Leave a comment

လူမှုရေးကို အားတက် သရော လုပ်တဲ့ ဗြိတိန် တော်ဝင် မင်းသား

image

image

image

image

image

ဗြိတိန်တော်ဝင်မင်းသား ဖြစ်တဲ့ Prince Harry ဟာ အားလပ်ရက်မှာ နီပေါနိုင်ငံသွားရောက်ပြီးတော့ ရွာပြန် လည် တည်ဆောက်ရေးမှာ လုပ်အားပေးခဲ့ ပါတယ်။ ဗြိတိန် တော်ဝင် ဘုရင်မိသားစုဟာ နိုင်ငံရေး ကိစ္စတွေမှာ ပါဝင်ရမှု နည်းပြီး အလှူအတန်းနဲ့ ပရဟိတဆိုင်ရာတို့မှာ ပိုပြီးတော့ အချိန်ပေးရ ပါတယ်။

ဗြိတိန်ဟာ ၎င်းတို့ရဲ့ မြင့်မြတ်တဲ့ မျိုးနွယ်ဂုဏ်ကို ဆက် လက် ထိန်းသိမ်းရန် အတွက် ခေတ်သစ်မှာ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသော်ငြားလည်း ဘုရင့်မိသားစုကို ဆက်လက်ထားရှိစေ ပါတယ်။ ဘုရင်မိသားစုမှာ လက်ရှိ ဘုရင်မကြီး အဖြစ် အယ်လီဇဘတ်မှာ ရာထူးယူထား ပါတယ်။ Prince Harry ဟာ သူ့ရဲ့ အဖေဟာ King ဖြစ်ပြီးရင် နောက်ထပ် King ဖြစ်လာမယ့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူ့ကို ဗြိတိန်နိုင်ငံသားတို့က ချစ်ကြပြီး အမြဲ စောင့်ကြည့်ကြ ပါတယ်။ တစ်ချိန်တုန်းက ဗြိတိန်ကို ကမ္ဘာမှာ အင်ပါယာတည်ထောင်နိုင် လောက် အောင် ဖော်ဆောင်ပေးခဲ့တဲ့ ဘုရင့်မိသားစုကို ဗြိတိန်တို့ အင်မတန် ရိုသေ လေးစားကြ ပါတယ်။

Prince Harry ဟာ တော်ဝင်လေတပ်သို့ ဝင်ရောက် ပြီး အာဖဂန်နစ္စတန်မှာ စစ်မှုထမ်းခြင်းလည်း ပြုလုပ်ခဲ့ပြီး အခြားသော အောက်ခြေသိမ်း ပရဟတိနဲ့ လူမှုရေး လုပ်ငန်း များကိုလည်း အမြဲ ပြုလုပ် ပါတယ်။ ယခုဆိုရင် Prince Harry ဟာ နီပေါနိုင်ငံရှိ ဟိမဝန္တာတောနဲ့ နီးတဲ့ ရွာတစ်ရွာကို သွားရောက်လို့ ကူညီကယ်ဆယ် နေခြင်း ဖြစ်ပါတယ်။ ဗြိတိန်မှ Rubicon အမည်ရ ပရဟိတအဖွဲ့မှ မြေငလျင်ကြောင့် ပျက်ဆီးသွားတဲ့ တစ်ရွာလုံးကို ပြန်လည်တည်ဆောက်ပေးလျက် ရှိပါ တယ်။ ယင်းတည်ဆောက်ပေးမှု စီမံကိန်းဟာ ငွေများ၊ ပစ္စည်းများ သွားရောက် လှူဒါန်းခြင်းသာ ပြုလုပ်ခြင်း မဟုတ်ပဲ မိမိခြေလက်များဖြင့် တိုက်တာများ ပြန်လည် တည်ဆောက်ခြင်းတို့ ပါဝင်ပါတယ်။

ယင်းလုပ်ဆောင်ချက်ဟာ တော်ရုံလူများမလုပ်နိုင် တာကြောင့် ပရဟိတအဖွဲ့တောင် စစ်ပြန် များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။

Prince Harry ဟာ ထင်းခုတ်ခြင်း၊ သံတူ များဖြင့် ရိုက်ခြင်း၊ မြေတူးခြင်း အစရှိသဖြင့် ခက်ခဲကြမ်းတမ်းတဲ့ လုပ်ဆောင်ချက်များကို သရုပ်ဆောင်ပမာ လုပ်ဆောင် ခြင်း မဟုတ်ပဲ တကယ်လက်တွေ့ လုပ်ကိုင်ခဲ့တာကြောင့် ဗြိတိန်နိုင်ငံသားတို့ရဲ့ အသဲကျော် ဖြစ်လာ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: