Leave a comment

“တရုတ် – မြန်မာ ဆက်ဆံရေး ရာဇဝင်”

မြန်မာတို့က ၎င်းတို့ နေထိုင်ရာ ဒေသကိုလွတ်လပ်သော အချုပ်အခြာ အာဏာပိုင်နိုင်ငံဟု ယူဆပြီး တရုတ်တို့ကမူ မြန်မာပြည်ကို ၎င်းတို့၏လက်အောက်ခံအဖြစ် သတ်မှတ်ထားသည်မှာ မြန်မာနိုင်ငံဟူ၍ စတင်ပေါ်ပေါက်လာကတည်းကပင်ဖြစ်၏။

ခရစ်တော်မပေါ်မီ ဘီစီ (၁၂၈) ခုနှစ်လောက်ကပင်တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်ဒေသနှင့်မြန်မာပြည်၊ အိန္ဒိယပြည်တို့ကို ဆက်သွယ်နိုင်မည့်လမ်းကြောင်းကို တရုတ်အရာထမ်း “ချန်ချင်း”ဆိုသူက မှတ်တမ်းတင်ခဲ့သည်။

ရှေးတရုတ်သမိုင်းများတွင် မြန်မာပြည် ကို “တင်”တိုင်းပြည်ဟုသတ်မှတ်ကြပြီး လွန်ခဲ့သောနှစ်ပေါင်း(၁၉၀၀) ကျော် အချိန်အခါ ဖြစ် သည့် ခရစ်သက္ကရာဇ်(၉၄၊ ၉၇နှင့် ၁၂၀) ခုနှစ်များ၌ တရုတ်အရှေ့ပိုင်း “ဟန်”မင်းဆက်အား “တင်” ဒေသမှ လက်ဆောင်ပဏ္ဏာ များ(အဖိုးတန် ကျောက်မျက်များနှင့် ဆင်များ အပါအဝင်)ဆက်သခဲ့ရသည်။

(၉) ရာစုတွင် ပူကန် (ပုဂံ) ၌ တိုင်းနိုင်ငံပေါင်း (၁၈) ခုရှိ၍ “ပျူ” လူမျိုးတို့ကလွှမ်းမိုးနေကြောင်းနှင့် ဤနိုင်ငံများက အခါအခွင့်သင့်သလို “တန်” မင်းဆက် ( ၆၁၈-၉၀၇ ) အားလက်ဆောင်ပဏ္ဏာများ ဆက်သရကြောင်းတရုတ်မှတ်တမ်းများတွင် ရေးသားထားသည်။

ပုဂံမင်းများကလည်း “ဆွန်” မင်းဆက် (၉၆၀ – ၁၂၇၆) အား လက်ဆောင်ပဏ္ဏာများ ပေးပို့လေ့ ရှိသည်။

ခရစ်နှစ် (၁၀၈၄) ခုနှစ်တွင် နန်းတက်သော ကျန်စစ်သားမင်းကလည်း ၎င်း၏လက်ထက် (၁၁၀၆) ခုနှစ်တွင် “မြန်တင်” ပြည်မှ ဆင်ဖြူ များပေးပို့သည်ကို တရုတ်တို့က မှတ်တမ်းတင်ထားသည်။

ထိုနှစ်မှစ၍ မြန်မာပြည်ကို “ပူကန်” ဟု ရည်ညွန်းခြင်း မရှိတော့ဘဲ “မြန်တင်” ဟုသာ တရုတ်မှတ်တမ်းများ၌ ရည်ညွန်းလာသည်။

(၁၃) ရာစုနှစ်တွင် တရုတ်ပြည် အနောက်မြောက်ပိုင်းကို ကြီးစိုးနေသော “ကူဗလိုင်ခန်” သည် “ဆွန်” မင်းဆက်ကိုအောင်မြင်ပြီး ယူနန်နှင့် နန်ချောင်တနယ်လုံးကိုသိမ်းပိုက်နိုင်ခဲ့သည်။

(၁၂၈၇) ခုနှစ်တွင် ပုဂံပြည်ကို သိမ်းပိုက်ပြီး ပုဂံဘုရင် နရသီဟပတေ့ ထွက်ပြေးသွားသော အခါ တရုတ် လက်အောက်ရောက်၍ မြန်မာပြည် အလယ်ပိုင်းဒေသကို “မြန်ချွန်” ပြည်နယ်ဟုသတ်မှတ် ခဲ့သည်။

တရုတ်တို့သည် “မြန်ချွန်” ပြည်နယ်ကို တိုက်ရိုက်အုပ်ချုပ်ခြင်းမပြုဘဲ ယနေ့ခေတ် ဗမာစစ်အစိုးရ ကဲ့သို့သော သစ္စာခံ အိမ်စောင့်ခွေး ဒေသခံမင်းများကိုသာ အုပ်ချုပ်စေခဲ့သည်။

မွန်ဂိုအင်ပါယာကျဆုံးပြီး တရုတ်ပြည်တွင် “မင်”မင်းဆက် ( ၁၃၆၈ -၁၆၄၄ ) ခုနှစ်၌ ယူနန်ပြည်ဘုရင်ခံကို အင်းဝဘုရင်က သံအဖွဲ့စေ လွှတ်ပြီးလက်ဆောင်ပဏ္ဏာ ဆက်သရ၏။

ညောင်ရမ်းမင်းဆက် ပင်းတလဲမင်း ( ၁၆၄၈ -၁၆၆၁ ) လက်ထက်တွင်တရုတ်ပြည်မှ နိုင်ငံရေး ပဋိပက္ခများ မြန်မာပြည်ထဲ သို့ကျွံဝင် လာသည်။

(၁၆၄၄) ခုနှစ်၌ မန်ချူး တို့သည် တရုတ်စစ်ဗိုလ်ချုပ်ကြီး “ဝူစန်ကွေ့(Wu San Kuei)”နှင့် ပူးပေါင်းကာ”မင်” မင်းဆက်ကို ဖြုတ်ချလိုက်၏။

နောက်ဆုံး “မင်” မင်းဆက်ဖြစ်သူ “ချူယူလန်(Chu Yu Lang)” နဲ့ နောက်လိုက်များက တရုတ်- မြန်မာနယ်စပ်ထိ ဆုတ်ခွါလာပြီး ယူနန်မှ တဆင့်”မင်” တပ်ပျက်မှ တပ်သားများနှင့် သူခိုး ဓားပြများစုပေါင်း၍ မြန်မာပြည် နယ်စပ်တွင် သောင်းကျန်းကြသဖြင့် ကာလပျက်ကို ကြုံတွေ့ ကြရသည်။

ချူယူလန်တို့အဖွဲ့ (၁၆၅၈) ခုနှစ်တွင် နောက်ဆုံးစစ်ပွဲရှုံးနိမ့်သဖြင့် မြန်မာပြည်တွင်းထဲ အလုံးအရင်း နှင့် ဝင်ရောက် ကျူးကျော် ခိုလှုံရာ ပင်းတလဲမင်းက စစ်ကိုင်းတွင် နေရာပေးလိုက်မိရာကနေ ယနေ့ အထိ ဗမာပြည်သည် တရုတ်၏ ဖုံးလွှမ်းမှုကို ခံနေရတော့သည်။

(ဤအဖြစ်အပျက်သည် ၁၉၅၀ ပြည့်လွန်နှစ်များတွင်တရုတ်ကွန်မြူနစ် မော်စီတုန်းကို စစ်ရှုံး၍ ကူမင်တန်တရုတ်ဖြူများ မြန်မာပြည်တွင်း ဝင်ရောက် ကျူးကျော်ပုံနှင့် ဆင်တူသည်)*

ခရစ်သက္ကရာဇ် (၁၆၆၂) ခုနှစ်တွင် ယူနန်ပြည်၌ ဘုရင်တဆူလို ဖြစ်လာသော ဝူစန်ကွေ့ဟာ “မင်” မင်းဆက်ကို အမြစ်ပါ မကျန်အောင် ရှင်းပစ်လိုတာကြောင့်အင်အားကောင်းတဲ့ တရုတ်စစ်တပ်ကြီး ကိုဦးဆောင်ကာ အင်းဝမြို့ထိ ချီတက်လာပြီး”ချူယူလန်” ကို အပ်နှင်းရန် အင်းဝမင်းထံ တောင်းဆို တယ်။ အားချင်း မမျှတာကြောင့် တရုတ်တို့တောင်းဆိုချက်အတိုင်း လိုက်လျောလိုက်ရပေမဲ့ အင်းဝနေပြည်တော် တခုလုံး အတော့်ကို တုန်လှုပ်ချောက်ချားသွားခဲ့တယ်။

(ဗမာရာဇဝင်မှာ ” ချူ ယူလန် (Chu Yu Lang)”လို့ ဖော်ပြခြင်းမရှိဘဲ “ရုံကျီ ဥတည်ဘွား” လို့ မထင်မရှား ရေး တာတွေ့ရတယ်)*

မည်သို့ပင်ဆိုစေကာမူ (၁၁) ဇန်န၀ါရီ ၁၆၆၂ ခုနှစ်မှာ “ချူယူလန် ” ကို တရုတ်တို့ထံ သားမြေးနှင့်တကွ ပေးအပ်ပြီး နောက်ပိုင်း မန်ချူး တရုတ်တွေ ဗမာပြည်ကို နောက်နှစ် တစ်ရာနီးပါးခန့်အထိမနှောက်ယှက်တော့ဘူးလို့သိရတယ်။

တရုတ်မင်းများ အင်အားကောင်းချိန်မှာ မြန်မာမင်းတို့က လက်ဆောင်ပဏ္ဏာများဆက်သ၍ သစ္စာ တော် ခံယူရပြီး သူတို့ အင်အား ကျဆင်းနေချိန်တွင် အဆက်အဆံမလုပ်ပဲ ခပ်ရှောင်ရှောင် နေခြင်းသဘောမျိုး ဖြစ်တယ်။

သို့သော် (၁၇၅၀ – ၅၁) ခုနှစ်များတွင် မြန်မာမင်းတို့က လက်ဆောင်ပဏ္ဏာများ ပြန်လည် ဆက်သရ ကြောင်းတရုတ်တို့က မှတ်တမ်းတင်ထားပြန်ပါတယ်။

အေဒီ (၁၇၆၃ – ၁၇၇၆) ခုနှစ် ဗမာပြည်မှာ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း အုပ်စိုးနေချိန်ဖြစ်တယ်။ အလောင်းဘုရားရဲ့ သားတော် မြေဒူးမင်းသား၊ ငယ်နံမည် မောင်ရွဖြစ်တယ်။ (သူ့ခေတ်မှာ အနော်ရထာမင်း တည်ပြီး ကျန်စစ်သား လက်စသတ် ခဲ့တဲ့ ရွှေစည်းခုံ စေတီကို ထီးတော်တင်ခဲ့ တယ်။ ဒါပေမဲ့ အဲဒီစေတီကိုသူ့အရင် ဘုရင့်နောင်လက်ထက် မှာ ရွှေသက္ကန်းကပ်လှူ တာ ပိသာချိန် (၂၁၀၀)၊(၃.၁၈) တန်ရှိ တယ်လို့ သိရတယ်။

သို့သော် ဗိုလ်ခင်ညွန့်လက်ထက်အရောက်မှာတော့ပုဂံ ဘုရားတွေပြုပြင်တယ် ဆိုပြီး အကုန်နီးပါးခွါယူတာခပ်ပါးပါးဘဲ ကျန်တော့ တယ် )*

တချိန်တည်းမှာတော့ တရုတ်ပြည်မှာ တရုတ်ဧကရာဇ်ချင်လုံ ( Emperor Qianlong/၁၇၃၅- ၁၇၉၆ ) က အုပ်ချုပ်လျှက်ရှိ တယ်။ သူ့ လက်ထက် မှာ အင်းဝကို (၁၇၆၅) မှ (၁၇၆၉) ခုနှစ် အထိ လေးကြိမ်တိုင်တိုင် ဝင်ရောက်တိုက်ခိုက်ပေမဲ့ မအောင်မြင်ခဲ့ပါ။

(တရုတ်တွေမအောင်မြင်ရတာ အပူပိုင်းဇုံမှာ ကျရောက်
တဲ့ ကူးစက် ကပ်ရောဂါ ရကြလို့တရုတ်တပ် ပျက်တယ်
လို့ အင်္ဂလိပ်လိုရေး သမိုင်းတွေမှာ ဖော်ပြပေမဲ့ ဗမာရာ
ဇဝင်မှာ တော့ ဘုရင့် ဘုန်းတန်ခိုးကြောင့်လို့ ရေးလေ့ရှိ
တယ်)**

ဒီလိုနဲ့ (၁၃) ဒီဇင်ဘာ ၁၇၆၉ ခုနှစ်မှာ တရုတ်- မြန်မာ
စစ်ပြေငြိမ်းရေး စာချုပ် ချုပ်ဆိုခဲ့တယ်။

စာချုပ်ပါ အချက်တွေထဲမှာ ဗမာ့အထင် နဲ့တရုတ်
အမြင်တို့ကိုနောင်အခါ ရှုပ်ထွေးစေမယ့် အချက်
တချက် ပါတယ်။

အဲဒါကတော့ ရှေးယခင်က အတိုင်း ပြန်လည်
ဆက်ဆံမယ် ဟူသော အချက် ဖြစ်တယ်။

တရုတ်မင်း အဆက်ဆက်က ဗမာပြည်ကို ဩဇာခံ
နယ်မြေအဖြစ်သာ သတ်မှတ်ခဲ့တာကြောင့် ရှေးက
အတိုင်း ဆက်ဆံရန် ဗမာတို့က သဘောတူခြင်းဟာ
တရုတ်ဩဇာခံအဖြစ် ဆက်လက်နေထိုင်ရန် သဘော
တူခြင်းဖြစ်တယ်လို့တရုတ်ဘက်က မြင်ပေမဲ့ ဗမာတွေ
ဘက်က နောင်ရင်းညီဘွား (ဆွေမျိုး ပေါက်ဖော်) သကဲ့
သို့ ဆက်ဆံရန် သဘောတူခြင်းလို့ ထင်မှတ်ကြတယ်။

တရုတ် – မြန်မာ စစ်ပွဲနှင့် ပတ်သက်၍လည်း အမြင်ချင်း
မတူ ကြချေ။ ဆင်ဖြူရှင် လက်ထက် တရုတ်တို့အား
တွန်းလှန်နိုင်ခဲ့တယ်လို့ ဗမာတို့က အလွန်တရာ ဂုဏ်
ယူ ကြသော်လည်း တရုတ် ဧကရာဇ် ချင်လုံ ကမူ သူ့
လက်ထက်မှာ အောင်ပွဲကြီး ဆယ်ခု ရှိသည့်အနက်
တရုတ် -မြန်မာ စစ်ပွဲလည်းပါဝင်တယ်လို့ ယုံကြည်
တယ်။

(၁၇၈၇) နဲ့ (၁၈၂၃) ခုနှစ် အကြားတွင် တရုတ်က မြန်
မာ နိုင်ငံသို့ သံအဖွဲ့ (၇) ကြိမ် စေလွှတ်၍ မြန်မာဖက်
ကလည်း (၁၇၈၈နဲ့ ၁၈၇၅) ခုနှစ် အကြား တရုတ်ပြည်
သို့ သံအဖွဲ့(၁၈) ကြိမ် စေလွှတ်ကြောင်း တရုတ်က
မှတ်တမ်း တင်ထားတယ်။

မင်းတုန်းမင်း လက်ထက် (၁၈၇၅) ခုနှစ် မှာ တရုတ်
ပြည်ကိုနောက်ဆုံး သံတမန်စေလွှတ်သည်ဟုသိရပြီး
မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးသောအခါ
တွင်မှ တရုတ်ပြည်ကို လက်ဆောင်ပဏ္ဏာ ဆက်သ
သည့် အလေ့အထ ကိုအင်္ဂလိပ်တို့က ရပ်ဆိုင်း
လိုက်ပါတော့တယ်။

ဗမာပြည် လွတ်လပ်ရေးရပြီးနောက် ဦးနု လက်ထက်
ဒီမိုကရေစီခေတ် (၁၉၄၈ မှ ၁၉၆၂) အထိ (၁၄) နှစ်တာ
ကာလအတွင်း အမိ ဗမာပြည်ဟာ ကြွေးမြီ ကင်းရှင်းပြီး
တကမ္ဘာလုံးနှင့် သံတမန် ဆက်သွယ်ရေး ကောင်းမွန်
တိုးတက်ခဲ့သောကြောင့် မြန်မာကို ကမ္ဘာက လေးစား
ရတဲ့ အခြေအနေကိုရောက်ခဲ့တယ်။

(ဗိုလ်နေဝင်း ခြေရှုပ် ခြေထိုး လို့တိုင်းပြည်ကို (၁၉၅၈)
ကနေ (၁၉၆၀) အထိ (၂) နှစ်နီးပါးအိမ်စောင့် အစိုးရ
ဆိုပြီး ဗိုလ်နေဝင်းကို ပေးလိုက်ရတာကိုပါ ထည့်တွက်
ရင်တောင်မှ ဗမာပြည် သမီးပျိုလေးဟာ အပျိုရည်
မပျက်ခဲ့ပါ )*

ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ
အမည်ခံ စစ်တပ် အာဏာသိမ်းချိန် ၁၉၆၂ ခုနှစ် ကနေ
၂၀၁၅ ခုနှစ်အထိ နှစ်ပေါင်း (၅၃) နှစ်ကြာ မတရား
စစ်တပ် ကြီးစိုးမှုအောက်မှာ ဗမာပြည်သမီးပျိုဟာ အပျို
ရည် ပျက်ရုံမက ဗိုလ်ချုပ်ပြောခဲ့တဲ့ “ဖာနိုင်ငံ” အဆင့်ကို
ရောက်ရှိသွားခဲ့ပြီး တရုတ်ကြီး ပေါက်ဖော်ကို လုံးဝ မှီခို
အားထားနေရသည့် တရုတ်ကျွန်သဘောက် ဘဝ
ရောက်သွားတာကို မည်သူမှငြင်းနိုင်မည်မထင်ပါ။

တရုတ်လူမျိုးတွေက သူတို့ တိုင်းပြည်ကို “ဂျွန်းကွာ
( Zhonghua minzu )” အဓိပ္ပယ်က “Chinese
Nation” or “Chinese Race” လို့ ခေါ်ပါတယ်။
ကမ္ဘာ့ အလယ်ဗဟို ချက်ချာမှာရှိတဲ့ တိုင်းပြည်လို့
လည်း အဓိပ္ပယ် သက်ရောက်ပါတယ်။

ချိုင်းနား (China) ဆိုတာ အင်္ဂလိပ် စကားပါ။

“ချင် (Chin or Qin dynasty)” မင်းဆက် (၂၂၁ –
၂၀၆ ဘီစီ ) ကို အစွဲပြုပြီး ပေးထားတဲ့ အင်္ဂလိပ်
အမည်ဖြစ်တယ်။ ဒါပေမယ့် အင်္ဂလိပ် စကား
“ဘားမား” (Burma) ကို “မြန်မာ (Myanmar)”
လို့ ပြောင်းသလို “ချိုင်းနား” ကို “ဂျွန်းကွာ” လို့
ပြောင်းဖို့ တရုတ်ကွန်မြူနစ် အစိုးရက စိတ်မကူး
ပါ။

အင်္ဂလိပ်စကားကို တရုတ်စကား နဲ့ အစားထိုး
တာသာ ဖြစ်လို့ အကျိုး မရှိတာကို နားလည်
တယ်။

အလယ်ဗဟိုမှာရှိတဲ့ တရုတ်ပြည်လုံခြုံ ရေးဟာ
နယ်နိမိတ် စည်းနှစ်ခုပေါ်မှာ မူတည်တယ်လို့
ရှေးကတည်းက ယူဆခဲ့လို့ အတွင်းစည်း နှင့်
အပြင်စည်းဆိုပြီး လုံခြုံရေး နယ်မြေသတ်မှတ်
တဲ့ မဟာဗျူဟာ အစဉ်အလာ တရုတ်မှာ ရှိခဲ့
တယ်။

နယ်စပ်က ပြည်နယ်တွေကို အတွင်းစည်းအဖြစ်
သဘောထားတယ်။ ဥပမာ။ ။ တိဗက် ၊ ဇင်ကျန်း
(Xinjiang ) နှင့် Uyghurs ၊ Kazakhs (အစ္စလာမ်
ဘာသာဝင် ၂၁-သန်းကျော် ရှိသောပြည်နယ်) တွေ
ဟာ အတွင်းစည်း ဒေသဖြစ်တယ်။

ဒီပြည်နယ်တွေဟာ တရုတ် (Han) နဲ့ ယဉ်ကျေးမှု
ကွာခြားတာမို့ ပြသာနာ အနည်းအများ ရှိနေတတ်
တယ်။ ဒါပေမဲ့ လူနည်းစုဖြစ်လို့လုံခြုံ ရေးကို အန္တ
ရယ် မပေးနိုင်ပါ။

မြန်မာ၊ လော၊ ထိုင်း၊ ဗီယက်နမ်၊ ကိုရီးယား၊
မွန်ဂိုလီးယား၊ ဂျပန် စတဲ့ အိမ်နီးချင်း တိုင်းပြည်
တွေကိုတော့ တရုတ် လုံခြုံရေး အပြင်စည်းဝိုင်း
ဆိုပြီး သတ်မှတ်တယ်။

အိမ်နီးချင်း နိုင်ငံတွေကို ဩဇာညောင်းနိုင်အောင်
လုပ်ရမယ်လို့ ရှေးကတည်းက တရုတ်တွေ ယုံ
ကြည်ခဲ့တယ်။

လူဦးရေ သန်းတထောင်ကျော်ရှိတဲ့ တရုတ်ပြည်ကြီး
အရှိန်အဟုန်နဲ့တိုးတက်နေတာကို ရပ်တန့်သွားအောင်
လုပ်ဖို့ခက်ပါတယ်။ အာရှနိုင်ငံတွေဟာ အမေရိကန် နဲ့
ကုန်သွယ်တာကို ဦးစားပေးပေမဲ့ ကမ္ဘာ့ကုန်သွယ်ရေး
အဖွဲ့ဝင် (WTO) ဖြစ်လာတဲ့ တရုတ်ပြည်ဟာ သူတို့
အဖို့ ပိုပြီး အရေးကြီးလာတယ်။

အသပြာနဲ့ ပတ်သက်လာရင် သူခိုးပိုင် ၊ မတရား
ဘိန်းချငွေကအစ ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့
စင်္ကာပူဟာ တရုတ် ကွန်မြူနစ် ကို တပည့်ခံတာ
ကြာပါပြီ။

သူအကြံပေးလို့ ဗမာစစ်အုပ်စုလည်း တရုတ် တပည့်
ဖြစ်သွားခဲ့ရတယ်။

တနေ့ကျရင် အမေရိကန်နေရာကို တရုတ်က ယူလိမ့်
မယ်လို့ စင်္ကာပူ လီကွမ်ယူက ၁၉၉၄ ခုနှစ်မှာ ပြောဖူး
တယ်။

တရုတ်ပြည်ပါဝင်မဲ့ အတိုင်းအတာ ပမာဏဟာ ကြီးလွန်း
တာမို့လူ့သမိုင်းမှာ ဒီလောက်ကြီးမားတဲ့ အခန်းကဏ္ဏမျိုး
တခါမှတွေ့ဖူးကြမှာမဟုတ်ဖူးလို့ လီကွမ်ယူက မြှောက်ပင့်
ဆိုခဲ့ပါသေးတယ်။

ဖိလစ်ပိုင် လူဦးရေ (၁) ရာခိုင်နှုန်းဖြစ်တဲ့ တရုတ်ဟာ
ပြည်တွင်း ကုမ္ပဏီ (၃၅) ရာခိုင်နှုန်း ကို ပိုင်ပါတယ်။
အင်ဒိုနီးရှား လူဦးရေ (၃) ရာခိုင်နှုန်းသာ တရုတ် ဖြစ်
ပေမဲ့ ပုဂ္ဂလိက အရင်းအနှီး (၇၀) ရာခိုင်နှုန်း ကို ပိုင်
ဆိုင်ပါတယ်။

ထိုင်းနိုင်ငံ လူဦးရေ (၁၀) ရာခိုင်နှုန်းဟာ တရုတ်ဖြစ်ပေ
မဲ့ တိုင်းပြည်ရဲ့ စုစုပေါင်း ထုတ်လုပ်မှု (GNP) တန်ဘိုး
(၅၀) ရာခိုင်နှုန်းကို ယိုးဒယားရှိ တရုတ်လူမျိုးက ထုတ်
လုပ်နေပါတယ်။

ထိုင်းစီးပွါးရေး အုပ်စုကြီး (၁၀) ခုမှာ (၉) ခုဟာ တရုတ်
ပိုင်ဖြစ်တယ်။

ထိုင်းခေါင်းဆောင် အချို့နဲ့ထိုင်း-တရုတ်တွေဟာ အိမ်မှာ
တရုတ်လိုပြောတယ်။

ဗမာပြည်က “ဦးပိုင်” နဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေ
ဟာလည်း တရုတ် နဲ့ စစ်ဗိုလ်တွေသာ ဖြစ်တယ်။

ကွန်မြူနစ် တရုတ်ကြီးက အိမ်နီးချင်း နိုင်ငံတွေကို
ကျူးကျော်တိုက်ခိုက်ဖို့မပြောနဲ့ ပြိုင်ဆိုင်ဖို့တောင်
မပြောတော့ပါဘူး။ ပူးပေါင်းဆောင်ရွက်ရေး တရား
ကိုသာ ဟောပါတော့တယ်။

တရုတ်ပြည် လုံခြုံရေး အတွက် အိမ်နီးချင်း တိုင်းပြည်
တွေကို စစ်ရေးအရလည်းကောင်း၊ အခြားနည်းလမ်း
တွေအရလည်းကောင်း လွှမ်းမိုးထားရမယ်လို့ တရုတ်
အစိုးရ အဆက်ဆက်က ယုံကြည်ခဲ့သော်လည်း အခု
တော့ ပူးပေါင်းဆောင်ရွက်ရေးနည်းကို သုံးပြီးလွှမ်းမိုးဖို့
ကြိုးစားရာမှာ ဈေးဦးပေါက်အဖြစ် ဗမာပြည် ကို လုံးဝ
ချုပ်ကိုင်လွှမ်းမိုးနေခဲ့တာ ဆယ်စုနှစ် (၂)ခု ကျော်ခဲ့ပါပြီ။

ဗမာစစ်ဗိုလ်ချုပ်တွေ အပြောင်းအလွဲ ဖြစ်တိုင်း
တရုတ်ကြီးကို သံတော်ဦး အရင် တင်ရတာဟာ
ဗမာတွေရဲ့ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုလို ဖြစ်
နေခဲ့တာ ကြာပါပြီ။

ပူးပေါင်းဆောင်ရွက်ရေးလို့ စကားအလှအောက်မှာ
တမာလိုခါးတဲ့ ဦးတည်ချက်ကတော့ ရှေးကအတိုင်း
အတွင်းစည်းနဲ့ အပြင်စည်းကို ချုပ်ကိုင်နိုင်ဖို့ပါပဲ။

တနည်းဆိုရရင်တော့ တရုတ်အစိုးရရဲ့ပထမ ဦးစားပေး
ဟာ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုသည့်
တိုင်းပြည်ကြီးပွါးချမ်းသာရေးဖြစ်ပြီး တရားသည် မတရား
သည်၊ လူသားဆန်သည် မဆန်သည်က ပဓာန မကျဘဲ
ဩဇာခံ နယ်မြေ တည်ထောင်ရေးဟာ ဒုတိယ ဦးစားပေး
ဖြစ်ပါတယ်။

အရင်တုန်းကတော့ ဗမာပြည်လို အပြင်စည်း (Periphery
State) နိုင်ငံတွေကို ချုပ်ကိုင်နိုင်အောင် ကြိုးစားရာမှာ
ပြည်တွင်း ကွန်မြူနစ်လှုပ်ရှားမှု (ဗကပ) အာဏာရအောင်
တရုတ်က ကူညီခဲ့တယ်။ ၁၉၆၉ ခုနှစ်မှာ တရုတ်တပ်သား
(၅၀၀၀) ကျော် မြန်မာပြည် မြောက်ပိုင်းမှာတပ်စွဲပြီး ဗကပ
ကို ဗြောင်ကူညီတယ်။ အဲဒီနှစ်က ဗမာဘက်မှာ အကျ
အဆုံး များခဲ့တယ်။

အခုတော့ တရုတ်က အရင်လို မိုက်မိုက်ကန်းကန်း
မလုပ်တော့ဘူး။ စစ်မတိုက်ပဲ အောင်ပွဲခံတဲ့ ရှေးဟောင်း
မဟာဗျူ ဟာကို အသုံးပြုနေပြီ ဖြစ်တယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော် (ဘီစီ- ၅၀၀ ) က
ရေးသားခဲ့တဲ့ “စွန်ဇီ” (Sun Zi) ခေါ် “စွန်ဇု” (Sun Tzu)
ရဲ့ စစ်အတတ်ပညာ (Art of War) ဟာ ကမ္ဘာပေါ်မှာ
ရှေးအကျဆုံး စစ်ပညာ စာပေ ဖြစ်သလို စွန်ဇီ ရဲ့ စစ်
ပညာ အတတ် (၁၃) ရပ်ဟာလည်း ရှေးအကျဆုံး စစ်
ပညာ သဘောတရားဖြစ်ပြီး ယနေ့အထိ ကိုးကား
ကျင့်သုံး နေနဆဲ ဖြစ်တယ်။

အကောင်းဆုံး စစ်ဆင်ရေးဟာ စစ်မတိုက်ဘဲ ရန်သူကို
အောင်နိုင်တဲ့ နည်းလို့စွန်ဇီက ဆိုပါတယ်။ မိမိအင်အား
ကိုသိရှိပြီး ရန်သူ့အင်အားကိုလည်း ကောင်းစွာသိရှိထား
မယ်ဆိုရင် စစ်ပွဲတရာ တိုက်လည်း မရှုံးနိုင်ဘူးတဲ့။ ကိုယ့်
အင်အားလည်း ကိုယ်မသိ ရန်သူ့အင်အားလည်း မသိဘူး
ဆိုရင်တော့ စစ်ပွဲတိုင်းမှာ အရှုံးနဲ့ရင်ဆိုင်ရမယ်လို့ဆိုပါ
တယ်။

စွန်ဇီ ရေးတဲ့အကောင်းဆုံးအချက်က မည်သို့ပင်
ရှိစေကာမူ “ပြည်သူ့ထောက်ခံမှု အပြည့်အဝရှိပြီး
တရားမျှတစွာ အုပ်ချုပ်တဲ့ မင်း ကသာ စစ်နိုင်မယ်”
လို့ ရှင်းရှင်းရေးပါတယ်။

(၁၈) ရာစုနှောင်းပိုင်းမှာ စွန်ဇီ ရဲ့ စစ်ပညာအတတ်
(၁၃) ရပ်ကို ဘာသာပြန်ပြီး ပါရီမြို့မှာ ထုတ်ဝေပြီး
အချိန်ကစပြီး စွန်ဇီရဲ့ အယူအဆကို အနောက်တိုင်း
ပညာတတ် အသိုင်းအဝိုင်းက သိလာကြတယ်။

တနေ့တခြား အင်အားကြီးလာတဲ့ တရုတ်ကို
ဘယ်လိုဆက်ဆံမလဲဆိုတာ အာရှနိုင်ငံတွေ
လောလောဆယ် ရင်ဆိုင်နေရတဲ့ ပြသာနာပါ။

ဗမာ စစ်အစိုးရကတော့ တပည့်သားမြေး အဆင့်
ကနေ တရုတ်ကျွန်အဖြစ် လက်ရှိ ဆက်ဆံ နေပါ
တယ်။

တရုတ်နဲ့လက်တွဲလုပ်ကိုင်နေတဲ့ အရှေ့တောင်
အာရှဟာ တရုတ်ပြည်အတွက် ရိက္ခာနဲ့ကုန်ကြမ်း
တင်ပို့ရာ ဒေသ အဆင့်ကို ရောက်ရှိနေသလို
တချိန်တည်းမှာပဲ တရုတ်ပြည်ထွက် အပေါစား
ကုန်ပစ္စည်းတွေနဲ့ အရည် အသွေး မမီ အစား
အသောက်တွေ စမ်းသပ်ဖြန့်ဖြူးရောင်းချရာ
ဒေသတွေလည်း ဖြစ်လို့နေပါပြီ။

ဒုတိယ ကမ္ဘာစစ်အတွင်းက ဖက်ဆစ်ဂျပန် စိတ်ကူး
ယဉ်ခဲ့တဲ့ မဟာအရှေ့အာရှ စီးပွါးရေး အင်ပါယာကြီး
ကို တရုတ်ကွန်မြူနစ်ပါတီက အောင်မြင်စွာ အကောင်
အထည်ဖော်နေတယ်လို့ ထင်မြင်မိကြောင်း သုံးသပ်
ရင်း နိဂုံး ချုပ်ပါရစေ။

သမိုင်းကို စိတ်ခံစားမှုထက် အမှန်မြင်အောင် ကြည့်ရှု
ကြစေချင်ပါလေတော့သတည်း။

Andrew Soe
၁၅ ဧပြီ ၂၀၁၆။

ပုံ(၁-၄) ရှမ်းပြည်နယ် နမ်းခမ်းမြို့မှာ တရုတ်အလံတွေ
စိုက်ပြီး မနှစ်က သိမ်းထားပုံ။

‪#‎ကျန်ပုံမှာ တရုတ်စစ်ဗိုလ်ချုပ်ကြီး ဝူစန်ကွေ့၊ တရုတ်
ဧကရာဇ် ချင်လုံနှင့် “စွန်ဇီ” (Sun Zi) ခေါ် “စွန်ဇု” (Sun
Tzu) ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: