Leave a comment

ရေအောက်မှာ တွေ့ရှိတဲ့ အသးစား ဂေါ်ဇီလာ သို့မဟုတ် ဧရာမ ဖွတ်

image

image

image

image

ဘရာဇီးနိုင်ငံ ရေပိုင်နက် ပစိဖိတ် သမုဒ္ဒရာအတွင်းမှာ ဖြစ်ပါတယ်။ လူအရွယ်အစား ရှိတဲ့ ဧရာမ ရေအောက် ဖွတ်တစ်ကောင်ကို တွေ့ရှိခဲ့ ပါတယ်။ ယင်း ဖွတ်ဟာ အင်မတန်အရွယ်အစား ကြီးတာကြောင့် အသေးစား ဂေါ်ဇီလာ တစ်ကောင် အဖြစ် တင်စားခဲ့ကြ ပါတယ်။

သူဟာ ရေပေါ်ကို ပေါ်လို့ အသက်ရှူတဲ့အခါ ငါးဖမ်း သမားတို့ မြင်တွေ့ခဲ့ရပြီး ရေအောက်လိုက်ဆင်းလို့ ဓာတ်ပုံ နဲ့ ဗီဒီယို မှတ်တမ်းတင်ခဲ့ ပါတယ်။ ရေအောက်မှ အကောင်ငယ်များကို စားသုံးလေ့ ရှိပြီး လူတွေကို ရန်မမူ ပါဘူး။ ရေအောက် ၉ မီတာအနက်အထိ ဒိုင်ဗင်ထိုးနိုင်တဲ့ အကောင် ဖြစ်ပါတယ်။

ယင်း ဧရာမ ဖွတ်ဟာ အခြားဖွတ်နဲ့မတူပဲ ပုပ်သင်ညိုတွေ လို အမောက်တွေပါတာကြောင့် ဂေါ်ဇီလာနဲ့ တူနေခြင်း ဖြစ်ပါတယ်။ သူဟာ ကုန်းတစ်ပိုင်း ရေတစ်ပိုင်း ဖြစ်တာ ကြောင့် ကုန်းပေါ် အနေနဲ့ ဘယ်မှာနေတယ်ဆိုတာ လေ့လာနေကြဆဲ ဖြစ်ပါတယ်။ အကယ်၍ နေတဲ့နေရာ သိရင် ယင်းကဲ့သို့ အကောင်ကြီး များစွာကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ အသေးစား ဂေါ်ဇီလာလို့ တင်စားရလောက် အောင်လည်း ပုံစံဟာ အင်မတန် တူနေတာကို ယခုလို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
http://www.yoyarlay,com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: