Leave a comment

ဖိနပ်တိုက် သမားဘဝမှ သမ္မတ ဘဝသို့ (ဖတ်ကြည့်ပါ။)

image

“ဖိနပ်တိုက်ခဲ့တဲ့သူက သမ္မတဖြစ်တော့ သူ ကတိ အတိုင်း လုပ်ခဲ့တယ်”

၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ ဆင်းရဲသား လယ်သမားမိသားစုဟာ ကောင်လေး တစ်ယောက်ကို မွေးဖွားခဲ့ပါတယ်…

ဆင်းရဲလွန်းတာကြောင့် ကောင်လေးဟာ ၄ နှစ်သား အရွယ်ကတည်းက လမ်းပေါ်မှာ မြေပဲဆံလိုက် ရောင်းခဲ့ ရတယ်…
ဒါတောင် အစားနပ်မှန်မှန် သူမစားခဲ့ရသလို အ၀တ် အထည် လုံလုံလောက်လောက်လည်း မ၀တ်ဆင်ခဲ့ရပါဘူး…
ကျောင်းစတက်စအရွယ်မှာ ကောင်လေးဟာ ကျောင်း အားလပ်ချိန်တိုင်းအဖော်သူငယ်ချင်း နှစ်ယောက် နဲ့ ဖိနပ်လိုက်တိုက်ခဲ့ပါတယ်…
အကယ်၍ ဖိနပ်တိုက်တဲ့သူ မရှိရင် သူတို့အငတ်ခံ နေ ကြရပါတယ်…
ကောင်လေး ၁၂ နှစ်အရွယ်ရောက်စဉ်တစ်ညမှာ ပင်းမင်း ဆိုင်က သူဌေးတစ်ဦး ဖိနပ်လာတိုက် ပါတယ်…
ကောင်လေး နဲ့ အဖော်တွေဟာ သူ့ထက်ငါ ဖိနပ်တိုက်ရဖို့ သူဌေးဆီ ၀ိုင်းအုံသွားခဲ့ကြတယ်…
ကောင်လေး ၃ယောက်ရဲ့ တောင့်တနေတဲ့ မျက်ဝန်းအစုံ ကိုကြည့်ပြီး သူဌေးဆုံးဖြတ်ရခက်နေပါတယ်… နောက်ဆုံးတော့သူဌေးကအကြွေစေ့၂ စေ့ကိုထုတ်ပြီး

” ဖိနပ်တိုက်ခ၂ကျပ်ပေးမယ်…ဘယ်သူ ဖိနပ်တိုက် ပေးမလဲ ” ဆိုပြီးမေးပါတယ်…

ဖိနပ် တစ်ခါတိုက်မှ ပြား ၂၀ ပဲရတာ အခု ၁၀ ဆလောက် ပိုရမယ်ဆိုတော့ ကောင်လေး ၃ ယောက်ရဲ့မျက်ဝန်း တွေဟာ အရောင်တွေလင်းလက် သွားတော့တာပေါ့…
တစ်ယောက်က

” ကျနော်တိုက်ပါရစေ.. မနက်ကတည်းက အစာမစားရ သေးပါဘူး… စားဖို့ ပိုက်ဆံမှ မရရင် ကျနော် ဆာပြီးသေ သွားနိုင်တယ်… ” ဆိုပြီး ပြောလေရာ…

နောက်တစ်ယောက်ကလည်း

“ကျနော်တို့အိမ်မှာအစာပြတ်နေတာ၃ရက်ရှိသွားပါပြီ… အမေကလည်းနေမကောင်းဘူးအိမ်အတွက်ကျနော်စားစရာဝယ်ပြန်ပေးရမှာ… ဒီလိုမှ မဟုတ်ရင် ညအိမ်ပြန် ရောက် ရင် ကျနော်အရိုက်ခံရတော့မယ် ” ဆိုပြီး
ပြောရှာပါတယ်…

ဒီအချိန်မှာ နောက်ဆုံး ကျန်နေတဲ့ ကောင်လေးက သူဌေးလက်ထဲက ပိုက်ဆံကိုကြည့်ပြီး ခဏစဉ်းစား တယ်ပြီးတော့…

” တကယ်လို့ ဒီပိုက်ဆံ ၂ ကျပ် ကျနော်ရခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်ကို တစ်ယောက် တစ်ကျပ် ပေး လိုက်ပါ့မယ် ” လို့ပြောတော့ သူဌေး နဲ့ ကျန်အဖော် နှစ်ယောက် အံ့အားသင့်သွားကြပါတယ်..

” သူတို့က ကျနော့်ရဲ့အကောင်းဆုံးသူငယ်ချင်းတွေပါ… သူတို့တကယ်ဆာနေကြတာပါ..ကျနော်ကတော့ နေ့လည်တုန်းက မြေပဲဆံလေး နည်းနည်းစားထားရတော့ ဖိနပ်တိုက်ဖို့အားရှိနေပါသေးတယ်… သူဌေးဖိနပ်ကိုကျနော်တိုက်ပါရစေ… သူဌေးကျေနပ်စေရပါ့မယ် ”

ကောင်လေးရဲ့စကားကြောင့် သူဌေးစိတ် မကောင်း ဖြစ်သွားရတယ်… ကောင်လေးကို ဖိနပ်တိုက်စေခဲ့ပြီး ငွေ ၂ ကျပ်ကို ပေးလိုက်တယ်… ကောင်လေးက ဘာမှ မပြောဘဲ သူ့အဖော် နှစ်ယောက်ကို ချက်ချင်းခွဲ ပေး လိုက်တယ်…
ရက်အနည်းငယ်အကြာမှာတော့သူဌေးက ကောင်လေး ကိုရှာပြီး ကျောင်းအားလပ်ချိန်တိုင်းမှာ သူ့ပင်းမင်း ဆိုင်မှာ အလုပ်ဝင်စေပါတယ်… ညစာထမင်းပါကျွေးခဲ့တယ်…
လုပ်အားခနည်းပေမယ့် ဖိနပ်လိုက်တိုက်တာထက်စာရင် ပိုအဆင်ပြေခဲ့ပါတယ်… ဒါဟာ ကိုယ့်ထက်နွမ်းပါးတဲ့သူကို ကူညီလို့ ရလာတဲ့ အခွင့်အရေးဆိုတာကောင် လေး သိတယ်…
ဒါကြောင့် နောင်တွေမှာလည်း အခက်အခဲရှိသူတိုင်းကို သူတတ်စွမ်းသလောက် ကူညီခဲ့ပါတယ်… နောက်တော့ ကောင်လေး ဟာ ကျောင်းရပ်နားပြီးအလုပ်ရုံမှာ အလုပ် သမားဝင်လုပ်ခဲ့ပါတယ်… အလုပ်သမားတွေအတွက် အလုပ်သမားအခွင့်အရေးရဖို့ သူတောင်းဆိုခဲ့တယ်… အသက် ၂၁ နှစ်အရွယ်မှာ အလုပ်သမား အသင်းထဲ သူဝင်ခဲ့တယ်…

အသက် ၄၅ နှစ်မှာ အလုပ်သမားပါတီကို သူတည်ထောင် ခဲ့တယ်…
၂၀၀၂ ခုနှစ် အောက်တိုဘာလမှာ ” ဒီနိုင်ငံမှာ ရှိတဲ့ လူတွေ အားလုံး တစ်နေ့ကိုထမင်းသုံးနပ် မှန်မှန် စားစေရမယ်… ”

ဆိုပြီး သူ ရွေးကောက်ပွဲဝင်ခဲ့တယ်…
ပြည်သူ အများ ရဲ့ ထောက်ခံမှုကို ရရှိခဲ့ပြီး အဲ့ဒီနိုင်ငံရဲ့၃၅ ဦးမြောက် သမ္မတဖြစ်လာခဲ့တယ်… အဲ့ဒီနိုင်ငံရဲ့သမိုင်းမှာ ပထမဆုံး အလုပ်သမားကနေ သမ္မတဖြစ်လာခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်…
၂၀၀၆ ခုနှစ်မှာ ဒုတိယအကြိမ် သမ္မတအဖြစ် ပြန်လည် အရွေးခံခဲ့ရပြီး သူသမ္မတသက်တမ်း ၈ နှစ်အတွင်းမှာ သူပြောခဲ့တဲ့အတိုင်း လက်တွေ့ အကောင်အထည် ဖော်ခဲ့တယ်…

တစ်နိုင်ငံလုံးမှာရှိတဲ့ ၉၃% ကလေးငယ်တွေနဲ့ ၈၃% အရွယ်ရောက်ပြီးသူတွေကို ထမင်းတစ်နေ့သုံးနပ် မှန်စေခဲ့တဲ့အပြင် သူ့ရဲ့ဦးဆောင်မှုအောက်မှာ

” မြက်ကိုစားခဲ့တဲ့ ဒိုင်နိုဆော ဘ၀ကနေ အမေရိက တိုက်ရဲ့ ခြင်္သေ့ “အဖြစ် တစ်ကမ္ဘာလုံးရဲ့ ၁၀ နိုင်ငံမြောက် စီးပွားရေးနိုင်ငံ ကြီးဖြစ်စေခဲ့တယ်…

သူကတော့ တခြားလူမဟုတ်ပါဘူး…
၂၀၁၀ ခုနှစ်ကုန်ပိုင်းမှာ သမ္မတအဖြစ်က ရပ်နားခဲ့တဲ့ ဘရာဇီးနိုင်ငံရဲ့ သမ္မတဟောင်း
Luiz Inacio Lula da Silva ဖြစ်ပါတယ်…

လင်းညှို့သွေး( “ကြိုး”စာအုပ်မှ)

Ref:ကျောက်သင်ပုန်း

Credit. မူရင်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: