Leave a comment

ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်​ ဘရူနိုင်းဘုရင် ဟာဂျီ ဟက်ဆန်နာ ဘိုခီးယား အ​ကြောင်း

image

ဘရူနိုင်းဘုရင် ဟာဂျီ ဟက်ဆန်နာ ဘိုခီးယား (သို့ မဟုတ်) ကမ္ဘာမှာ အချမ်းသာဆုံး လူသားတွေထဲမှ တစ်ယောက် အကြောင်း တစေ့တစောင်း

ဘုရင် ဟာဂျီဟက်ဆန်နာ ဘိုခီးယားသည် ကမ္ဘာ့ အချမ်း သာ ဆုံး လူသားအဖြစ် ဂရင်းနစ် ကမ္ဘာ့မှတ်တမ်း စာအုပ် ကြီးကပင် မှတ်တမ်းတင်ထားရ သူဖြစ်သည်။ သူ၏ ချမ်း သာ ကြွယ်ဝမှုအစုစုမှာ ဒေါ်လာသန်းပေါင်း(၄၀၀၀၀)၄၀ ဘီလီယံထက်မနည်းရှိသူဖြစ်ပြီး သူစံမြန်းရာ နန်းတော် ကြီး ကို ဒေါ်လာသန်းပေါင်း (၃၀၀၀)ကျော်အကုန်ကျခံ၍ တည်ဆောက်ထားပါတယ်။သူ့နန်းတော်၏ ခေါင်မိုးကို ရွှေပြားများဖြင့် အုပ်မိုးအလှဆင်ထားသူဖြစ်သည်။ ကမ္ဘာပေါ်ရှိ ဇိမ်ခံကားများအနက် မင်းကြိုက်စိုးကြိုက် သာမန်ပြည်သူတွေနှင့်လားလားမျှမထိုက်ဟု ဆိုရ လောက် သည့် ရိုးလ်ရွိက်စ် ဇိမ်ခံကားပေါင်း(၁၆၅)စီးမျှ ဝယ်ယူစုဆောင်းထားပါသည်။သူ ပိုလိုကစားရန်အတွက် အာဂျင်တီးနားနိုင်ငံမှ တန်ဖိုးကြီးမြင်းကောင်း အကောင် ပေါင်း(၃၀၀)ကို လေယာဉ်ဖြင့်လှမ်းမှာခဲ့သူဖြစ်သည်။ ကမ္ဘာကျော် အလှမယ်များ၊နာမည်ကြီး ရုပ်ရှင် မင်းသမီး များ၊ အဆိုတော်များ၊ကချေသည်များကို ဒေါ်လာသိန်းချီ ပေး၍ ဖိတ်ခေါ်ကာသူ၏နန်းတွင်းမှာ ဖျော်ဖြေခိုင်း တက် သူလည်းဖြစ်သည်။ ကမ္ဘာကျော် အဆိုအကဘုရင် မိုက်ကယ်ဂျက်ဆ် ကိုပင် ဒေါ်လာ(၁၅)သန်းပေး၍ ငှားရမ်းခေါ်ယူကာ သူ့မွေးနေ့တွင် ပြည်သူတွေကို (Free Show )ဗလာပွဲအဖြစ် တင်ဆက် စေခဲ့ပါ တယ်။သူ၏မွေးနေ့ နန်းတွင်း ထမင်းစားပွဲကြီးသို့ ပရိသတ် ပေါင်း(၅၀၀၀)ဖိတ်ကြားရန်အတွက် ဒေါ်လာ သန်းပေါင်း(၆၀) အကုန်ကျခံခဲ့သည်။ သူတစ်ယောက်တည်း၏ ပုဂ္ဂိုလ်ရေး အသုံး စရိတ် ချည်း ပင် တစ်လလျှင် ဒေါ်လာတစ်သန်းကျော်ရှိသည်။
      ဘုရင်ကြီးသည် ယခုအခါတွင် ဘာသာရေး အလွန် ကိုင်းရှိုင်းပြီး ဘရူနိုင်းနိုင်ငံကို အစ္စလာမ့်တရားဥပဒေ ရှရီအက်တရားဥပဒေဖြင့်တရားမျှတစွာအုပ်ချုပ်လျက် ရှိသည်။
                                                 Bruno Mile

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: