Leave a comment

လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့်ပတ်သက်၍ လိုက်နာရန် မူဝါဒများ ထုတ်ပြန်

image

သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား လက်မှတ်ရေးထိုးလိုက်သော လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့်ပတ်သက်၍ လိုက်နာရန် မူဝါဒများ ထုတ်ပြန်

နေပြည်တော်၊ ဧပြီ ၎

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုများကြောင့် အကျင့် စာရိတ္တပျက်ပြားမှု (corruption) များစွာဖြစ်ပေါ်နေပြီး နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေ စိုးမိုးရေး တို့ကို ထိခိုက်နေသဖြင့် အဂတိလိုက်စားမှုအလေ့အထကို အချိန်တိုကာလအတွင်း လုံးဝပျောက်သွားစေရန်အတွက် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် လက်မှတ် ရေးထိုးထားသော “လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်” ကို ဗဟိုရုံးများ၊ ပြည်ထောင် စု ဝန်ကြီးဌာနများနှင့် ပြည်နယ်/တိုင်း အစိုးရများအား ဧပြီလ ၁ ရက်(သောကြာနေ့) ရက်စွဲဖြင့် ပေးပို့ဖြန့်ဝေလိုက်သည်။

အဆိုပါလမ်းညွှန်ချက်၌ လက်ဆောင်ပစ္စည်းတွင် ငွေ ကြေးနှင့်တန်ဖိုးရှိသည့် ပစ္စည်းအပါအဝင် ရွှေ၊ ငွေ၊ လေယာဉ်လက်မှတ်၊ အခမဲ့တည်းခိုခ၊ အခမဲ့စား သောက် ခ၊ ဧည့်ခံကျွေးမွေးခြင်း၊ ဂေါက်သီးအသင်းဝင်ကြေး စသည်တို့ အကျုံးဝင်ပြီး မိမိရာထူးလုပ်ပိုင်ခွင့်၏ အကျိုးခံစားနိုင်သည့် လုပ်ရပ်တစ်ရပ်ကို လိုလား တောင်းခံ သော အဖွဲ့အစည်း/ပုဂ္ဂိုလ်၊ မိမိတာဝန် ယူရ သော အဖွဲ့အစည်း၊ ကြီးကြပ်ကွပ်ကဲရသော အဖွဲ့အစည်း နှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သော၊ လုပ်ကိုင်ရန် ကြိုးပမ်းနေသော အဖွဲ့အစည်း/လူပုဂ္ဂိုလ်၊ မိမိရာထူး တာဝန်အရ လုပ်ဆောင်ရမည့် ကိစ္စ ရပ်တစ်ခုကို လုပ်ဆောင်ခြင်းကြောင့် အကျိုးခံစားမှုရှိသွားမည့် အဖွဲ့အစည်း/လူပုဂ္ဂိုလ်၊ မိမိရာထူး တာဝန်အရ လုပ် ဆောင်ရမည့် ကိစ္စရပ်တစ်ခုကို လုပ်ဆောင်ခြင်းမပြု သဖြင့် အကျိုးခံစားခွင့်ရှိသွားမည့် အဖွဲ့အစည်း/ လူပုဂ္ဂိလ် များ ထံမှ လက်ဆောင်ပစ္စည်းများ လက်ခံခြင်းမပြုရန် ပိတ်ပင်တားမြစ်ထားသည်။

ကျပ်ငွေ ၂၅၀၀၀ ထက် မပိုသော လက်ဆောင်ပစ္စည်း၊ (အဖွဲ့အစည်း တစ်ခု/လူပုဂ္ဂိလ် တစ်ဦးထံမှ လက်ခံ ရယူသည့် လက်ဆောင်ပစ္စည်းသည် တစ်နှစ်လျှင် ကျပ် ၁၀၀၀၀၀ /- တန်ဖိုး ထက် မပိုစေရ)၊ မိသားစု ဆက်ဆံ ရေး နှင့် ပုဂ္ဂိုလ်ရေးခင်မင်မှုအရ (တားမြစ်ထားသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ နှင့် အကျုံးမဝင်သူများ) ပေးသော လက်ဆောင်ပစ္စည်း၊ အခါကြီးရက်ကြီးမျးတွင် ဂါရဝပြုပေးအပ်သည့် ကျပ်ငွေ ၁၀၀၀၀၀/- ထက်မပို သော လက်ဆောင် ပစ္စည်းများကိုသာ ခြွင်းချက်ဖြင့် လက်ခံခွင့်ပြုထားသည်။

လက်ခံခွင့်မရှိသော လက်ဆောင်ပစ္စည်းများ ပေးအပ် လာပါက ပေးအပ်သောလက်ဆောင်ပစ္စည်းကို ပြန်လည် ပေးအပ်ရန်၊ ပစ္စည်းကိုလက်ခံလိုပါက ကာလပေါက် ဈေးကို ပေးအပ်သူထံ ပြန်လည်ပေးအပ်ရန်၊ ကြာရှည် အထား မခံသောပစ္စည်းဖြစ်ပါက ဌာနတွင်းဝန်ထမ်း များအား ဖြန့်ဝေပေးရန်လည်း လမ်းညွှန်ထားသည်။

နိုင်ငံခြားအစိုးရက ပေးအပ်သောလက်ဆောင် ပစ္စည်း များအနက် ငွေတန်ဖိုး ကျပ် ၄၀၀၀၀၀/- မပိုသော လက်ဆောင်ပစ္စည်း၊ တရားဝင်ကိစ္စအတွက် ခရီးသွားလာစရိတ်၊ ပညာသင်ဆု၊ ဆေးဝါးကုသစရိတ်များကိုသာ လက်ခံနိုင်ပြီး ထိုအချက်များနှင့် မကိုက်ညီသော်လည်း လက်ဆောင်ကိုငြင်းဆန်ခြင်းဖြင့် နှစ်ဖက်မျက်နှာပျက် ရမည့် ကိစ္စများတွင် လက်ဆောင်ပစ္စည်းကို လက်ခံနိုင်ပြီး ယင်းပစ္စည်းအား ဝန်ကြီးဌာန/ဌာနသို့ ပေးအပ်ရန် ဖြစ်သည်။

အထွေထွေညွှန်ကြားချက်အနေဖြင့် လက်ဆောင်ပစ္စည်း များကို သွယ်ဝိုက်၍သော်လည်းကောင်း၊ တိုက်ရိုက် သော်လည်း ကောင်း တောင်းခံခြင်းမပြုရန်၊ မိမိရာထူး တာဝန်လုပ်ဆောင်မှုအပေါ် သြဇာလွှမ်းမိုး စေမည် ဟု ယူဆရ သောကိစ္စရပ်များအတွက် မည်သည့်လက်ဆောင် ပစ္စည်းမှ လက်ခံခြင်း မပြုရန်၊ လက်ခံခွင့်ရှိသော လက်ဆောင် ပစ္စည်းကိုပင် အကြိမ်ကြိမ်လက်ခံခြင်း မပြုရန်၊ လက်ဆောင်ပစ္စည်း ပေးအပ်လာပါက လက်ခံ သည်ဖြစ်စေ၊ ငြင်းပယ် သည်ဖြစ်စေ အထက်အကြီးအကဲ ထံ အမြန်ဆုံးတင်ပြရန်၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများအား ပေးအပ် သည့် လက်ဆောင်ပစ္စည်း များကိစ္စကို ဦးစီးရုံးများ၏ ဒုတိယညွန်ကြားရေးမှူး ချုပ်များက နိုင်ငံတော်သမ္မတရုံးဝန်ကြီး ထံ အမြန်ဆုံး တင်ပြရန်ဟု ပါရှိသည်။

image

image

image

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: