Leave a comment

ရန်ကုန်တွင် (၃) လ အတွင်း သေနတ် ဖြင့် ပစ်ခတ် ဖမ်းဆီးမှု (၇) ကြိမ် ဖြစ်ပွား

image

ပြီးခဲ့သည့်နှစ်က ရန်ကုန်တိုင်းဒေသကြီးတွင် ရဲတပ်ဖွဲ့ ၀င်များ အတွက် စိုးရိမ် ထိန့်လန့်စရာ အမှုနှစ်မှု ရှိခဲ့သည်။ ပထမအမှုမှာ အင်းစိန်မြို့နယ်၌ တရားခံ စုံစမ်းသည့် တပ်ဖွဲ့ဝင် တစ်ဦးအား ဓားဖြင့်ခုတ် သဖြင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးမှာ သေဆုံး ခဲ့ရသည်။ ဒုတိယအမှုမှာ သန်လျင် မြို့နယ်၌ တရားခံပြေး တစ်ဦးအား ဖမ်းဆီးရာ ယင်းတရားခံက ပြန်လည် တုံ့ပြန် ရန်မူခြင်းကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့သည်။ အဆိုပါ အမှုတို့ကြောင့် ပြည်သူ လူထု မှာလည်း စိုးရိမ် ထိတ်လန့်မှုများ ရှိသကဲ့သို့ ရဲတပ်ဖွဲ့အတွက် ဆိုးဝါးသည့် ထိုးနှက်ချက် တစ်ခု ဖြစ်လာခဲ့သည်။ ယင်းအဖြစ်အပျက် များက ပြည်သူ လူထုကို ကာကွယ်စောင့်ရှောက် ပေးနေသည့် ရဲတပ်ဖွဲ့ဝင် ကိုယ်နှိုက်ပင် တရားခံ ဖမ်းဆီးရာတွင် မိမိကိုယ်ကိုယ်မကာကွယ်နိုင်ခြင်း အတွက် ပြည်သူကို ကာကွယ်ပေးနိုင်မည် ဆိုသည်မှာ ဖြစ်နိုင်ပါမည်လား ဆိုသည် မှာ စဉ်းစားရန် လိုအပ်လာ ပါသည်။

          သို့သော် ယခု နောက်ပိုင်း ရဲတပ် ဖွဲ့များအား လိုအပ်သည့် လက်နက် ကိရိယာများ၊ ကိုယ်ခံ ပညာများ သင်ကြားပေးထားသည့် အပြင် လိုအပ် လာပါက တရားခံအား သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးရန် အထက်က ခွင့်ပြုပေးခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း ၂၀၁၆ ခုနှစ်၊ နှစ်လကျော် အတွင်း တရားခံ ခြောက်ဦးအား သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရ သည်။

          ဒီတရားခံတွေက ကိုယ့်ကို ပြန်ပြီး ရန်မူတဲ့ အတွက် သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခဲ့တာ ဖြစ်တယ် ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ၀င်းဗိုလ်က ပြောသည်။ သေနတ်နှင့် ပစ်ခတ်ဖမ်းဆီး ရသည့် တရားခံ များသည် ပြေပြေလည်လည် ပြောဆို သော်လည်း လက်မခံဘဲ တုတ်၊ ဓား စသည်တို့ကို ကိုင်ဆောင်၍ ပြန်လည် ရန်မူလာခြင်းကြောင့် ပစ်ခတ် ဖမ်းဆီးရခြင်း ဖြစ်ကြောင်း သိရသည်။

          ယင်းကဲ့သို့ ပစ်ခတ် ဖမ်းဆီးရာ တွင်လည်း ကျင့်ထုံး ဥပဒေ-၄၆၊ ၁/၂ အရ လုပ်ပိုင်ခွင့်ရှိသည့် အတိုင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး၊ တရားခံအား ပစ်ခတ်ရာတွင်လည်း ခြေထောက်၊ လက်မောင်းတို့ ကိုသာ ပစ်ခတ် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

          တရားခံများ၏ ပြန်လည် ရန်မူခြင်းကြောင့် ပစ်ခတ် ဖမ်းဆီးသည့် အမှုများမှာ ရွှေပြည်သာ မြို့နယ်၌ နှစ်မှု၊ လှိုင်သာယာတွင် တစ်မှု၊ ဒလ မြို့နယ်တွင် နှစ်မှုနှင့် တာမွေ မြို့နယ်တွင် တစ်မှု စသည့် မြို့နယ်တို့တွင် ပစ်ခတ် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

          ယင်းအပြင် ယခုလ (၁၉) ရက်နေ့ တွံ့တေးမြို့နယ်တွင် ဆလွန်းယာဉ်အား ပိတ်ဆို့ရပ်တန့် စစ်ဆေးရာ အဆိုပါယာဉ်မှာ နောက်ဆုတ်ကာ ထွက်ပြေးခဲ့ သဖြင့် ၎င်းယာဉ်၏ ဘီးအား သေနတ်ဖြင့် ပစ်ခတ်၍ ယာဉ်ပေါ်မှ တရားခံများအား ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

          အရေးကြီးတာက ရဲတပ်ဖွဲ့ဝင်တွေ ကျစ်ကျစ်လျစ်လျစ်နဲ့ စွမ်းရည် မြင့်မားအောင် လုပ်ဖို့ လိုတယ် ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း တရားခံ များအား ပစ်ခတ် ဖမ်းဆီးခြင်းမှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက များပြား လာခြင်းမှာ တရားခံ လူဆိုး လူမိုက်များ၏ တုံ့ပြန်မှုများမှာလည်း ပိုမိုရဲတင်းလာ ခြင်းကြောင့် ဖြစ်သည်။   

          အဆိုပါ တရားခံများ လက်ရဲဇက်ရဲ ဖြစ်လာခြင်းသည် အရက် သေစာ သောက်စားခြင်း အပြင် မူးယစ်ဆေးဝါးများ နှင့်လည်း ဆက်စပ်မှု ရှိနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်က သုံးသပ်ကြသည်။

          ယခုနောက်ပိုင်း ရန်ကုန်တိုင်းဒေသကြီးတွင် မူးယစ်ဆေးဝါး ရောင်းချမှု သိသိသာသာ များပြားလာခြင်း၊ လူဆိုး လူမိုက်များ ပေါများလာခြင်း စသည်တို့ မှာလည်း ရဲတပ်ဖွဲ့ဝင်များ အတွက် စိန်ခေါ်မှု ဖြစ်နေသည်။ ဥပဒေ အရ ကြည့်ရင် တရားခံ တုံ့ပြန်လို့ ပစ်ဖမ်းတာ မမှန်ဘူးလို့ ပြောလို့ မရဘူး။ ဒါဥပဒေနဲ့ အညီ လုပ်တာ။ ဒီလို မဟုတ်ရင် လူဆိုးလူမိုက် တွေကြောင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်လာ နိုင်တယ် ဟု ရှေ့နေ ဦးခင်ဇော် (မရမ်းကုန်း)က ဆိုသည်။ ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များက တရားခံ ဖမ်းဆီးရာတွင် ပြန်လည် တုံ့ပြန်ရန် မူပါက သေနတ်ဖြင့် ဆက်လက် ပစ်ခတ် ဖမ်းဆီးနေရ ဦးမည် ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Messenger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: