Leave a comment

မွတ်စလင် လူမှုရေးရာကောင်စီ ကကျင်းပတဲ့ အစွန်း ရောက် ၀ါဒ တိုက်ဖျက်ရေး ပွဲကို ဟီလာရီ ကလင်တန် တက်ရောက်

image

အမေရိကန် ဒီမိုကရက်သစ်သမ္မတလောင်း Hilary Clinton ဟာ မွတ်စလင်လူမှုရေးရာကောင်စီဥက္ကဌ Salam Al-Marayti ဦးဆောင်တဲ့ ကယ်လီ ဖိုးနီးယား ပြည်နယ်တောင်ပိုင်းတက္ကသိုလ်မှာ ကျင်းပတဲ့ အကြမ်းဖက်တိုက်ဖျက်ရေးအားထုတ်မှုနဲ့ မွတ်စလင် အဖွဲ့အစည်းတွေကိုထောက်ပံ့ရေးဆွေးနွေးပွဲကို တက် ရောက် ခဲ့တယ်လို့ Breitbart အွန်လိုင်း သတင်း ဌာနကဖော်ပြခဲ့ပါတယ်။

“အစွန်းရောက်အတွေးအခေါ်ကိုဆန့်ကျင်ပြီး ဘာသာရေး ကိုမှန်ကန်တဲ့နေရာမှာအသုံးချနိုင်ဖို့တွေကအရေးပါတယ်”လို့ Al-Marayati ကကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း ပြောဆိုခဲ့ပါတယ်။ “ISIS ဟာရက်စက်တယ် အစ္စလာမ် မှာသနားကြင်နာခြင်းကိုသာဖော်ညွှန်းထားပါတယ်။ ISIS ဟာဖျက်ဆီးရေးလုပ်ငန်းစဉ်တွေကိုသာ ဆောင်ရွက်ပြီး အစ္စလာမ်ကတော့ လူသားအကျိုးပြုအလုပ် တွေသာ ဆောင်ရွက်ဖို့ လမ်းညွှန်ပြသထားတာဖြစ်ပါတယ်။ ISIS ကသူတို့နဲ့သဘောထားမတိုက်ဆိုင်တဲ့သူတွေကို နှိပ်စက်ပြီးတော့ အစ္စလာမ်ကတော့ မကောင်းမှုကို ကောင်းမှုနဲ့အစားထိုးဖို့လမ်းညွှန်ထားပါတယ်။” လို့ သူကပြောဆိုပါတယ်။

“အခုလက်ရှိမှာတော့ မွတ်စလင်ပေါင်းများစွာဟာ မရိန်းတပ်ထဲမှာတာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။ မွတ်စလင်ပေါင်းများစွာဟာ နိုင်ငံလုံခြုံရေးလုပ်ငန်း တွေမှာလည်းပါဝင်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် ဘာသာ ပြန်တွေ နည်းပညာရှင်တွေအဖြစ်နဲ့ ပြည်ပအဖွဲ့ အစည်း တွေကို ထောက်ပံ့မှုတွေလုပ်ပေးနေပြီဖြစ်ပါတယ်။ မွတ်စလင်ပေါင်းများစွာဟာ ဆရာဝန်တွေအဖြစ်နဲ့ လူပေါင်းများစွာကိုကယ်ဆယ်ရေးတာဝန်တွေ ထမ်းဆောင်နေပြီဖြစ်တယ်” လို့ လော့စ်အိန်ဂျလိစ် သတင်းဌာနကဖော်ပြခဲ့ပါတယ်။

သူမရဲ့ပြိုင်ဘက်ဖြစ်သူက ဘရက်ဆဲလ်မြို့တိုက်ခိုက် မှုနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲစေတဲ့ အသုံးအနှုန်း တွေနဲ့ ရှုတ်ချနေတဲ့အချိန်မှာ ဟီလာရီကလင်တန် က တော့ “ကျွန်မတို့တွေဟာသတင်း အချက်အလက် တွေ ပိုမိုရရှိလာတဲ့အချိန်ကာလကို ရောက်ရှိလာနေပြီဖြစ် ပါ တယ်။ ကျွန်မတို့ဝန်းကျင်မှာလှည့်ပတ်မှု လှည့်စားမှုတွေ ရှိလာနေပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်ကတောင် မစဉ်းစားမိတဲ့အရာတွေဖြစ်လာနေပါတယ်။ အကျိုးအကြောင်းသင့်လျော်တဲ့အသံတွေကြားရဖို့ဟာ ပိုပိုပြီးခက်ခဲလာနေပြီ”လို့ ကလင်တန်ကပြော ဆိုခဲ့ပါ တယ်။

“အရာအားလုံးဟာ အာရုံစိုက်ခံရဖို့လုပ်ဆောင် နေကြတာ ဖြစ်ပြီး အစွန်းရောက်တွေလည်း အဲ့ဒီနည်းလမ်း ကို အသုံး ပြုနေတာဖြစ်ပါတယ် သင်တို့ဘာတင်တင် တုံ့ပြန် မှုတွေရှိ နေမှာပဲ ဒါဟာလူမျိုးစုကိစ္စရပ်တွေလို့ ကျွန်မမထင်ဘူး လူတွေဘာတွေပြောနေကြလဲဆိုတာ သင်တို့ကော ကျွန်မကောတစ်ချိန်လုံးကြားနေရတာပဲ။
အမေရိကမွတ်စလင်တွေဘာကြောင့်မို့စကားမပြောရမှာလဲ သူတို့ပြောကြတယ်လေ နည်းလမ်းပေါင်းစုံနဲ့ပြသ ပြောဆိုနေကြတာပဲ။

သူတို့ဘာလို့အသိအမှတ်ပြုမခံရတာလဲ။ သူတို့ပြောဆို နေတာတွေကို ကြားရဖို့အတွက် အနည်းဆုံး တော့ အစွန်းရောက်အသံတွေကို ခဏဖယ်ထားရ လိမ့် မယ်” လို့ဟီလာရီကလင်တန်ကပြောဆိုခဲ့ပါတယ်။

Source      : SM/IINA
ဘာသာပြန် : ညောင်နီရွက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: