Leave a comment

မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးပွဲသို့ ပေးပို့သော ဒေါ်အောင်ဆန်း စုကြည်၏ သဝဏ်လွှာ

image

မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးပွဲသို့ ပေးပို့သော ဒေါ်အောင်ဆန်း စုကြည်၏ သဝဏ်လွှာ

(အကယ်ဒမီ ထွန်းအိန္ဒြာဗို က ဖတ်ကြား သည်။)

ဧပြီလ ၃ ရက်နေ့မှာ ပြုလုပ်မယ့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို လူကိုယ်တိုင်မလာရောက် နိုင် တဲ့အတွက် ဦးစွာတောင်းပန်ချင်ပါတယ်။အခမ်းအနားကို တက်ရောကလာကြတဲ့ မြန်မာ့ရုပ်ရှုလောကရဲ့ အနုပညာ ရှင်၊ အတတ်ပညာရှင်တွေ၊ အခမ်းအနားဖြစ်မြောက် ရေး အတွက် ဝိုင်းဝန်းကူညီကြိုးပမ်းကြသူတွေအားလုံးကို ဒီ သ၀ဏ်လွှာနဲ့ပဲ နှုတ်ဆက်လိုက်ပါရစေ။

ရုပ်ရှင်ဆိုတာ အနုပညာတွေထဲမှာ လူထုကြားကို အထိုး ဖောက်နိုင်ဆုံးနဲ့ လူအများအပေါ် သြဇာ သက်ရောက်မှု အရှိဆုံးလို့ ပြောလို့ရပါတယ်။

ပြောင်မြောက်တဲ့ရုပ်ရှင်အနုပညာလက်ရာတွေဟာ လူတွေရဲ့ရင်ထဲ၊ နှလုံးသားထဲမှာ နှစ်ပေါင်းများစွာ လွှမ်းမိုးကျန်ရစ်ခဲ့ကြတာပါ။ အဲ့ဒီလိုလက်ရာမြောက်ဖို့လည်း သရုပ်ဆောင်ပညာ၊ ဒါရိုက်တာပညာ၊ တည်းဖြတ်ပညာ၊ ဇာတ်ညွှန်းပညာ၊ ဓာတ်ပုံပညာ၊ ဂီတပညာ၊ အသံပညာ အစရှိတဲ့ အနုပညာ ရပ်ပေါင်းများစွာ ပေါင်းစပ်ခဲ့ရတာဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ရုပ်ရှင်အနုပညာရဲ့အောင်မြင်မှုဟာ စုပေါင်းအားထုတ်မှု၊ ညီညွတ်မှုနဲ့ ကိုယ်ကျရာတာဝန်ကို ကျေပြွန်စွာဆောင်ရွက်နိုင်မှုတို့ရဲ့ ရလဒ်ပဲဖြစ်ပါတယ်။

လာမယ့် ၂၀၂၀ ခုနှစ်မှာ မြန်မာ့ရုပ်ရှင်ရဲ့သက်တမ်း အနှစ်(၁၀၀)ပြည့်တော့မှာဖြစ်ပါတယ်။ ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ “မေတ္တာနဲ့ သူရာ”ဇာတ်ကား ကနေစပြီး အခုခေတ် “ကျွန်မက နှင်းဆီပါမောင်” ဇာတ်ကားအဆုံး ဖြတ်သန်းလာခဲ့ရတဲ့ ခရီးလမ်း တလျှောက် အတွေ့အကြုံတွေ၊ စိန်ခေါ်မှုတွေ၊ အောင်မြင်မှုတွေနဲ့ သင်ခန်းစာတွေ အမျိုးစုံတွေ့ကြုံ ခဲ့ကြပြီးပါပြီ။

အခုလို ပိုမိုပွင့်လင်းလာတော့မယ့်ခေတ်မှာ ရုပ်ရှင် လောက တစ်ခုလုံးအနုပညာရော၊ အတတ်ပညာမှာပါ ပိုမိုတိုးတက်အောင်မြင်လာကြမယ်လို့ မျှော်လင့်မိ ပါတယ်။ကျွန်မတို့ တိုင်းပြည်လည်း ‘ပြောင်းလဲချိန်တန်ပြီ’ ဖြစ်တဲ့အတိုင်း အောင်မြင်တဲ့ ရုပ်ရှင် တစ်ကားဖန်တီး သလို တိုင်းသူပြည်သားအားလုံးက ကိုယ်ကျရာနေရာ ကနေ ကိုယ့်တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြရင် ကျွန်မတို့ရဲ့နိုင်ငံ မလွဲမသွေတိုးတက်ပြောင်းလဲနိုင်မယ်လို့ ယုံကြည်မိပါတယ်။

ရုပ်ရှင်အနုပညာလောကသားအားလုံးအနေနဲ့လည်း မိမိတို့ပိုင်ဆိုင်တဲ့သြဇာကြီးမားလှတဲ့ အနုပညာကို ဆထက်ထမ်းပိုးတိုးတက်အောင် ကြံဆောင်နိုင်ကြပါစေ၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆိုတွေလည်း အနုပညာရှင်များစွာ ထိုက်ထိုက်တန်တန်ရရှိကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: