Leave a comment

ရန်ကုန်မြို့ရှိ အရှည်ဆုံး ခုံးကျော် တံတားကြီး ပေါ်မှ ယာဉ်များ စတင်ဖြတ် သန်းခွင့်ပြု

image

ရန်ကုန် ဧပြီ ၁၃

ရန်ကုန်မြို့၌တည်ဆောက်ပြီး ခုံးကျော်တံတားများအနက် အရှည်ဆုံးတံတား ကြီးဖြစ်သည့် ရန်ကုန်မြို့ တာမွေမြို့ နယ် တာမွေလမ်းဆုံး ဝိုင်ပုံသဏ္ဌာန် ခုံးကျော်တံတားကြီး ၏ ဦးချစ်မောင်လမ်းနှင့် ဗညားဒလလမ်းဘက်ခြမ်း အပိုင်း(၁)ကို ယနေ့ (သင်္ကြန်အကျနေ့) နံနက် ၇ နာရီတွင် ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြုလိုက် ပြီဖြစ်သည်။

”တကယ်ဆို ဒီတံတားကြီးကို အချောသပ်လုပ်ငန်းတွေ ပြီးစီးတဲ့အချိန် သင်္ကြန်ပြီးလောက်မှ ဖွင့်လှစ်ပေးဖို့ဖြစ် ပါတယ်။ ဒါပေမယ့် သင်္ကြန်ကာလမှာ ခရီးသွားပြည်သူ တွေ အဆင်ပြေစေဖို့နဲ့ သင်္ကြန်ရေဆော့ကစား လည်ပတ် တဲ့ယာဉ်တွေ အထိုက်အလျောက် ယာဉ်ကျပ်တည်းမှု အဆင်ပြေစေ ဖို့ ထောက်ရှုပြီးတော့ အခုလိုဖွင့်လှစ်ပေး တာ၊ ယာဉ်တွေကို ဖြတ်သန်းသွား လာ ခွင့် ပြုလိုက် တာဖြစ်ပါတယ်။

ဒီနေ့ ဖြတ်သန်းခွင့်ပြုလိုက်တယ်ဆိုပေမယ့် ရေဆင်းပိုက် တပ်ဆင်မှုအပါအဝင် လမ်းပိုင်းအချောသပ်မှုလေးတွေ နည်း နည်းတော့ကျန်သေးတယ်။ အဲဒီလုပ်ငန်းတွေကို သင်္ကြန်ပြီးတာနဲ့ ဆက်လုပ် သွားမှာပါ”ဟု အဆိုပါ တံတား ကိုဆောက်လုပ်ခွင့်ရခဲ့သော ရွှေတောင် ဆောက် လုပ်ရေး ကုမ္ပဏီမှ ဦးစိန်ဝင်း (တာမွေလမ်းဆုံခုံးကျော်တံတား စီမံကိန်း အင်ဂျင်နီယာ) က ယနေ့မီဒီယာများနှင့်တွေ့ဆုံ စဉ် ပြောကြားသည်။

ယနေ့စတင်ဖွင့်လှစ်ကာ ယာဉ်များသွားလာခွင့်ပြုသော အဆိုပါ ဝိုင်ပုံ သဏ္ဌာန် တာမွေခုံးကျော်တံတား၏ ဦးချစ်မောင်လမ်းနှင့် ဗညားဒလမ်း အပိုင်း(၁)သည် တံတားအရှည် ၂၈၇၅ ပေ၊ အကျယ် ၄၃ ပေ၊ ယာဉ် တစ်စီး ချင်း ခွင့်ပြုတန်ချိန် ၇၅ တန်၊ တံတားအောက် ကင်းလွတ်အမြင့် ၁၆ ပေရှိ ကာ နှစ်လမ်းမောင်း၊ လေးလမ်းသွားဖြစ်သည်။ ကျန်အပိုင်း (၂) လက်တက် ပွား အရှေ့မြင်းပြိုင်ကွင်းလမ်းဘက်ခြမ်းကို ယာဉ်ကြော ကျပ်တည်းမှုအခြေ အနေကြောင့် တည်ဆောက်ရေး လုပ်ငန်းများကို ယခုနှစ် မတ်လမှ စတင် ကာ လုပ်ဆောင် ခဲ့ခြင်းဖြစ်၍ လာမည့်ဇွန်လထဲတွင် အပြီးအချောသပ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တာမွေခုံးကျော်တံတား ဦးချစ်မောင်လမ်းနှင့် ဗညားဒလ လမ်းကြောင်း ဖွင့်လှစ်မှုအပေါ် ဗဟန်းမြို့နယ်မှ ဦးမြင့်ဌေးက ”ကျွန်တော့်အမြင်ပြော ရရင် အခုလို သင်္ကြန်ကာလမှာ နှစ်သစ်လည်းဖြစ်၊ အစိုးရသစ်လက် ထက် လည်းဖြစ်တော့ နှစ်ဦးမှာ ဖွင့်လှစ်လိုက်တဲ့အတွက် ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော့်ဆန္ဒအတိုင်းပြော ရရင် ဒီလမ်းကြောင်းက ကိုယ်ပိုင် ကားတွေ ဖြတ်သန်း သွားလာတာများတယ်။ ခရီးသည်တင်တဲ့ လိုင်း ကား တွေဖြတ်သန်းမှုကနည်းတယ်။ ရွှေဂုံတိုင်လမ်းနဲ့ သမိန်ဗရမ်း လမ်းဘက်ဆို ခရီးသည်တင်ယာဉ်တွေ ဖြတ်သန်းသွားလာမှုက ပိုများတယ်။ အဲဒီဘက်ကို ဦးစားပေးသင့်တယ်လို့မြင်တယ်။ ခုံးကျော်တံတားအောက်မှာ တပ်ဆင်မယ့် မီးပွိုင့်ကတော့ ဘယ်လိုလာဦးမလဲ မသိသေးဘူး”ဟု အဆိုပါ တာမွေ ခုံးကျော်တံတားတည်ဆောက်မှုနှင့်ပတ်သက်ပြီး ¤င်း၏အမြင်ကို သုံးသပ် ပြောပြသည်။

သတင်း-မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ-ကိုဖိုးလုံး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: