Leave a comment

ကျူးကျော်ပြသနာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဖြေရှင်းမည်

image

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကကျူးကျော် ပြသနာတွေကိုဖြေရှင်းမယ့် အကြောင်း ကြေးမုံ သတင်းစာ နှင့်အင်တာဗျူးမှာ ပြောသွားတာပါ

မေး။ ။ရန်ကုန်မြို့မှာ ယခင်အစိုးရ လက်ထက်ကတည်းက ဖြေရှင်းရခက် ခဲခဲ့တဲ့ အဓိကပြဿနာက  ကျူးကျော် ပြဿနာပေါ့နော်။ အဲဒီပြဿနာကို အခု  ဝန်ကြီးချုပ်တို့ လက်ထက်မှာ ဘယ်လိုကိုင်တွယ် ဖြေရှင်းသွားမယ် ဆိုတာသိပါရစေရှင့်။

ဖြေ။ ။ကျူးကျော်ကိစ္စကိုလည်း ကျွန်တော်တို့    အစိုးရ အဖွဲ့ အနေနဲ့ အဓိကထားပါတယ်။ ဘာကြောင့် လည်း ဆိုတော့  နိုင်ငံသူ နိုင်ငံသား တွေမှာ တကယ်လည်း နေစရာမရှိ ဘူး။ ဆင်းရဲတယ်။ အလုပ်အကိုင် အခွင့် အလမ်း လည်းမရှိဘူးဆိုရင် ကျွန်တော်တို့မှာ တာဝန် ရှိပါတယ်။ ဒီတာဝန်ကိုယူပြီး    ဖြေရှင်းပေးရ ပါမယ်။

ဒါပေမယ့် ရန်ကုန်မှာနေစရာမရှိလို့ ကျူးကျော်နေရတဲ့    အင်အားက ဘယ်လောက်ရှိတယ်ဆိုတဲ့ စာရင်း ကျွန်တော် တို့မှာ တိတိကျကျမရှိဘူး။ ဒီစာရင်းကို    စပြီးလုပ်ပါမယ်။ဘာကြောင့် ဒီစာရင်းကို တိတိကျကျ လုပ်ချင်တာလဲဆိုတော့ ကျူးကျော် ပြီးနေရင် မြေကွက်တစ်ကွက်ရနိုင် မယ်ဆိုတဲ့ ကျူးကျော်နေတဲ့ နေရာ ကို ပိုင်ချင်ပိုင်သွားနိုင်မှာပဲဆိုတဲ့ အတွေး မျိုးနဲ့ တော့ မဖြစ်စေချင်ဘူး။ တကယ် လည်း နေစရာ မရှိဘူး။ တကယ်လည်း အခက်အခဲဖြစ်နေတယ်ဆိုရင် ကိုယ့် နိုင်ငံသားတွေအတွက် အကာအကွယ် တစ်ခုရဖို့ဖြစ် ရမယ်။ အဲဒီအတွက် စာရင်းအင်းတိတိကျကျဖြစ်ဖို့ ပထမ ဦးစားပေးလုပ်မှာဖြစ်ပါတယ်။

စာရင်းကောက်တယ်ဆိုတာ စာရွက်ပေါ်မှာရေးပြီး စာရင်းကောက် မှာမဟုတ်ပါဘူး၊ မျက်နှာတွေ၊လက်ဗွေ တွေ ယူမယ်။ ဒါတွေကို ကွန်ပျူတာ ထဲမှာ စနစ်တကျ သိမ်းဆည်း မှတ် တမ်းတင်ထားမယ်။  ဒါမှသာလျှင် ဘယ်နေ့ ဘယ်ကာလက  ဘယ်သူ တွေက နေရာ အတည် တကျချထား ပေးပြီးသား၊ စာရင်းသွင်းပြီးသား ဆိုတာသိနိုင်မယ်။ နောက် သူတို့ရဲ့ အခြေအနေ ဘယ်လောက်တိုးတက် လာတယ်ဆိုတာ  ရှေ့ဆက် စောင့် ကြည့်သွားမှာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကျူးကျော်နေထိုင်တဲ့   စာရင်းရပြီ ဆိုရင် ဒီစာရင်းဟာ မှန်ကန်တဲ့စာရင်း ဟုတ်၊ မဟုတ်ဆိုတာ ဒီမှာရှိတဲ့ သတင်း တပ်ဖွဲ့တွေက ဒီကျူး ကျော် သူတွေရဲ့ နောက်ကြောင်း   အခြေအနေကို သိအောင်ကြိုးပမ်းပါမယ်။ ရလာတဲ့ အချက်အလက်တွေ ပေါ်မူတည်ပြီး မှန်ကန်တဲ့သူတွေကို နေခွင့်ထိုင်ခွင့် ရနိုင်တဲ့နေရာ ဖန်တီးပေးမှာဖြစ်ပါ တယ်။

အဲလိုဖန်တီးနေထိုင်ခွင့်ပြုထားတဲ့နေရာတွေကို ရောင်းလို့ မရပါဘူး။ နေထိုင်ခွင့်ရမယ့်အပြင် အလုပ်အကိုင် အခွင့် အလမ်းရအောင်လည်း ဖန်တီး ဆောင်ရွက်ပေးမယ်။ ဒီအခြေအနေ ထိရောက်အောင် ဆောင်ရွက်ပေးနိုင် ဖို့  ပြင်ဆင်နေပါပြီ။

Credit to Thura Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: