာ ဌာနရဲ့ မော်ကွန်းထိန်းပဲဖြစ်ဖြစ်၊ ကြီးကြပ်နဲ့ဖြစ် ဖြစ် သွားတွေ့လိုက်။ အဲဒီမှာ ဘာအတွက်မပေး တာလဲဆိုပြီး တိုက်ရိုက်မေး။ အကြောင်းပြချက် ခိုင်လုံတယ်ဆိုရင် ဟုတ်ပြီ၊ စာထုတ်ထားလား၊ ညွှန်ကြားချက်ကဘာလဲ ဘယ်ကလဲ၊ ပညာရေး ဌာနကလား၊ အဲဒီညွှန်ကြားချက်စာတောင်း လိုက်။ အဲဒီစာနဲ့ ဘာဆက်လုပ်ရမလဲဆိုတာကို ဒုတိယအဆင့် စဉ်းစားရမှာ”လို့ ဆရာမက လမ်းညွှန်ပါတယ်။

ညွှန်ကြားချက်တွေဟာလည်း ပါးစပ်ညွှန် ကြားချက်တွေများကြောင်း၊ တောင်းရင် မပေး နိုင်ကြောင်း၊ လောလောဆယ် ဘွဲ့ပြန် ထုတ်ပေး ပြီလို့ ကြားရတဲ့အတွက် ရပြီးတဲ့လူတွေက ရပြီးကြောင်း၊ ဒါပေမဲ့ အများအပြား ကျန်နေ သေးကြောင်း ဆိုပါတယ်။

တက္ကသိုလ်အောင်မြင်ပြီးချိန် ဘွဲ့မရတာနဲ့ ပတ်သက်ပြီး ဆရာမက အခုလို မှတ်ချက်ပေးပါ တယ်။

”ကျောင်းအပ် လက်ခံတယ်ဆိုတော့မှ ဘွဲ့ မပေးဘူးဆိုတာ မဖြစ်သင့်ဘူးလေ။ ဥပမာ ဆေးတက္ကသိုလ်ဝင်ခွင့်ရတယ်။ ဘွဲ့ရတော့မှ ဘွဲ့လက်မှတ်ပေးဘူးဆိုတာ အဓိပ္ပာယ်မရှိဘူး”

မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ စစ်အာဏာရှင် လက်အောက်မှာ နေလာပြီးချိန် ၂ဝ၁ဝ ခုနှစ် ကစပြီး ဒီမိုကရေစီ အမည်ခံ စစ်ဝတ်စုံချွတ် အစိုးရတစ်ရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ အခု ၂ဝ၁၆ ခုနှစ်မှာတော့ ပြည်သူလူထုက တင် မြှောက် လိုက်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာ ပါပြီ။ စစ်အာဏာရှင်လက်ထက်မှာဆိုးဝါးစွာ ဖျက်ဆီးခံလိုက်ရတဲ့အထဲ ပညာရေးကဏ္ဍလည်း ပါခဲ့ပါတယ်။ ဖျက်ဆီးခံလိုက်ရတဲ့ ပညာရေး ကဏ္ဍထဲမှာလည်း ထပ်ဆင့် ခွဲခြားဆက်ဆံမှု တွေရှိနေပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ ဖွံ့ဖြိုး တိုးတက်မှုဆိုတာ ပညာတတ်ပေါ်မှာလည်း အဓိကမူတည်နေတာကြောင့် ဒီမိုကရေစီ ယဉ် ကျေးမှုတစ်ခုကို သွားချိန် တိုင်းပြည်မှာ ရှိတဲ့ ပညာတတ်လူတန်းစား အလွှာတန်းစားပေါ် မူတည်ပြီး ဒီမိုကရေစီစနစ်ကို သွားလို့ရမရ ဆိုတာကို ပညာရှင်တွေက သုံးသပ်ကြရတာပါ။

ဒီလိုအချိန်မျိုးမှာ ပညာရေးနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံခံရတဲ့ အုပ်စုတွေဟာ တိုင်းပြည်မှာ ရာခိုင်နှုန်းအားဖြင့်၊ လူဦးရေအားဖြင့် အတိုင်း အတာတစ်ခုထိရှိတဲ့ အုပ်စုတွေဖြစ်ပါတယ်။ ဒီအုပ်စုတွေကို လျစ်လျူရှုလို့မရပါဘူး။ သူတို့ကို ပညာရေးနဲ့ ပတ်သက်ပြီး ခွဲခြားတယ်ဆိုတာကို ပြန်ဆက်စပ်ပြီး တွေးကြည့်ရင် တိုင်းပြည်ရဲ့ ဒီမိုကရေစီပုံဖော်မှုမှာ အဟန့်အတား အခက် အခဲ အများကြီး ဖြစ်နိုင်ပါတယ်။ ပညာမတတ် သူတွေကို ပညာတတ်အောင် ကြိုးစားရမယ့် အစား ကျွန်တော်တို့တိုင်းပြည်မှာ ပညာတတ် တွေကို ပညာမဲ့ဘဝကို ပို့နေသလို ဖြစ်နေပါ တယ်။

ပညာရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီဖြစ်တာကြောင့် ကျောင်းသားပြည်သူတွေကြုံတွေ့နေရတဲ့ အခက် အခဲဒုက္ခတွေကို အရေးတယူဖြေရှင်းပေးဖို့ လိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: